Connect with us

International Organizations

ပရီးမီးယားလိဂ်တွင် ဆန်းဒါးလန်းက အာဆင်နယ်၏ နိုင်ပွဲဆက်မှုကို ရပ်တန့်နိုင်ခဲ့

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က အာဆင်နယ်အသင်းနှင့် မိုနာကိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဘောလုံးပွဲစဉ်၌ ပထမဂိုးသွင်းယူပြီးနောက် အာဆင်နယ်ကစားသမား ဘူကာယို ဆာကာအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

ဆန်းဒါးလန်းနှင့် အာဆင်နယ်အသင်းတို့၏ နိုဝင်ဘာ ၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ဘရိုင်ယန် ဘရော့ဘီ၏ နာကျင်အချိန်ပိုသွင်းဂိုးကြောင့် နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပြီး အာဆင်နယ်၏ ၁၀ ပွဲဆက်တိုက် နိုင်ပွဲဆက်မှုမှာ ရပ်တန့်သွားခဲ့သည်။ပွဲချိန် ၃၆ မိနစ်တွင် ထိရောက်ကောင်းမွန်သည့် ပြစ်ဒဏ်ဘောကန်တင်ပေးမှုမှတစ်ဆင့် ဒန်နီရယ် ဘားလက်ဒ်က ဆန်းဒါးလန်းအတွက် ဦးဆောင်ဂိုးသွင်းယူကာ အာဆင်နယ်၏ ၈၁၂ မိနစ်တိတိ ပေးဂိုးမရှိသေးသော မှတ်တမ်းကို ကျိုးပျက်စေခဲ့သည်။

ပွဲချိန် ၅၄ မိနစ်တွင် ဒက်ကလန်ရိုက်စ်က ကွင်းလယ်တွင် ဘောလုံးပြန်လည်လုယူနိုင်ပြီးနောက် ဘူကာယို ဆာကာက ချေပဂိုးပြန်လည်သွင်းယူခဲ့သလို ပွဲချိန် ၇၄ မိနစ်တွင် လီယန်ဒရို ထရော့ဆက်ဒ်က အတွင်းသို့ချိုးဝင်ကာ အပြင်းကန်ချက်ဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်အတွက် ဦးဆောင်ဂိုးပြန်လည်သွင်းယူခဲ့သည်။

သို့သော် ပွဲချိန် ၉၄ မိနစ်တွင် ခံစစ်မှ အဝေးဘောကန်တင်ပေးမှုကို ဘရော့ဘီက ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်ကာ ဆန်းဒါးလန်းအတွက် အဖိုးတန်သရေတစ်မှတ် ရယူပေးခဲ့သလို အာဆင်နယ်အနေဖြင့် ယခုရာသီ၌ ပွဲစဉ်တစ်ပွဲအတွင်း ပထမဆုံးအကြိမ် ပေးဂိုးနှစ်ဂိုး ခွင့်ပြုခဲ့ရခြင်းလည်းဖြစ်သည်။

နောက်ထပ်ပရီးမီးယားလိဂ်ပွဲစဉ် တစ်ပွဲတွင် ချဲလ်ဆီးက မယ်လို ဂူစတို၊ ဂျာအို ပက်ဒရို၊ ပက်ဒရို နက်တိုတို့၏ ဒုတိယပိုင်းသွင်းဂိုးများနှင့်အတူ ဝူဗာဟမ်တန်ကို အိမ်ကွင်း၌ ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဝူဗာဟမ်တန်မှာ နိုင်ပွဲလုံးဝမရသေးသည့် အမှတ်ပေးဇယားအောက်ဆုံးမှ အသင်းအဖြစ် စတမ်းဖို့ဒ်ဘရစ်ဂျ်၌ လာရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သလို ပြီးခဲ့သည့် သီတင်းပတ်ကုန်က နည်းပြ ဗစ်တာ ပါရဲရား ရာထူးမှထုတ်ပယ်ခံပြီးနောက် ယာယီနည်းပြဖြင့် ယှဉ်ပြိုင်ကစားခဲ့ခြင်းလည်းဖြစ်သည်။

တော့တင်ဟမ်နှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင်မူ နာကျင်အချိန်ပို သွင်းဂိုးနှစ်ဂိုးနှင့်အတူ ဒရာမာဆန်ဆန် အဆုံးသတ်ခဲ့ပြီး ၂ ဂိုးစီ သရေကျခဲ့ကာ ရမှတ်တစ်မှတ်စီ ခွဲယူနိုင်ခဲ့သည်။
ပထမပိုင်းမှာ ပျင်းရိစရာကောင်းခဲ့ပြီး ပွဲချိန် ၃၂ မိနစ်တွင် ဘရိုင်ယန် အမ်ဘူမိုက ခေါင်းတိုက်ကာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး တော့တင်ဟမ်အတွက် ချေပဂိုးကိုမူ ပုံမှန်ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံးရန် ၆ မိနစ်အလိုတွင် မက်သီစ် တဲလ်က သွင်းယူခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့်ရာသီက ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ဗိုလ်လုပွဲကဲ့သို့ပင် နာကျင်အချိန်ပို ၉၁ မိနစ်တွင် ရစ်ချာလီဆန်က တော့တင်ဟမ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ပွဲပြီးရန် စက္ကန့်ပိုင်းအလိုတွင် နောက်ခံလူ မက်တိုင်စ် ဒီလစ်က ထောင့်ကန်ဘောမှတစ်ဆင့် ချေပဂိုးသွင်းယူကာ ယူနိုက်တက်အတွက် သရေတစ်မှတ် ရယူပေးခဲ့သည်။

