Connect with us

International Organizations

အယ်လ်ဖွန်ဆို ဒေးဗီးစ် ပြန်ကစားနိုင်ပြီဖြစ်သလို မူစီယာလာနှင့် အီတိုတို့လည်း ပြန်ကစားနိုင်တော့မည်ဖြစ်၍ ဘိုင်ယန်မြူးနစ်အတွက် အားတက်စရာဖြစ်လာ

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က ဘိုင်ယန်မြူးနစ်နှင့် စပို့တင်းလစ္စဘွန်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်းမှ အယ်လ်ဖွန်ဆို ဒေးဗီးစ် ဘောလုံးထိန်းရန် ကြိုးပမ်းနေစဉ် (ဆင်ဟွာ)

ဘာလင်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဒဏ်ရာကြောင့် ၉ လကြာ အနားယူနေခဲ့ရသော အယ်လ်ဖွန်ဆို ဒေးဗီးစ် အသင်းတွင်ပြန်လည်ပါဝင်လာနိုင်ခြင်းက ဂျာမန်လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အတွက် ယုံကြည်မှုပိုအားကောင်းလာသည့် စိတ်ခံစားချက်များကို ဖြစ်ပေါ်စေခဲ့သည်။အဆိုပါ ကနေဒါလက်ရွေးစင်ကစားသမားမှာ စပို့တင်းလစ္စဘွန်းအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ ဘိုင်ယန်အတွက် ပြန်လည်ကစားနိုင်ခဲ့ရာ ပရိသတ်များ၏ တစ်ခဲနက် လက်ခုပ်ဩဘာပေးမှုကို ရရှိခဲ့သလို ကလပ်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်များတွင်လည်း သိသိသာသာ စိတ်အားတက်ကြွမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ဂျာမနီနိုင်ငံ မွန်ချန်ဂလာဘက်ချ်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်က မွန်ချန်ဂလာဘက်ချ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမနီပထမတန်း ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်၌ ဘိုင်ယန်မြူးနစ်နည်းပြချုပ် ဗင်းဆင့် ကွန်ပနီ (ရှေ့) ၏ တုံ့ပြန်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)

“မနှစ်တုန်းက ဟယ်ရီကိန်းနဲ့ အဲရစ်ဒိုင်ယာတို့ ပထမဆုံးအကြိမ် ဆုဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ အဖြစ်အပျက်လည်း ရှိခဲ့တယ်လေ။ ဒီနှစ်တော့ ဖွန်ဇီ (အယ်လ်ဖွန်ဆို ဒေးဗီးစ်) ၊ အီတိုနဲ့ ဂျမားလ်တို့ရဲ့ ပြင်းပြင်းထန်ထန် ကြိုးပမ်းအားထုတ်မှုက နောက်ထပ်စိတ်ဓာတ်ကြံ့ခိုင်မှုတစ်မျိုးကို ပြသနေပါတယ်” ဟု နည်းပြ ဗင်းဆင့် ကွန်ပနီက ဆိုသည်။

အဆိုပါ ဘိုင်ယန်နည်းပြက ဒဏ်ရာရကစားသမားများ ပြန်ကစားနိုင်ခြင်းကို ကစားသမားသစ်များ ရောက်ရှိလာခြင်းဟု ညွှန်းဆိုခဲ့ကာ ဂျာမန်ပြည်တွင်းဆုဖလားနှစ်လုံး ဆွတ်ခူးနိုင်ရေးအတွက်သာမက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နောက်ထပ်အဆင့်တက်နိုင်ရေးအတွက်လည်း အခွင့်အလမ်း ပိုမိုများပြားစေကာ စိတ်ဓာတ်ခွန်အားကိုလည်း မြှင့်တင်ပေးနိုင်သည်ဟု ဆိုသည်။
ဒေးဗီးစ်၊ အီတိုနှင့် မူစီယာလာတို့က ၎င်းတို့အတွက် အသစ်တောက်လောင်လာသော မီးတောက်များဖြစ်သည်ဟု မန်ချက်စတာစီးတီးနောက်ခံလူဟောင်းနှင့် ဘန်လေနည်းပြဟောင်းဖြစ်သူ ကွန်ပနီက ပြောသည်။

အဆိုပါကစားသမားသုံးဦးမှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်ကာ ပြန်လည်ကစားနိုင်တော့မည်ဖြစ်သဖြင့် အလွန်ပျော်ရွှင်နေပြီး စိတ်လက်ပေါ့ပါးနေခြင်းက တစ်သင်းလုံးကို အကျိုးသက်ရောက်မှုရှိစေသည်ဟု အသက် ၃၉ နှစ်အရွယ် နည်းပြက ဆိုသည်။ “သူတို့ခံစားရတဲ့အရာကို တစ်သင်းလုံးက ခံစားမိမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဒေးဗီးစ်မှာ ယခုနှစ်မတ်လတွင် ဒူးဒဏ်ရာရရှိခဲ့ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သုံးမိနစ်ကြာ ပွဲကစားခွင့်ရခဲ့သလို ဂျပန်နောက်ခံလူ အီတိုနှင့် ဂျာမန်ကြယ်ပွင့် မူစီယာလာတို့မှာလည်း ၂၀၂၆ ခုနှစ်တွင် ပြန်ကစားနိုင်ဖွယ်ရှိရာ ချန်ပီယံလိဂ် အရေးကြီးပွဲစဉ်များအမီ အသင်းနှင့်ပူးပေါင်းနိုင်ဖွယ်ရှိသည်။

