Connect with us

International Organizations

ပရီးမီးယားလိဂ်တွင် ချဲလ်ဆီး အဆင့်-၂ သို့ ရောက်ရှိလာပြီး နယူးကာဆယ်က မန်ချက်စတာစီးတီးကို အနိုင်ရရှိ

လန်ဒန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် မန်ချက်စတာစီးတီးက နယူးကာဆယ် ယူနိုက်တက်ကို အဝေးကွင်း၌ ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သဖြင့် စီးတီး၏ ချန်ပီယံဖြစ်ရေး အခွင့်အလမ်းများအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လာခဲ့ကာ ချဲလ်ဆီးက ပက်ပ်ဂွါဒီယိုလာ၏အသင်းကို ကျော်တက်ကာ အမှတ်ပေးဇယား အဆင့်-၂ ၌ ရပ်တည်လျက်ရှိသည်။မန်စီးတီးအသင်း ပထမပိုင်းတွင် ရရှိခဲ့သည့် ပင်နယ်တီနှစ်လုံးအား VAR က ပယ်ဖျက်ခဲ့ပြီးနောက် ဒုတိယပိုင်းတွင် ၇ မိနစ်အတွင်း သွင်းယူခဲ့သည့် သွင်းဂိုးများက ယခုပွဲစဉ်အား အဆုံးအဖြတ်ပေးခဲ့ခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က လီ‌ဗာပူးလ်အသင်းနှင့် နော်တင်ဟမ်ဖောရက်စ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ နော်တင်ဟမ်ဖောရက်စ်အသင်းက တတိယဂိုးသွင်းယူခဲ့ပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် လီဗာပူးလ်အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက် (ယာ) အား တွေ့ရစဉ် (ဆင်ဟွာ)

ပွဲချိန် ၆၃ မိနစ်တွင် ဟာဗေး ဘန်းစ်က နယူးကာဆယ်အတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့သည်။ ထို့နောက် ငါးမိနစ်အကြာတွင် ရူဘင် ဒီယက်စ်က နယူးကာဆယ်အသင်း ပင်နယ်တီဧရိယာအတွင်းမှ ချေပဂိုးပြန်လည်သွင်းယူခဲ့သော်လည်း ပွဲချိန် မိနစ် ၇၀ တွင် ဘန်းစ်က ယခုပွဲစဉ်၌ ၎င်း၏ဒုတိယဂိုးနှင့် နယူးကာဆယ်အတွက် အနိုင်ဂိုးကို သွင်းယူခဲ့ခြင်းဖြစ်သည်။

ချဲလ်ဆီးအသင်းနှင့် ဘန်လေအသင်း၏ ပွဲစဉ်တွင် ချဲလ်ဆီးက အဝေးကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပွဲချိန် ၃၇ မိနစ်တွင် ပက်ဒရို နက်တိုက ဒိုင်ဗင်ထိုးခေါင်းတိုက်၍လည်းကောင်း၊ ပွဲချိန် ၈၈ မိနစ်တွင် အန်ဇို ဖာနန်ဒက်ဇ်က တန်ပြန်တိုက်စစ်မှတစ်ဆင့်လည်းကောင်း အနိုင်ဂိုးများသွင်းယူခဲ့သည်။

လီဗာပူးလ်အသင်းကမူ ရုန်းကန်နေရသော နော်တင်ဟမ်ဖောရက်စ်အား အိမ်ကွင်း၌ ၃ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး ရလဒ်ဆိုးများကို ရပ်တန့်နိုင်ခဲ့ခြင်းမရှိပေ။ ပွဲချိန် ၃၃ မိနစ်တွင် မူရီလိုက ဧည့်သည်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သလို ဒုတိယပိုင်းပြန်လည်စတင်ပြီး တစ်မိနစ်အကြာတွင် နီကို ဝီလီယမ်စ်၏ ပေးပို့မှုမှတစ်ဆင့် နစ်ကိုလို ဆာဗိုနာက ဒုတိယဂိုးသွင်းယူခဲ့ကာ ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် ၁၂ မိနစ်အလိုတွင် မော်ဂန် ဂစ်ဘ်-ဝှိုက်က နော်တင်ဟမ်အတွက် တတိယဂိုးသွင်းယူခဲ့သဖြင့် လီဗာပူးအသင်း၏ ခပ်ရေးရေးမျှော်လင့်ချက်များကို အဆုံးသတ်စေခဲ့သည်။

ရာသီအစပိုင်းတွင် ရလဒ်ကောင်းများ ရယူနိုင်ခဲ့သည့် ဆန်းဒါးလန်းက ဖူလ်ဟမ်ကို အဝေးကွင်း၌ ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သဖြင့် အထိနာခဲ့ရပြီး အနိုင်ရရှိမည့် အခွင့်အရေးများကို ပိုမိုလွယ်ကူစွာ ဖန်တီးနိုင်ခဲ့သည့် ဖူလ်ဟမ်က ပွဲချိန် ၈၄ မိနစ်တွင် ရာအူးလ် ဂျီမီနက်ဇ်၏ သွင်းဂိုးဖြင့် အနိုင်သုံးမှတ်ရရှိခဲ့သည်။

