International Organizations
ပရီးမီးယားလိဂ်တွင် အာဆင်နယ်က ကျဉ်းမြောင်းသောရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ခရစ္စမတ်ကာလတွင် ဇယားထိပ်ဆုံး၌ ဆက်လက်ဦးဆောင်ခွင့်ရရှိ၊ မန်စီးတီးက ဟာလန်း၏ သွင်းဂိုးများဖြင့် ဆက်လက်ဖိအားပေး
လန်ဒန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ဒီဇင်ဘာ ၂၀ ရက် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာဆင်နယ်က အဲဗာတန်ကို အဝေးကွင်း၌ ၁-၀ ဂိုးဖြင့် ခက်ခက်ခဲခဲကစားကာ အနိုင်ရရှိခဲ့ပြီး ခရစ္စမတ်ကာလတွင် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်မည်ဖြစ်သည်။
အဲဗာတန်အသင်းမှ ဂျိတ်ခ် အိုဘရိုင်ယန် လက်ထိခဲ့သဖြင့် ပွဲချိန် ၂၇ မိနစ်တွင် ရရှိသော ပင်နယ်တီကို ဗစ်တာ ယိုကယ်ရက်စ် ကန်သွင်း၍ တစ်လုံးတည်းသော အနိုင်ဂိုးကိုသွင်းယူခဲ့ရာ ယင်းနေ့အစောပိုင်းက ပြင်းထန်သော ဖိအားအောက်တွင် ကျရောက်နေသော မစ်ကယ် အာတေတာ၏ အာဆင်နယ်မှာ မန်ချက်စတာစီးတီးကို ဆက်လက်ဦးဆောင်ခွင့်ရခဲ့သည်။

မန်ချက်စတာစီးတီးက ဝက်စ်ဟမ်းကို ၃-၀ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ယူခဲ့ပြီး အာလင် ဟာလန်းက နှစ်ဂိုးသွင်းယူခဲ့သည်။ အဆိုပါ နော်ဝေလက်ရွေးစင်ကစားသမားမှာ ပွဲချိန် ၅ မိနစ်တွင် အဖွင့်ဂိုးသွင်းယူခဲ့ပြီးနောက် ပထမပိုင်းပြီးခါနီးတွင် တိုင်ဂျန်နီ ရိုင်နာစ်၏ သွင်းဂိုးကို ဖန်တီးပေးခဲ့သလို ပွဲချိန် ၆၉ မိနစ်တွင် ယခုပွဲစဉ်၌ ၎င်း၏ဒုတိယဂိုးကို သွင်းယူခဲ့သည်။

နယူးကာဆယ်ယူနိုက်တက်နှင့် ချဲလ်ဆီးအသင်း၏ပွဲစဉ်၌ နယူးကာဆယ်က ပွဲချိန်မိနစ် ၂၀ အကြာတွင် နစ်ခ် ဝေါ်လ်တမ်မာဒီ၏ သွင်းဂိုးနှစ်ဂိုးဖြင့် ဦးဆောင်ထားခဲ့သော်လည်း သရေတစ်မှတ်သာ ရခဲ့သည့်အတွက် စိတ်ပျက်စရာဖြစ်ပေလိမ့်မည်။ ပွဲချိန် ၄ မိနစ်တွင် ဝေါ်လ်တမ်မာဒီက ပြန်လျှံထွက်လာသော ဘောလုံးကို ပိတ်သွင်း၍ ပထမဂိုးသွင်းယူခဲ့သလို အန်သနီ ဂေါ်ဒွန်၏ ပေးပို့မှုအား ခြောက်ကိုက်စည်းအတွင်းမှ အလိုက်သင့်ပိတ်သွင်း၍ ဒုတိယဂိုးသွင်းယူခဲ့ပြီးနောက် နယူးကာဆယ်က ပွဲကိုထိန်းချုပ်ထားခဲ့သည်။

ဒုတိယပိုင်းတွင် ချဲလ်ဆီးက ကစားပုံပိုကောင်းလာခဲ့ပြီး ရိစ်ဂျိမ်းစ်က အလွတ်တည်ကန်ဘောမှတစ်ဆင့် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သလို နောက်တန်းမှ အဝေးဘောပေးပို့မှုမှတစ်ဆင့် ဂျာအို ပက်ဒရိုက လျင်လျင်မြန်မြန်ဆွဲပြေးကာ ဒုတိယချေပဂိုးသွင်းယူခဲ့သည်

လီဗာပူးလ်က တော့တင်ဟမ် ဟော့စပါးကို အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ အလက်ဇန်းဒါး အီဆက်ခ်ရော ဟူဂို အီကီတီကီပါ သွင်းဂိုးရရှိခဲ့ပြီး ပွဲချိန် ၃၃ မိနစ်တွင် ဇာဗီ ဆီမွန်စ် အနီကတ်ဖြင့် ထုတ်ပယ်ခံရသည့်အတွက် စပါးအသင်း တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။
ပွဲချိန် ၈၃ မိနစ်တွင် ရစ်ချာလီဆန်က စပါးအတွက် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သော်လည်း နာကျင်အချိန်ပိုတွင် ခရစ်ရှန် ရိုမဲရိုး ထပ်မံထုတ်ပယ်ခံရသည့်အတွက် အိမ်ရှင်အသင်း ကစားသမားကိုးဦးတည်းဖြင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။