အဲဗာတန်အသင်းကလည်း အီဒရစ်ဆာ ဂူယီနှင့် မိုက်ကယ်ကိန်းတို့၏ သွင်းဂိုးများဖြင့် ဖူဟမ်လ်ကို အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ယူကာ အဖိုးတန်အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သည်။ အဲဗာတန်အနေဖြင့် ဖူဟမ်လ်ဂိုးပေါက်ထဲသို့ ငါးကြိမ်တိတိ သွင်းယူနိုင်ခဲ့သော်လည်း သွင်းဂိုးသုံးဂိုးမှာ အကြောင်းအမျိုးမျိုးကြောင့် ပယ်ဖျက်ခံခဲ့ရသည်။

ဝက်စ်ဟမ်းကလည်း ဘန်လေကို အိမ်ကွင်း၌ ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး နည်းပြ နူနို အက်စပီရီတို ဆန်တို လက်အောက်တွင် နှစ်ပွဲဆက်အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ကာ ကယ်လမ် ဝီလ်ဆင်က ပွဲချိန် ၃၅ မိနစ်တွင် ဘန်လေအသင်းမှ ဇီယန် ဖလမ်းမင်း၏ ဦးဆောင်ဂိုးကို ပြန်လည်ချေပခဲ့သည်။

ထို့နောက် ပွဲချိန် ၇၇ မိနစ်နှင့် ၈၇ မိနစ်တို့တွင် တိုမတ်စ် ဆူဆက်ခ်နှင့် ကိုင်လ် ဝေါ်လ်ကာတို့၏ သွင်းဂိုးများဖြင့် ဝက်စ်ဟမ်းက နှစ်ဂိုးအသာဖြင့် ဦးဆောင်‌နိုင်ခဲ့ကာ ပွဲချိန် ၉၇ မိနစ်တွင် ဂျို့ရှ်ကူလန်က ဘန်လေအတွက် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သော်လည်း သရေရလဒ်အတွက်မူ အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။ (Xinhua)
#Sports #PremierLeague #Arsenal #Sunderland #အားကစား #ပရီးမီးယားလိဂ် #အာဆင်နယ် #ဆန်းဒါးလန်း
…………………………………………………………………….
(English Version)
Sunderland ends Arsenal’s winning run in Premier League
LONDON, Nov. 9 (Xinhua) — Brian Brobbey scored a goal deep into injury time as Sunderland held Arsenal to a 2-2 draw in the Premier League on Saturday, ending the latter’s 10-match winning run.
Daniel Ballard fired Sunderland ahead with a rising shot in the 36th minute after a well-worked free kick to end Arsenal’s 812-minute run without conceding a goal.
Bukayo Saka made it 1-1 in the 54th minute after Declan Rice won the ball in midfield, and Leandro Trossard put the league leader in front in the 74th minute when he cut inside to score with a powerful shot.
Sunderland saved a point in the 94th minute when Brobbey got on the end of a knock-down after a long ball from defense, and it is the first time Arsenal has conceded twice in a game this season.
Second-half goals from Malo Gusto, Joao Pedro and Pedro Neto helped Chelsea to a 3-0 win at home to Wolverhampton Wanderers, who traveled to Stamford Bridge bottom of the table without a win all season and without a coach after Vitor Pereira was sacked last weekend.
Tottenham and Manchester United took a point each after a 2-2 draw, which had a dramatic finish with two goals in injury time.
A dull first half was lit up when Bryan Mbeumo headed Manchester United in front after 32 minutes, and Tottenham equalized with six minutes remaining through Mathys Tel.
Richarlison put Tottenham in front in a repeat of last season’s UEFA Europa League final in the first minute of injury time, but Matthijs de Ligt saved a point for the visitors when he finished from a deep corner in the dying seconds.
Goals from Idrissa Gueye and Michael Keane gave Everton three vital points with a 2-0 home win over Fulham. Everton had the ball in the Fulham goal five times, but three were ruled out for different reasons.
West Ham won 3-2 at home to Burnley to claim back-to-back wins under coach Nuno Espirito Santo, with Callum Wilson canceling out Zian Flemming’s 35th-minute opener for Burnley.
Tomas Soucek and Kyle Walker-Peters scored after 77 and 87 minutes to give West Ham a two-goal lead, and Josh Cullen’s 97th-minute strike for Burnley was too late for his side to press for an equalizer.
English Caption 1
Bukayo Saka of Arsenal reacts after scoring his first goal during the UEFA Champions League football match between Arsenal and Monaco in London, Britain, on Dec. 11, 2024. (Xinhua/Li Ying)
English Caption 2
Chelsea’s Moises Caicedo (rear) celebrates after scoring the opening goal during the English Premier League match between Chelsea FC and Liverpool FC in London, Britain, on Oct. 4, 2025. (Xinhua)
English Caption 3
Tottenham Hotspur’s Micky van de Ven celebrates after scoring the first goal during the English Premier League match between Everton FC and Tottenham Hotspur FC in Liverpool, Britain, on Oct. 26, 2025. (Xinhua)