ဝူလ်ဗာဟမ်တန် ဝမ်းဒါးရားစ်အသင်း၏ နည်းပြသစ်ဖြစ်သူ ရော့ဘ် အက်ဒ်ဝပ်စ်က အိမ်ကွင်းပွဲစဉ်ကို စတင်ကိုင်တွယ်ခဲ့သော်လည်း အမှတ်ပေးဇယားအောက်ဆုံးတွင် ရောက်ရှိနေသော အသင်း၏ကံကြမ္မာမှာ ပြောင်းလဲမှုမရှိခဲ့ဘဲ ခရစ္စတယ်ပဲလေ့စ်အား အိမ်ကွင်း၌ ၀-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး ပဲလေ့စ်အတွက် အနိုင်ဂိုးများကို ဒါနီရယ် မူနော့ဇ်နှင့် ယီရီမီ ပင်နိုတို့က သွင်းယူခဲ့သည်။

ဝက်စ်ဟမ်းအသင်းနှင့် ဘုန်းမောက်အသင်း၏ ပွဲစဉ်တွင် ကယ်လမ် ဝီလ်ဆင်က ပထမပိုင်းတွင် ၎င်း၏အသင်းဟောင်းဘက်သို့ နှစ်ဂိုးသွင်းယူခဲ့သဖြင့် ဝက်စ်ဟမ်းက ၂-၀ ဂိုးရလဒ်ဖြင့် ဦးဆောင်ထားသော်လည်း အိမ်ရှင်အသင်းက ဒုတိယပိုင်းမပြီးဆုံးမီ မိနစ် ၂၀ အတွင်း ပြန်လည်ချေပနိုင်ခဲ့ကာ မားကပ်စ် ထာဗာနီယာက ပင်နယ်တီမှတစ်ဆင့် ချေပဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး ပွဲချိန် ၈၁ မိနစ်တွင် အန်းနက်စ် အူနာလ်က ဒုတိယချေပဂိုး သွင်းယူကာ သရေတစ်မှတ်ရယူပေးခဲ့သည်။

ဘရိုက်တန်အသင်းကလည်း ဘရန့်ဖို့ဒ်ကို တစ်ဂိုးရှုံးနိမ့်နေရာမှ ၂-၁ ဂိုးဖြင့် ပြန်လည်အနိုင်ရရှိခဲ့ကာ အဆိုပါပွဲစဉ်တွင် ဒန်နီ ဝဲလ်ဘတ်က ယခုရာသီ၌ ၇ ဂိုးမြောက်သွင်းဂိုးကို ပွဲချိန် ၇၁ မိနစ်တွင် သွင်းယူခဲ့ပြီး ပွဲချိန် ၈၄ မိနစ်တွင် ဂျက်ခ် ဟင်ရှာဝုဒ်က အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းအနေဖြင့် နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် တော့တင်ဟမ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် မြောက်လန်ဒန်ဒါဘီပွဲစဉ်၌ အနိုင်ရရှိပါက အမှတ်ပေးဇယားထိပ်ဆုံးတွင် အမှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်နိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်ကာ နိုဝင်ဘာ ၂၄ ရက်တွင် မန်ချက်စတာယူနိုက်တက်က အဲဗာတန်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။ (Xinhua)
…………………………………………………
(English Version)
Chelsea moves second, Newcastle upsets Manchester City in Premier League
LONDON, Nov. 22 (Xinhua) — Manchester City’s title chances suffered a major setback after a 2-1 defeat away to Newcastle United on Saturday, as Chelsea overtook Pep Guardiola’s side into second place in the standings.
Manchester City had two penalties overturned by the VAR in the first half, before a frantic seven minutes in the second half decided the game.
Harvey Barnes put Newcastle ahead in the 63rd minute. Although Ruben Dias leveled from inside the Newcastle penalty area five minutes later, Barnes was on hand to win the game for Newcastle with his second goal of the match in the 70th minute.
A diving header from Pedro Neto in the 37th minute and Enzo Fernandez’s side-footed finish to finish off a counter-attack in the 88th minute gave Chelsea a 2-0 win away to Burnley.
Liverpool’s dreadful form continued with a 3-0 home defeat to struggling Nottingham Forest.
Murillo put the visitors ahead in the 33rd minute, and Nicolo Savona’s effort in the first minute of the second half, following Neco Williams’ pass, doubled the lead, before Morgan Gibbs-White ended any slight hopes of a comeback with Nottingham Forest’s third goal 12 minutes from time.
Sunderland’s excellent start to the season suffered a setback with a 1-0 defeat away to Fulham, who took all three points thanks to Raul Jimenez’s 84th-minute winner, after Fulham had created chances to have won more easily.
Wolverhampton Wanderers had new coach Rob Edwards in charge for their home game, but it made no difference to the bottom side’s fortunes as it fell 2-0 to Crystal Palace, who took the points with goals from Daniel Munoz and Yeremy Pino.
Callum Wilson scored two first-half goals against his former club to put West Ham United 2-0 up away to Bournemouth, but the home side fought back in the last 20 minutes, with Marcus Tavernier scoring a penalty before Enes Unal saved a point in the 81st minute.
Danny Welbeck’s seventh league goal of the season after 71 minutes and Jack Hinshelwood’s 84th-minute winner saw Brighton come back from a goal down to beat Brentford 2-1.
Arsenal has the chance to extend its lead at the top of the table on Sunday when it entertains Tottenham Hotspur in the North London Derby, while Manchester United is at home to Everton on Monday.
English Caption 1
Pedro Neto of Chelsea celebrates after scoring during the Group D match between Chelsea of England and Los Angeles FC of the United States at the FIFA Club World Cup 2025 in Atlanta, the United States, June 16, 2025. (Xinhua/Chen Yichen)
English Caption 2
Liverpool’s captain Virgil van Dijk (R) reacts as Nottingham Forest score a third goal during the English Premier League match between Liverpool FC and Nottingham Forest FC in Liverpool, Britain, on Nov. 22, 2025. (Xinhua)