International Organizations
ဖလာမင်ဂိုအသင်းက ကိုးဦးဖြင့်ကစားခဲ့ရသည့် Sport အသင်းကို အပြတ်အသတ်အနိုင်ယူ
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ဖလာမင်ဂိုအသင်းသည် နိုဝင်ဘာ ၁၅ ရက်က ဘရာဇီး စီးရီးအေပွဲစဥ်တွင် Sport Recife အသင်းကို တစ်ဂိုးပေးရပြီးနောက် ပြန်လည်ချေပကာ ကစားသမားကိုးဦးဖြင့်ကစားရသည့် Sport Recife အား ဒုတိယပိုင်း မိနစ် ၂၀ အတွင်း လေးဂိုးဆက်တိုက်သွင်းယူကာ ၅-၁ ဖြင့် အပြတ်အသတ်အနိုင်ယူခဲ့သည်။Pablo Teixeira က အိမ်ရှင်အသင်းအတွက် အနိမ့်ကန်ချက်ဖြင့် တစ်ဂိုးဦးဆောင်ရယူနိုင်ခဲ့သော်လည်း ပထမပိုင်းပြီးခါနီးတွင် Matheus Alexandre နှင့် Ramon Menezes တို့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ပွဲအရှိန်အဟုန် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။
ဖလာမင်ဂိုအသင်းအတွက် Luiz Araujo က ပထမပိုင်းတွင် ချေပဂိုးပြန်လည်သွင်းယူခဲ့ပြီးနောက် ဒုတိယပိုင်းတွင်မူ Juninho ၊ Bruno Henrique ၊ Ayrton Lucas နှင့် Douglas Telles တို့က တစ်ဂိုးစီ ဆက်လက် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဖလာမင်ဂိုအသင်းသည် ယခုအခါတွင် ဘရာဇီးထိပ်တန်းလိဂ်တွင် ၃၃ ပွဲကစားကာ ၇၁ မှတ်ဖြင့် ပါလ်မီးရက်စ်အသင်းနှင့် သုံးမှတ်အကွာဖြင့် ထိပ်ဆုံးမှဦးဆောင်လျက်ရှိသည်။
Sport အသင်းသည် ၃၃ ပွဲကစားခဲ့ရာတွင် နှစ်ပွဲသာအနိုင်ရခဲ့ပြီး အနိမ့်ဆုံးနေရာတွင် ရောက်ရှိနေကာ လာမည့်နှစ်တွင်မူ စီးရီးဘီသို့ တန်းဆင်းရတော့မည်မှာ သေချာနေပြီဖြစ်သည်။ (Xinhua)
……….
(English Version)
Flamengo routs nine-man Sport
RIO DE JANEIRO, Nov. 15 (Xinhua) — Flamengo struck four goals in 20 second-half minutes, recovering from a goal down to rout nine-man Sport Recife 5-1 in Brazil’s Serie A on Saturday.
Pablo Teixeira gave the hosts the lead with a low strike, but the momentum swung after Matheus Alexandre and Ramon Menezes were dismissed late in the first half.
Luiz Araujo equalized for the visitors on the stroke of halftime before Juninho, Bruno Henrique, Ayrton Lucas and Douglas Telles added second-half goals.
Flamengo is now three points clear of Palmeiras at the top of Brazil’s top-flight standings with 71 points from 33 games.
Sport remains last with two wins from 33 games and is now assured of relegation to Serie B next year.
Photo : Goalkeeper Robert Sanchez (3rd R) of Chelsea makes a save during the Group D match between CR Flamengo of Brazil and Chelsea FC of England at the FIFA Club World Cup 2025 in Philadelphia, the United States, June 20, 2025. (Xinhua/Wu Xiaoling)
