Connect with us

International Organizations

BBC Sports Personality of the Year တစ်သက်တာအောင်မြင်မှုဆုကို အွန်နရီ လက်ခံရရှိမည်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့အနီး၊ စိန့်-ဒန်းနစ်စ်အရပ်ရှိ Paris 2024 ရုံးချုပ်၌ ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်ဘောလုံးပြိုင်ပွဲ မဲခွဲပွဲအခမ်းအနား၌ အိုလံပစ်ပြိုင်ပွဲဝင် ပြင်သစ်အမျိုးသားဘောလုံးအသင်းနည်းပြ သီယာရီ အွန်နရီ (ဝဲ) အမှာစကားပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အာဆင်နယ်အသင်းနှင့် ပြင်သစ်လက်ရွေးစင်အသင်း တိုက်စစ်မှူးဟောင်းဖြစ်သူ သီယာရီ အွန်နရီမှာ ၂၀၂၅ ခုနှစ် BBC Sports Personality of the Year ဆုပေးပွဲအခမ်းအနား၌ တစ်သက်တာအောင်မြင်မှုဆုကို လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။ပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရသည့် အသက် ၄၈ နှစ်အရွယ် အွန်နရီအား ဒီဇင်ဘာ ၁၈ ရက်တွင် ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်ပြသမည့် အဆိုပါအခမ်းအနား၌ ဂုဏ်ပြုပေးအပ်သွားမည်ဖြစ်သည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့အနီး၊ စိန့်-ဒန်းနစ်စ်အရပ်ရှိ Paris 2024 ရုံးချုပ်၌ ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်ဘောလုံးပြိုင်ပွဲ မဲခွဲပွဲအခမ်းအနား၌ အိုလံပစ်ပြိုင်ပွဲဝင် ပြင်သစ်အမျိုးသားဘောလုံးအသင်းနည်းပြ သီယာရီ အွန်နရီ (ဝဲ) အမှာစကားပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၄ ခုနှစ်တွင် ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှ အနားယူခဲ့သည့် အွန်နရီက ထိုကဲ့သို့ အသိအမှတ်ပြုခံရသည့်အပေါ် လေးလေးနက်နက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။”ဘောလုံးက ကျွန်တော့်အတွက် အရာအားလုံးကို ဖန်တီးပေးခဲ့သလို ကျွန်တော့်ဘက်ကလည်း အစွမ်းကုန်ပေးဆပ်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။ “ဒီတစ်သက်တာအောင်မြင်မှုဆုနဲ့အတူ သမိုင်းရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ အသိအမှတ်ပြုခံရဖို့နဲ့ ပရိသတ်တွေနဲ့ ကျွန်တော့်အသင်းဖော်တွေအတွက် ဂုဏ်စရာတစ်ခုကို ဖန်တီးနိုင်ဖို့ဆိုတာက ကျွန်တော် ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘောထားမှာမဟုတ်တဲ့ အရာတစ်ခုပါပဲ” ဟု ၎င်းက ပြောသည်။

အွန်နရီမှာ အာဆင်နယ်အတွက် သက်တမ်းနှစ်ကြိမ်ကစားခဲ့ရာတွင် ၃၇၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၂၈ ဂိုး သွင်းယူနိုင်ခဲ့သဖြင့် ၂၀၀၅ ခုနှစ်တွင် အာဆင်နယ် ဂန္ထဝင်ကစားသမား အီယန်ရိုက်ကိုကျော်ဖြတ်ကာ အသင်း၏ ထာဝရသွင်းဂိုးအများဆုံး ကစားသမားဖြစ်လာခဲ့သည်။ ၎င်းအနေဖြင့် အာဆင်နယ် (ဂန်းနားစ်) အသင်းနှင့်အတူ ပရီးမီးယားလိဂ်ဆုဖလားနှစ်ကြိမ်၊ အက်ဖ်အေဖလားသုံးကြိမ် ဆွတ်ခူးနိုင်ခဲ့သလို ၂၀၀၃-၂၀၀၄ ဘောလုံးရာသီ၌ ရှုံးပွဲလုံးဝမရှိသည့် စံချိန်ကို ရယူနိုင်ခဲ့ကာ “ပြိုင်ဘက်ကင်း” သော ဂုဏ်ပုဒ်ကို ရရှိခဲ့ခြင်းမှာ အထူးခြားဆုံးဖြစ်ခဲ့သည်။

တစ်ဦးချင်းဆုများအနေဖြင့်လည်း အွန်နရီမှာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို လေးကြိမ်ဆွတ်ခူးနိုင်ခဲ့ကာ အကြိမ်ရေအများဆုံး ရရှိသူအဖြစ် ပူးတွဲမှတ်တမ်းဝင်ခဲ့သလို PFA တစ်နှစ်တာအကောင်းဆုံးအသင်းတွင်လည်း ခြောက်ရာသီဆက်တိုက် ရွေးချယ်ခံခဲ့ရသည်။ ထို့အတူ ၎င်းအနေဖြင့် ပရီးမီးယားလိဂ်တွင် ဂိုးဖန်တီးမှု အကြိမ် ၂၀ ဖြင့် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ကယ်ဗင် ဒီဘရိုင်းနားနှင့်အတူ ပူးတွဲရပ်တည်လျက်ရှိသည်။ (Xinhua)
……………………………………………..
(English Version)
Henry to receive Sports Personality Lifetime Achievement award
LONDON, Dec. 17 (Xinhua) — Former Arsenal and France striker Thierry Henry will receive the Lifetime Achievement Award at the 2025 BBC Sports Personality of the Year ceremony.
The 48-year-old, widely regarded as one of the Premier League’s greatest players, will be honored during the live show on Thursday.
Henry, who retired from professional football in 2014, said he was deeply proud of the recognition.
“Football has given me everything and I gave it my all,” he said. “To be recognised as part of its history with this Lifetime Achievement award, and to have made my mark for the fans and my teammates, is something I’ll never take for granted.”
Across two spells with Arsenal, Henry scored 228 goals in 377 appearances, surpassing Ian Wright to become the club’s all-time leading scorer in 2005. His honors with the Gunners include two Premier League titles and three FA Cups, most notably the 2003-04 season when Arsenal went unbeaten to earn the “Invincible” status.
Individually, Henry won the Premier League Golden Boot four times, a joint record, and was named in the PFA Team of the Year for six consecutive seasons. He also shares the Premier League record for most assists in a single campaign, with 20, alongside Kevin De Bruyne.
English Caption 1
French football Olympics 2024 coach Thierry Henry holds the Olympic torch during the Olympic Games Paris 2024 Torch Relay in Paris, France, July 14, 2024. (Xinhua/Gao Jing)
English Caption 2
France’s men football Olympic team coach Thierry Henry (L) speaks during the draw ceremony for the Paris 2024 Olympic football tournaments at the Paris 2024 headquarters in Saint-Denis, near Paris, France, March 20, 2024. (Xinhua/Gao Jing)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.