International Organizations
လာလီဂါတွင် ဘာစီလိုနာက ဘက်တစ်ကို အနိုင်ရခဲ့ပြီး ဖယ်ရန်တောရက်စ် ဟက်ထရစ်သွင်းယူ
မက်ဒရစ်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)
ဒီဇင်ဘာ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်များတွင် ဘာစီလိုနာက ရီးရဲလ်ဘက်တစ်ကို စောစောစီးစီး ဦးဆောင်ဂိုးပေးခဲ့ရသော်လည်း ဖယ်ရန်တောရက်စ်၏ ပထမပိုင်းဟက်ထရစ်သွင်းဂိုး အပါအဝင် ၅-၃ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ပွဲချိန် ၆ မိနစ်တွင် အန်တိုနီက ဘက်တစ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ထို့နောက်ပိုင်းတွင် ဘာစီလိုနာက ပွဲကိုအပြည့်အဝထိန်းချုပ်နိုင်ခဲ့သည်။တောရက်စ်က ပွဲချိန် ၁၁ မိနစ်နှင့် ၁၃ မိနစ်တို့တွင် နှစ်ဂိုးဆက်တိုက်သွင်းယူကာ ဘက်တစ်၏ အစောပိုင်းဦးဆောင်မှုကို ပြန်လည်ချေဖျက်ခဲ့သည်။ ပွဲကစားချိန် မိနစ် ၃၀ ခန့်တွင် ဆွီဒင်တောင်ပံကစားသမား ရူနီ ဘာ့ဒ်ဂျီက တတိယဂိုးသွင်းယူခဲ့သလို မိနစ် ၄၀ တွင် တောရက်စ်က ၎င်းအတွက် ဟက်ထရစ်ရရှိစေမည့်ဂိုးကို သွင်းယူနိုင်ခဲ့သည်။

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ Olimpico Lluis Companys အားကစားကွင်း၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂ ရက်က ဘာစီလိုနာနှင့် အယ်လ်ချီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာကစားသမားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)
ထို့နောက် ပွဲချိန်မိနစ် ၆၀ ဝန်းကျင်၌ လာမင်း ယမားလ်က ပင်နယ်တီမှတစ်ဆင့် ဂိုးသွင်းယူခဲ့သဖြင့် ဘာစီလိုနာက ၅-၁ ဂိုးဖြင့် ပြတ်ပြတ်သားသား ဦးဆောင်ထားနိုင်ခဲ့သည်။ သို့သော် နည်းပြဟန်ဆီဖလစ်ခ်က ပက်ဒရီအပါအဝင် အဓိကကစားသမားအချို့ကို အနားပေးခဲ့ပြီးနောက် ဘက်တစ်အသင်းမှ ဒီယေဂို လော်ရန်တေးနှင့် ကူချို ဟာနန်ဒက်ဇ်တို့က ပွဲချိန်နှောင်းပိုင်းတွင် ချေပဂိုးနှစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သည်။
အခြားပွဲစဉ်တွင် အက်သလက်တစ် ဘီဘာအိုက အက်သလက်တီကိုမက်ဒရစ်ကို အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပွဲချိန် ၈၅ မိနစ်တွင် အဲလက်စ် ဘရန်ဂူယာက ဂိုးသမားယန်အော့ဘလက်ခ်ကိုကျော်၍ ပင်နယ်တီဧရိယာအပြင်ဘက်မှ ဘယ်ခြေဖြင့် ဝေ့ဝိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။
ဗီလာရီးရဲလ်က ဂီတာဖေးကို အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် သက်သောင့်သက်သာအနိုင်ရခဲ့ပြီး အဆိုပါပွဲစဉ်တွင် ဂီတာဖေးကွင်းလယ်လူ ပယ်ရီ မေလာမှာ ပွဲချိန် ၄၇ မိနစ်တွင် အနီကတ်ဖြင့်ထုတ်ပယ်ခံခဲ့ရသည်။
ထို့နောက် သုံးမိနစ်အကြာတွင် ဗီလာရီးရဲလ်အသင်းမှ တာဂျွန် ဘူချနန်က ဦးဆောင်ဂိုးသွင်းယူခဲ့သလို ၆၄ မိနစ်တွင် ဂျော့ဂျ် မစ်ကူတက်ဇီက ဒုတိယဂိုးထပ်မံသွင်းယူခဲ့သဖြင့် ဗီလာရီးရဲလ်အနေဖြင့် အမှတ်ပေးဇယား အဆင့်-၃ တွင် အခိုင်အမာရပ်တည်နိုင်ခဲ့သည်။
ဒီပေါ်တီဗီု အလာဗက်စ်နှင့် ရီးရဲလ်ဆိုစီဒက်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဘက်စ်ကေးဒါဘီပွဲစဉ်၌ ပထမပိုင်း နာကျင်အချိန်ပိုတွင် လူးကက်စ် ဘိုယီ၏ ပင်နယ်တီသွင်းဂိုးနှင့်အတူ အလာဗက်စ်က အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဒီဇင်ဘာ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အိုဗီယေဒိုနှင့် မာယော့ကာအသင်းတို့၏ ပွဲစဉ်မှာမူ ဂိုးမရှိသရေရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့သည်။ (Xinhua)
…………………………………………………………………….
(English Version)
Torres’ hat-trick powers Barcelona past Betis in La Liga
MADRID, Dec. 6 (Xinhua) — Ferran Torres scored a first-half hat-trick as FC Barcelona roared back from conceding an early goal to beat Real Betis 5-3 in La Liga on Saturday.
Antony put Betis ahead in just the sixth minute of the match, before Barcelona took complete control.
Torres scored after 11 and 13 minutes to overturn Betis’ early lead. Swedish winger Roony Bardghji added a third on the half hour and Torres completed his hat-trick in the 40th minute.
Lamine Yamal’s penalty around the hour mark made it 5-1. Barcelona coach Hansi Flick began to rest players such as Pedri, which allowed Betis to pull back two late goals through Diego Llorente and Cucho Hernandez.
Alex Berenguer scored the winner in Athletic Bilbao’s 1-0 home victory over Atletico Madrid, curling a left-footed shot past goalkeeper Jan Oblak from outside the penalty area in the 85th minute.
Villarreal claimed a comfortable 2-0 win at home to Getafe, whose midfielder Pere Milla was shown a red card in the 47th minute.
Tajon Buchanan put Villarreal ahead three minutes later, and Georges Mikautadze doubled the lead in the 64th minute to strengthen Villarreal’s third place in the table.
Deportivo Alaves won a Basque derby 1-0 at home to Real Sociedad, with Lucas Boye’s penalty in first half injury time separating the two sides.
Oviedo had a 0-0 draw at home to Mallorca on Friday.
English Caption 1
Ferran Torres of FC Barcelona celebrates his goal during the Laliga football match between FC Barcelona and Elche CF at Olimpico Lluis Companys Stadium in Barcelona, Spain, on Nov. 2, 2025. (Photo by Joan Gosa/Xinhua)
English Caption 2
Players of FC Barcelona celebrate a goal during the Laliga football match between FC Barcelona and Elche CF at Olimpico Lluis Companys Stadium in Barcelona, Spain, on Nov. 2, 2025. (Photo by Joan Gosa/Xinhua)