သို့သော် အဆိုပါပွဲစဉ်၌ လီဗာပူးလ်ကစားသမား အီဆက်ခ် ဒဏ်ရာရရှိခဲ့ပြီး ခရစ္စမတ်ကာလတွင် ပါဝင်ကစားနိုင်ဖွယ်မရှိသဖြင့် လီဗာပူးလ်အတွက် သတင်းဆိုးဖြစ်ခဲ့သလို မိုဟာမက် ဆာလာမှာလည်း အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ သွားရောက်ကစားမည်ဖြစ်သည်။
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် ကစားသမားငါးဦး စေလွှတ်ထားရသည့် ဆန်းဒါးလန်းက အဝေးကွင်းတွင် ဘရိုက်တန်နှင့် ဂိုးမရှိသရေကျခဲ့သလို ဘုန်းမောက်ကလည်း အိမ်ကွင်း၌ ဘန်လေနှင့် တစ်ဂိုးစီသရေကျခဲ့ပြီး ဘန်လေမှာ မိနစ် ၉၀ တွင် အာမန်ဒို ဘရိုဂျာ၏ ခေါင်းတိုက်ဂိုးကြောင့် ၇ ပွဲဆက်တိုက် ရှုံးပွဲဆက်မှုကို ရပ်တန့်နိုင်ခဲ့သည်။

လိဒ်စ်ယူနိုက်တက်က ခရစ္စတယ်ပဲလေ့စ်ကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သဖြင့် အမှတ်ပေးဇယား အောက်ဆုံးသုံးသင်းထဲမှ ရုန်းထွက်နိုင်ခဲ့ကာ ဒေါမနစ် ကယ်လ်ဗက်-လီဝင်က နှစ်ဂိုးသွင်းယူခဲ့ပြီး အီသန် အမ်ပါဒူနှင့် အန်တန် စတက်ချ်တို့က တစ်ဂိုးစီသွင်းယူခဲ့သည်။အမှတ်ပေးဇယားအောက်ဆုံးမှ ဝူလ်ဗာဟမ်တန်က ဘရန့်ဖို့ဒ်ကို အိမ်ကွင်း၌ ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ကာ ထပ်မံရှုံးပွဲကြုံတွေ့ခဲ့ရသည်။ အဆိုပါပွဲစဉ်၌ ဘရန့်ဖို့ဒ်အတွက် သွင်းဂိုးနှစ်ဂိုးကို ကိန်း လူးဝစ်စ်-ပေါ်တာက ပွဲချိန် ၆၃ မိနစ်နှင့် ၈၃ မိနစ်တို့တွင် သွင်းယူခဲ့သဖြင့် အသင်း၏ အဝေးကွင်းမှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့သည်။ (Xinhua)
#Sports #PremierLeague #အားကစား #ပရီးမီးယားလိဂ်
……………………………………………….
(English Version)
Arsenal top for Christmas after narrow win, Haaland keeps pressure on
LONDON, Dec. 21 (Xinhua) — Arsenal will be top of the Premier League at Christmas thanks to a hard-fought 1-0 win away to Everton on Saturday.
Viktor Gyokeres’ thumping 27th-minute penalty, awarded after a handball by Jake O’Brien, separated the two sides and ensured Arsenal stayed ahead after Manchester City had put Mikel Arteta’s team under intense pressure earlier in the day.
Erling Haaland was on target twice as Manchester City breezed past West Ham United 3-0. The Norwegian opened the scoring in the fifth minute, set up Tijjani Reijnders to double the lead before halftime, and then netted his second in the 69th minute.
Newcastle United will be frustrated to have taken only a point at home to Chelsea after Nick Woltemade gave them a 2-0 lead after just 20 minutes. The big striker smashed home a rebound after four minutes and then got a touch on Anthony Gordon’s ball in the six-yard box as Newcastle took control.
Chelsea had to improve after the break and did so, with Reece James scoring a free kick before Joao Pedro leveled after knocking on a long ball from the back and then racing through to score.
Alexander Isak and Hugo Ekitike both scored as Liverpool won 2-1 away to Tottenham, who was reduced to 10 men after a 33rd-minute red card for Xavi Simons.
Richarlison pulled a goal back for Spurs in the 83rd minute, but the hosts finished with nine men after Cristian Romero was sent off in injury time.
The bad news for Liverpool was an injury to Isak, which will probably rule him out over Christmas, with Mohamed Salah already away at the Africa Cup of Nations.
Sunderland survived the loss of five players to the Africa Cup of Nations with a 0-0 draw away to Brighton, while Bournemouth was held to a 1-1 home draw against Burnley, who ended a seven-game losing streak thanks to Armando Broja’s 90th-minute header.
Leeds United crushed Crystal Palace 4-1 to climb away from the bottom three with two goals from Dominic Calvert-Lewin, along with strikes from Ethan Ampadu and Anton Stach.
Bottom side Wolverhampton Wanderers suffered another defeat, going down 2-0 at home to Brentford, with two goals from Keane Lewis-Potter after 63 and 83 minutes improving his side’s previously poor away record.
English Caption 1
Referee John Brooks shows a red card to Tottenham Hotspur’s Xavi Simons (L) during the English Premier League match between Tottenham Hotspur FC and Liverpool FC at the Tottenham Hotspur Stadium in London, Britain, on Dec. 20, 2025. (Xinhua)
English Caption 2
Liverpool’s Hugo Ekitike (top L) heads to score during the English Premier League match between Tottenham Hotspur FC and Liverpool FC at the Tottenham Hotspur Stadium in London, Britain, on Dec. 20, 2025. (Xinhua)
English Caption 3
Liverpool’s Alexander Isak (2nd L) gets injured during the English Premier League match between Tottenham Hotspur FC and Liverpool FC at the Tottenham Hotspur Stadium in London, Britain, on Dec. 20, 2025. (Xinhua)
