International Organizations
ဆာလာအနေဖြင့် လူသိရှင်ကြား ပေါက်ကွဲခဲ့ပြီးနောက် လီဗာပူးလ် အသင်းဖော်များကို ပြန်လည်တောင်းပန်ခဲ့ဟု ကာတစ်ဂျုံးစ် ဆို
လန်ဒန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)
လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား မိုဟာမက် ဆာလာက မကြာသေးမီက လူသိရှင်ကြားပြောဆိုခဲ့သည့် မှတ်ချက်စကားများအတွက် အသင်းဖော်များကို ပြန်လည်တောင်းပန်ခဲ့သည်ဟု လီဗာပူးလ် ကွင်းလယ်ကစားသမား ကာတစ်ဂျုံးစ်က ထုတ်ဖော်ပြောဆိုခဲ့သည်။အသင်းဘက်က ၎င်းအား ပစ်ပယ်ခဲ့သည်ဟု ခံစားမိကြောင်း၊ အသင်းနည်းပြချုပ် အာနယ် ဆလော့နှင့် ၎င်း၏ ဆက်ဆံရေးမှာ ပြိုကွဲသွားပြီဖြစ်ကြောင်း အင်တာဗျူးတစ်ခု၌ ဆာလာက လူသိရှင်ကြား ဝေဖန်ခဲ့သည့်အတွက် အငြင်းပွားစရာများ ဖြစ်ပေါ်ခဲ့သည်။

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က လီဗာပူးလ်အသင်းနှင့် ဘရိုက်တန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ် ပရီးမီးယားလိဂ်ပွဲစဉ်၌ လီဗာပူးလ်အသင်းနည်းပြချုပ် အာနယ် ဆလော့၏ တုံ့ပြန်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)
အဆိုပါ အီဂျစ်လက်ရွေးစင်ကစားသမားအနေဖြင့် လီဗာပူးလ်အသင်း၌ ခြေစွမ်းပြနိုင်ရန် တောက်လျှောက်ရုန်းကန်နေရပြီး ဒီဇင်ဘာ ၆ ရက်က လိဒ်စ်ယူနိုက်တက်နှင့် ၃ ဂိုးစီ သရေကျခဲ့သည့် အဝေးကွင်းပွဲစဉ်၌ တစ်ပွဲလုံး အရန်ခုံ၌သာနေခဲ့ရပြီးနောက် ယင်းကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ တော့တင်ဟမ် ဟော့စပါး အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က တော့တင်ဟမ် ဟော့စပါးအသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် လီဗာပူးလ်အသင်းမှ ကာတစ်ဂျုံးစ် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
ထို့ပြင် အင်တာမီလန်ကို အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌လည်း ပထမအသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရကာ ဘရိုက်တန်ကို အနိုင်ရရှိခဲ့သည့် အိမ်ကွင်းပွဲစဉ်၌ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။
ဆာလာမှာ အင်တာဗျူးနှင့်ပတ်သက်၍ အသင်းဖော်များကို ပြန်လည်ဖြေရှင်းခဲ့ပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက်က တော့တင်ဟမ်နှင့် ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်မတိုင်မီ အသင်းဖော် ဂျုံးစ်က ပြောကြားခဲ့သည်။
“မိုက လွတ်လပ်စွာပြောဆိုခွင့်ရှိတဲ့သူမို့ သူ့ခံစားချက်တွေကို ပြောခွင့်ရှိပါတယ်။ သူ့အနေနဲ့ ဘယ်သူ့ကိုမဆို ထိခိုက်အောင်လုပ်မိခဲ့တယ်ဆိုရင် ဒါမှမဟုတ် တစ်နည်းတစ်ဖုံနဲ့ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိခဲ့တယ်ဆိုရင် တောင်းပန်ပါတယ်လို့ သူ ကျွန်တော်တို့ကို ပြောခဲ့တယ်။ အဲဒါက သူ့ရဲ့ပင်ကိုစရိုက်ပါပဲ” ဟု ၎င်းက ဆိုသည်။

“ပြီးတော့ သူက အကောင်းမြင်တတ်တဲ့သူပါ။ အဲဒါက မိုရဲ့စရိုက်လက္ခဏာစစ်စစ်ပဲဗျ။ သူ ဝမ်းသာအားရ ပြုံးပြခဲ့သလို အားလုံးကလည်း သူနဲ့ထပ်တူပါပဲ။ အဲဒါက အောင်နိုင်သူဖြစ်ချင်တဲ့ စိတ်ခံစားချက် တစ်ပိုင်းတစ်စသာဖြစ်ပြီး သူက နောက်ဆုံးဖြစ်လာမယ်လို့ မထင်ပါဘူး” ဟု ဂျုံးစ်က ဆက်လက်ပြောသည်။
အသင်းဖော်များကြားတွင် အချိန်ကြာမြင့်စွာ ပြဿနာဖြစ်ပွားမှုမျိုး မရှိခဲ့ကြောင်း၊ ထိုဖြစ်စဉ်မှာ အဝတ်လဲခန်းထဲတွင် အချိန်ကြာမြင့်စွာရှိနေတတ်သည့် ပြဿနာမျိုးမဟုတ်ဘဲ ဆာလာ၏ အနိုင်ရလိုစိတ် ပြင်းထန်သော ဗီဇကို ထင်ဟပ်စေကြောင်း ဂျုံးစ်က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
………………………………………………
(English Version)
Jones: Salah apologises to Liverpool team-mates after public outburst
LONDON, Dec. 20 (Xinhua) — Liverpool forward Mohamed Salah has apologised to his team-mates following his recent public comments, according to Reds midfielder Curtis Jones.
Salah sparked controversy in an explosive interview in which he said he felt he had been “thrown under the bus” by the club and claimed his relationship with head coach Arne Slot had broken down.
The Egyptian international made the remarks after a difficult run of form for Liverpool and after being left as an unused substitute in the 3-3 draw away at Leeds United on December 6.
He was subsequently omitted from the starting line-up for Liverpool’s Champions League victory at Inter Milan before returning as a substitute in a home win over Brighton.
Speaking ahead of Liverpool’s Premier League match against Tottenham on Saturday, Jones said Salah had addressed the squad following the interview.
“Mo is his own man and he can say his own stuff,” Jones said. “He apologised to us, ‘if I’ve affected anybody or made you feel any sort of way, I apologise’. That’s the man that he is.
“He was positive as well. He was the exact same Mo. He had a big smile on his face and everybody was exactly the same with him. I guess it’s just part of wanting to be a winner and I don’t think he will be the last,” Jones said.
Jones added that there was no lingering tension within the squad and suggested the incident reflected Salah’s competitive nature rather than any lasting issues within the dressing room.
English Caption 1
Liverpool’s Mohamed Salah applauds the supporters after the English Premier League match between Liverpool FC and Brighton & Hove Albion FC in Liverpool, Britain, on Dec. 13, 2025.. (Xinhua)
English Caption 2
Liverpool’s head coach Arne Slot reacts during the English Premier League match between Liverpool FC and Brighton & Hove Albion FC in Liverpool, Britain, on Dec. 13, 2025. (Xinhua)
English Caption 3
Liverpool’s Curtis Jones celebrates after the English Premier League match between Tottenham Hotspur FC and Liverpool FC at the Tottenham Hotspur Stadium in London, Britain, on Dec. 20, 2025. (Xinhua)