အသင်း၏ အားကစားဆိုင်ရာ ဘုတ်အဖွဲ့ဝင် မက်စ် အီဘားလ်က ဒဏ်ရာပျောက်ကင်းရန် ရှစ်လမှ ကိုးလကြာ အချိန်ယူရခြင်းမှာ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုဖြစ်သည်ဟု သုံးသပ်ပြောဆိုခဲ့သလို ကွင်းလယ်လူ ဂျော်ရှူအာ ကင်းမစ်ချ်ကလည်း ဒေးဗီးစ်မှာ စိတ်ဓာတ်ခိုင်မာပြီး လှုံ့ဆော်မှုပေးနိုင်သူဖြစ်သည်ဟု ချီးကျူးခဲ့သည်။

“သူ ဒီအခြေအနေတစ်ခုလုံးကို ကျော်ဖြတ်ခဲ့ပုံက စံနမူနာယူစရာပါပဲ။ သူဟာ အမြဲတမ်း အသင်းနဲ့နီးနီးကပ်ကပ် နေတတ်သလို အဝတ်လဲခန်းမှာ ရှိနေတတ်တယ်” ဟု ကင်းမစ်ချ်က ပြောကြားခဲ့ပြီး အသက် ၂၅ နှစ်အရွယ် ကနေဒါနိုင်ငံသားက တစ်သင်းလုံးကို စိတ်ဓာတ်တက်ကြွစေသည်ဟု ချီးကျူးခဲ့သည်။

ဘိုင်ယန်အသင်း ထိပ်တန်းတာဝန်ရှိသူများက ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ပါဝင်လှုပ်ရှားမည်မဟုတ်ဟု ပြောဆိုထားကာ ဒေးဗီးစ်၊ အီတိုနှင့် မူစီယာလာတို့အား အင်အားသစ်ဖြည့်တင်းမှုအဖြစ် ရှုမြင်လျက်ရှိပြီး အသင်းလူစာရင်းကို ကျစ်လျစ်စွာ အရည်အသွေးဖြည့်တင်းမှုအဖြစ် ရှုမြင်လျက်ရှိသည်။

ဘိုင်ယန်အသင်းမှာ ချန်ပီယံလိဂ်တွင် ရမှတ် ၁၅ မှတ်ကို သက်သောင့်သက်သာ ရယူထားပြီးဖြစ်သော်လည်း Saint-Gilloise ၊ ပီအက်စ်ဗီအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် လက်ကျန်ပွဲစဉ်များတွင် နည်းပြကွန်ပနီအတွက် ရွေးချယ်စရာ ပိုမိုများပြားလာမည်ဖြစ်သည်။ (Xinhua)
……………………………………
(English Version)
“New arrival” Davies’ return sparks enthusiasm for Bayern with Musiala and Ito to follow
BERLIN, Dec. 11 (Xinhua) — The return of Alphonso Davies after a nine-month-long injury break has triggered a spirit of optimism around the reigning German champion Bayern Munich.
While the Canadian international received enthusiastic cheers from the crowd when returning to competition against Sporting in the UEFA Champions League (3-1), the club’s training sessions are shaped by a noticeable rise in mood.
“Last year, we had the story of Harry Kane and Eric Dier, taking a title for the first time. This year, it is the intense effort of Phonzy, Ito, and Jamal delivering additional determination,” coach Vincent Kompany said.
The Bayern coach spoke about the returnees as new arrivals, boosting morale and increasing the chances to not only win the German double but also advance in the Champions League.
Davies, Ito, and Musiala are the new fire burning “in us,” the former Citizen defender and Burnley coach said.
The enormous joy and relief the trio feels being back on the pitch in training and games are affecting the entire squad, the 39-year-old added. “What they feel, the entire team must feel.”
While Davies played his first three minutes after knee injury in March, Japanese defender Ito and German star Musiala are expected to return in 2026, just in time for the Champions League’s key moments.
Board member Sport, Max Eberl, discussed an eight-to-nine-month recovery as a mental challenge, while midfielder Joshua Kimmich praised Davies’s mindset as substantial and motivating.
“How he went through all of this is a role model. He was always near the team and in the locker room,” the German international said while praising the 25-year-old Canadian’s spirit as inspiring for the entire team.
While Bayern’s leaders ruled out winter transfer moves for the Bavarians, Davies, Ito, and Musiala are seen as new additions, boosting the small squad’s quality.
Options for coach Kompany expand, as Bayern faces Saint-Gilloise and PSV in the remaining league matches despite already having gained a comfortable 15 points.
English Caption 1
Alphonso Davies of Bayern Munich controls the ball during the UEFA Champions League football match between Bayern Munich and Sporting CP in Munich, Germany, Dec. 9, 2025. (Photo by Philippe Ruiz/Xinhua)
English Caption 2
Vincent Kompany (front), head coach of Bayern Munich, reacts during the first division of Bundesliga football match between Borussia Moenchengladbach and Bayern Munich in Moenchengladbach, Germany, Oct. 25, 2025. (Photo by Ulrich Hufnagel/Xinhua)