Connect with us

International Organizations

သီယာဂို ဆေးလ်ဗား ဖလူမင်နိစ်အသင်းမှ ထွက်ခွာတော့မည်

အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ရှားလော့မြို့ရှိ Bank of America အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်က အီတလီကလပ် အင်တာမီလန်နှင့် ဘရာဇီးကလပ် ဖလူမင်နိစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ်၌ အသင်းဖော် ဟာကယူလီစ် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် သီယာဂို ဆေးလ်ဗားအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ချဲလ်ဆီးနှင့် ပီအက်စ်ဂျီ နောက်ခံလူဟောင်း သီယာဂို ဆေးလ်ဗားအနေဖြင့် ဖလူမင်နိစ်အသင်းမှ ထွက်ခွာကာ ဥရောပတွင် ဘောလုံးဆက်ကစားနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဘရာဇီးမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အသက် ၄၁ နှစ်အရွယ် ဘရာဇီးအသင်းခေါင်းဆောင်ဟောင်းမှာ ဖလူမင်နိစ်အသင်းနှင့် ၂၀၂၆ ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်သော်လည်း ၎င်း၏မိသားစုနှင့် နီးနီးကပ်ကပ်ရှိစေရန်အတွက် လန်ဒန်သို့ပြန်လာရန် စီစဉ်ထားကြောင်း ရီယိုဒီဂျနေးရိုးအခြေစိုက် အသင်းအား အသိပေးထားသည်ဟု အိုဂလိုဘို (O Globo) သတင်းစာက ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ရှားလော့မြို့ရှိ Bank of America အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်က အီတလီကလပ် အင်တာမီလန်နှင့် ဘရာဇီးကလပ် ဖလူမင်နိစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ်မတိုင်မီ ဖလူမင်နိစ် အသင်းမှ ပွဲထွက်ကစားသမားများ အမှတ်တရဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

ဖလူမင်နိစ်အသင်းက အဆိုပါဗဟိုနောက်ခံလူအား ဆုံးဖြတ်ချက်ပြောင်းလဲသွားအောင် ဖျောင်းဖျရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းအနေဖြင့် ဆုံးဖြတ်ချက်ပြောင်းလဲမည်မဟုတ်ဟု ယင်းသတင်းစာက ဆိုသည်။
ဆေးလ်ဗားမှာ ချဲလ်ဆီးအသင်း၌ လေးနှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် ယမန်နှစ် ဇူလိုင်လက ၎င်း၏ငယ်ဘဝ ကလပ်အသင်းဖြစ်သည့် ဖလူမင်နိစ်အသင်းထံ ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဖလူမင်နိစ်အတွက် ပြိုင်ပွဲစုံ၌ ၄၆ ပွဲ ပါဝင်ကစားခဲ့ကာ ပြိုင်ပွဲဝင်အသင်းအရေအတွက် တိုးချဲ့ထားသည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဖလူမင်နိစ်အား ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်စေရန် ကူညီစွမ်းဆောင်ပေးခဲ့သည်။ (Xinhua)
#Sports #ThiagoSilva #Fluminense #အားကစား #သီယာဂိုဆေးလ်ဗား #ဖလူမင်နိစ်
…………………………………………………………………..
(English Version)
Thiago Silva set to leave Fluminense
RIO DE JANEIRO, Dec. 15 (Xinhua) — Former Chelsea and Paris Saint-Germain defender Thiago Silva is set to leave Fluminense as he seeks to continue his career in Europe, according to Brazilian media reports.
The 41-year-old former Brazil captain is contracted to Fluminense until June 2026 but has told the Rio de Janeiro club he plans to return to London to be close to his family, newspaper O Globo reported.
It said that Fluminense had attempted to change the center-back’s mind but added the decision was “irreversible”.
Silva returned to his boyhood club in July last year after ending his four-year spell with Chelsea.
He made 46 appearances across all competitions for Fluminense in 2025 and helped it reach the semifinals of the expanded FIFA Club World Cup.
English Caption 1
Thiago Silva of Fluminense FC celebrates for the goal of teammate Hercules during the round of 16 match between Italy’s FC Inter Milan and Brazil’s Fluminense FC at the FIFA Club World Cup 2025 at the Bank of America Stadium, Charlotte, North Carolina, the United States, June 30, 2025. (Xinhua/Li Ming)
English Caption 2
Starting players of Fluminense FC pose for photos prior to the round of 16 match between Italy’s FC Inter Milan and Brazil’s Fluminense FC at the FIFA Club World Cup 2025 at the Bank of America Stadium, Charlotte, North Carolina, the United States, June 30, 2025. (Xinhua/Huang Zongzhi)