International Organizations
ဘာစီလိုနာက အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ယူကာ လာလီဂါတွင် လေးမှတ်ဖြတ်၍ဦးဆောင်
မက်ဒရစ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
ဒီဇင်ဘာ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါဘောလုံးပွဲစဉ်တွင် ဘာစီလိုနာက အက်သလက်တီကို မက်ဒရစ်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် လေးမှတ်ဖြတ်၍ ဦးဆောင်လျက်ရှိသည်။ပထမပိုင်းမပြီးဆုံးမီမှာပင် ရာဖင်ညာက အက်သလက်တီကို၏ ဦးဆောင်ဂိုးကို ပြန်လည်ချေပခဲ့ပြီး ပွဲချိန် ၆၅ မိနစ်တွင် ဒါနီ အိုလ်မိုက ဘာစီလိုနာအတွက် အနိုင်ဂိုးသွင်းယူခဲ့သလို ဖယ်ရန် တောရက်စ်က ပွဲချိန်နှောင်းပိုင်းတွင် တတိယဂိုးထပ်မံသွင်းယူခဲ့သည်။

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ဘာစီလိုနာနှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာကစားသမား ရောဘတ် လီဝန်ဒေါစကီး (ဝဲ-ပထမ) ခေါင်းတိုက်နေစဉ် (ဆင်ဟွာ)
သို့သော် အိုလ်မိုမှာ ပခုံးဒဏ်ရာရခဲ့ပုံပေါ်သလို ပက်ဒရီမှာလည်း ထော့နဲ့ထော့နဲ့ဖြင့် ကွင်းထဲမှထွက်ခွာသွားခဲ့ရသည်။ အဆိုပါပွဲစဉ်၌ ဘာစီလိုနာအသင်း ပထမပိုင်းတွင်ရရှိခဲ့သည့် ပင်နယ်တီကို ရောဘတ် လီဝန်ဒေါစကီး လွဲချော်ခဲ့သည်။

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ဘာစီလိုနာနှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ အဲလက်စ် ဘာအယ်နာ ဂိုးသွင်းပြီးနောက် အက်သလက်တီကိုမက်ဒရစ် ကစားသမားများ အောင်ပွဲခံနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)
အက်သလက်တီကိုကစားသမား သီယာဂို အယ်လ်မာဒါ ဘာစီလိုနာခံစစ်ကို ထိုးဖောက်လာပြီးနောက် ချေပဂိုးသွင်းယူနိုင်ရန် နီးစပ်ခဲ့သော်လည်း ဂိုးပေါက်နှင့်ကပ်၍လွဲချော်သွားခဲ့သည်။ မားကပ်စ် ရက်ရှ်ဖို့ဒ် လုပ်အားနှုန်းကောင်းကောင်းဖြင့် ထိုးဖောက်ကစားရင်း ရရှိလာသောအခွင့်အရေးမှတစ်ဆင့် ဖယ်ရန် တောရက်စ်က ဘာကာအတွက် တတိယဂိုးသွင်းယူနိုင်ခဲ့သည်။

ဘာစီလိုနာ၏ အဓိကပြိုင်ဘက်ဖြစ်သည့် ရီးရဲလ်မက်ဒရစ်က ဒဏ်ရာပြဿနာဖိစီးနေသော အက်သလက်တစ် ဘီဘာအိုအား ဒီဇင်ဘာ ၃ ရက်ညပိုင်းတွင် အဝေးကွင်း၌ သွားရောက်ကစားရမည်ဖြစ်သည်။
ဒီဇင်ဘာ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကိုပါဒယ်ရေး (စပိန်ဘုရင့်ဖလားပြိုင်ပွဲ) ဒုတိယအဆင့်ပွဲစဉ်၌ ဒီပေါ်တီဗို အလာဗက်စ်က ပဥ္စမတန်းကလပ် ပေါ်တူဂါလက်တေကို အဝေးကွင်း၌ ၃ ဂိုးပြတ်အနိုင်ရခဲ့ပြီး နောက်ဆုံး ၃၂ အသင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
မာယော့ကာက စတုတ္ထတန်းကလပ် နူမန်စီယာကို အဝေးကွင်း၌ ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ကာ အက်ဘ်ဒန် ပရက်စ်က နှစ်ဂိုးသွင်းယူခဲ့သည်။ နူမန်စီယာက ဒုတိယဂိုးသွင်းယူပြီးနောက် မာယော့ကာမှာ ပွဲချိန်နောက်ဆုံး ၁၅ မိနစ်တွင် အသည်းအသန်ကစားခဲ့ရသည်။
အိုဆာဆူနာအသင်းက အက်ဘရိုအသင်းကို တစ်ဂိုးအသွင်းခံထားရသော်လည်း အဝေးကွင်း၌ ၅-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရာအူး ဂါစီယာက နှစ်ဂိုးသွင်းယူခဲ့သလို ကျန်သွင်းဂိုးများကို မွိုင်ဂိုးမက်ဇ်၊ ရှရာဒို ဘက်ကာနှင့် ဗစ်တာ မူနော့ဇ်တို့က အသီးသီးသွင်းယူခဲ့ကာ အိုဆာဆူနာအနေဖြင့် အဝေးကွင်းပွဲစဉ်များတွင် ရုန်းကန်ရတတ်သည်ကို ယခုပွဲစဉ်က ထင်ထင်ရှားရှားပြသခဲ့သည်။ (Xinhua)
…………………………………………
(English Version)
Barcelona moves four points clear after Atletico Madrid win
MADRID, Dec. 2 (Xinhua) — FC Barcelona beat Atletico Madrid 3-1 on Tuesday to move four points clear at the top of La Liga.
Raphinha cancelled out the opener before halftime, and Dani Olmo put Barcelona ahead in the 65th minute. Ferran Torres added a late third to seal the points.
Barcelona finished with injury concerns after Olmo appeared to suffer a shoulder problem and Pedri also limped off. Robert Lewandowski missed a first-half penalty.
Thiago Almada came close to equalizing for Atletico, narrowly missing the target after breaking through the Barcelona defense. Ferran Torres sealed Barca’s victory with a third goal at the end, following good work from Marcus Rashford.
Real Madrid will visit an injury-hit Athletic Bilbao on Wednesday night.
In the second round of the Copa del Rey, Deportivo Alaves secured a routine 3-0 victory away to fifth-tier Portugalete, booking a place in the last 32.
Mallorca won 3-2 away to fourth-tier Numancia, with Abdon Prats scoring twice. The top-flight side endured a tense final 15 minutes after Numancia’s second goal.
Raul Garcia scored twice as Osasuna came back from a goal down to win 5-3 away at Ebro, with Moi Gomez, Sheraldo Becker and Victor Munoz also on the scoresheet against a rival that again highlighted Osasuna’s problems away from home.
English Caption 1
Raphinha (C) of Barcelona kicks the ball during the La Liga football match between FC Barcelona and Atletico de Madrid in Barcelona, Spain, on Dec. 3, 2025. (Photo by Joan Gosa/Xinhua)
English Caption 2
Robert Lewandowski (1st L) of Barcelona heads for the ball during the La Liga football match between FC Barcelona and Atletico de Madrid in Barcelona, Spain, on Dec. 3, 2025. (Photo by Joan Gosa/Xinhua)
English Caption 3
Players of Atletico de Madrid celebrate a goal by Alex Baena during the La Liga football match between FC Barcelona and Atletico de Madrid in Barcelona, Spain, on Dec. 3, 2025. (Photo by Joan Gosa/Xinhua)
