International Organizations
၂၀၂၅ ခုနှစ် ဇွန် ၈ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဘရာဇီးဂိုးသမား အယ်လစ်ဆန်က နည်းပြအန်ဆယ်လော့တီအား ထောက်ခံ၊ အပြောင်းအလဲများအတွက် အချိန်ယူရမည်ဟု ဆို
ဘရာဇီးလက်ရွေးစင်အသင်း နည်းပြသစ် ကာလို အန်ဆယ်လော့တီ၏ သက်ရောက်မှုမှာ လာမည့်နှစ် ဖီဖာကမ္ဘာ့ဖလားမတိုင်မီအထိ အပြည့်အဝ ရုပ်လုံးပေါ်လာနိုင်ဦးမည် မဟုတ်ကြောင်း ဘရာဇီးဂိုးသမား အယ်လစ်ဆန် ဘက်ကာက ဇွန် ၇ ရက်၌ ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက ဘရာဇီးနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည့် အန်ဆယ်လော့တီအနေဖြင့် ဂွါယာကီမြို့တွင် အီကွေဒေါအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ဇွန် ၅ ရက် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပွဲဦးထွက် ကိုင်တွယ်ခဲ့ပြီး အဆိုပါပွဲစဉ်၌ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။
အန်ဆယ်လော့တီအနေဖြင့် အသင်း၌ အထင်ကြီးစရာ စွမ်းဆောင်ရည်များကို ပြသလျက်ရှိသော်လည်း အဆိုပါ အီတလီသားနည်းပြ၏ ရေရှည်အကျိုးသက်ရောက်မှုများ ရုပ်လုံးပေါ်လာရန် အချိန်ယူရမည်ဖြစ်ကြောင်း အယ်လစ်ဆန်က သတိပေးခဲ့သည်။
“ဘောလုံးဆိုတာဟာ တစ်ဆင့်ပြီးတစ်ဆင့်သွားရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တာကို ကျွန်တော်တို့တွေ သိရှိထားတာမို့ ပြဿနာအားလုံးကို ညတွင်းချင်း ဖြေရှင်းနိုင်မယ်လို့ ယူဆလို့မရနိုင်ပါဘူး” ဟု လီဗာပူးလ် ကစားသမားလည်းဖြစ်သူ အယ်လစ်ဆန်က ဆော်ပေါ်လိုမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဘရာဇီးအသင်းမှာ ကော်ရင်သီယန်စ် အားကစားကွင်း၌ ပါရာဂွေးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ဇွန် ၁၀ ရက် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မတိုင်မီ ဆော်ပေါ်လို၌ လေ့ကျင့်ခန်းဆင်းနေခြင်းဖြစ်သည်။
ရီးရဲလ်မက်ဒရစ် နည်းပြဟောင်းဖြစ်သူ အန်ဆယ်လော့တီမှာ ပိုမိုကောင်းမွန်သော ခံစစ်ပိုင်း စုစည်းညီညွတ်မှု၊ အဝတ်လဲခန်းအတွင်း သက်သောင့်သက်သာဖြစ်စေသော ပတ်ဝန်းကျင်တို့ကို ဖန်တီးပေးခဲ့ပြီးဖြစ်ကြောင်း အယ်လစ်ဆန်က ဆိုသည်။
…..
— ယူရိုပါလိဂ်ဆုဖလား ဆွတ်ခူးခဲ့ပြီး သီတင်းနှစ်ပတ်အကြာတွင် တော့တင်ဟမ်အသင်းက နည်းပြပေါ့စတီကိုဂလူအား ထုတ်ပယ်
ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် မန်ချက်စတာယူနိုက်တက်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူ၍ တော့တင်ဟမ် ဟော့စပါးအသင်းအား ၁၇ နှစ်အတွင်း ပထမဆုံး ဆုဖလားကို ရယူပေးခဲ့ပြီးနောက် ရက်ပေါင်း ၁၆ ရက်အကြာ ဇွန် ၆ ရက်က နည်းပြဖြစ်သူ အိန်းဂျ် ပေါ့စတီကိုဂလူမှာ ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရသည်။
ပြီးခဲ့သည့် ပရီးမီးယားလိဂ်ရာသီ၌ ပေါ့စတီကိုဂလူ၏ အသင်းမှာ ၃၈ ပွဲ ကစားခဲ့ရာတွင် ၂၂ ပွဲ ရှုံးနိမ့်ခဲ့ပြီး အဆင့်-၁၇ ဖြင့် ရာသီသိမ်းခဲ့ကာ အလွန်ဆိုးဝါးသော ဘောလုံးရာသီတစ်ခုနှင့် ရင်ဆိုင်ခဲ့ရချိန်တွင် ကလပ်အသင်း၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
“အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ပြန်လည်သုံးသပ်မှုတွေ၊ အလေးအနက် သုံးသပ်ဆင်ခြင်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ နည်းပြ အိန်းဂျ် ပေါ့စတီကိုဂလူကို ရာထူးမှထုတ်ပယ်ကြောင်း အသင်းဘက်က အတည်ပြုကြေညာလိုက်ပါတယ်” ဟု အသင်း၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တော့တင်ဟမ်အသင်းအတွက် ဥရောပဆုဖလား ရယူပေးခဲ့သည့် တတိယမြောက်နည်းပြဖြစ်သည့် အဆိုပါ ဩစတြေးလျနည်းပြအား အလွန်ကျေးဇူးတင်ကြောင်း၊ သို့သော် မိမိတို့၏ ဆုံးဖြတ်ချက်မှာ ထိုအောင်မြင်မှုနှင့် ဆက်နွှယ်သော စိတ်ခံစားချက်အပေါ် အခြေခံခြင်းမရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
လက်ရှိတွင် ပေါ့စတီကိုဂလူ၏ နေရာကို ဆက်ခံမည့်သူအဖြစ် ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ် ဖရန့်ခ်က ပြတ်ပြတ်သားသား ရေပန်းစားနေပြီး ဘုန်းမောက်အသင်းနည်းပြဖြစ်သူ အန်ဒိုနီ အီရာအိုလာမှာလည်း ဖြစ်နိုင်ခြေရှိသော နည်းပြစာရင်း၌ ပါဝင်နေကြောင်း သိရသည်။
…..
— ပြင်သစ်အိုးပင်း ဗိုလ်လုပွဲတွင် ကိုကိုဂတ်ဖ်က ဆာဘလန်ကာကို အနိုင်ယူ၍ ဒုတိယမြောက် ဂရင်းစလင်းချန်ပီယံဆု ဆွတ်ခူး
ဇွန် ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပြင်သစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် အမေရိကန် တင်းနစ်မယ် ကိုကိုဂတ်ဖ် (ဆီဒင်-၂) က ကမ္ဘာ့အဆင့်-၁ ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာအား ၆-၇ (၅)၊ ၆-၂၊ ၆-၄ ဖြင့် အနိုင်ယူကာ ၎င်းအတွက် ဒုတိယမြောက် ဂရင်းစလင်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
ဂရင်းစလင်းချန်ပီယံဆု သုံးဆုရှင် ဆာဘလန်ကာမှာ ပထမပွဲလတ်တွင် ၅-၄ မှတ်ဖြင့် ဦးဆောင်ထားပြီးနောက် ၎င်းစပေးဘောပေးရမည့် အလှည့်၌ ပွဲသိမ်းနိုင်မည့် အခွင့်အရေးကောင်း ရရှိခဲ့သော်လည်း ဂတ်ဖ်က မဆုတ်မနစ် ရင်ဆိုင်တုံ့ပြန်၍ ပွဲပိုအထိ ဆွဲခေါ်နိုင်ခဲ့သည်။ ပွဲပိုယှဉ်ပြိုင်ကစားရာ၌ ဂတ်ဖ်က အစောပိုင်းတွင် အသာရခဲ့သော်လည်း ဆာဘလန်ကာက နောက်မှလိုက်၍ ၇-၆ (၅) ဖြင့် အနိုင်ယူခဲ့သည်။
သို့သော် ၂၀၂၃ ခုနှစ် ယူအက်စ်အိုးပင်းချန်ပီယံဖြစ်သည့် အသက် ၂၁ နှစ်အရွယ် အမေရိကန်တင်းနစ်မယ် ဂတ်ဖ်မှာ အလျင်အမြန် ပြန်လည်လက်စွမ်းပြနိုင်ခဲ့ပြီး ဒုတိယပွဲလတ်တွင် ၆-၂ ဖြင့် အနိုင်ယူခဲ့သလို နောက်ဆုံးပွဲလတ်တွင်လည်း ၆-၄ ဖြင့် အနိုင်ယူကာ အောင်ပွဲခံနိုင်ခဲ့သည်။
ဆာဘလန်ကာက “ဂရင်းစလင်းချန်ပီယံဆုကို ထိုက်ထိုက်တန်တန်နဲ့ ဒုတိယအကြိမ် ရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ သင်က မဆုတ်မနစ် တိုက်ပွဲဝင်တတ်သူ၊ အပြင်းအထန်ကြိုးစားတတ်သူ တစ်ယောက်ပါပဲ” ဟု ပွဲအပြီးတွင် ဂုဏ်ပြုခဲ့သည်။
…..
— ပေကျင်းမြို့တွင် ကျင်းပသည့် VNL ဘော်လီဘော နေးရှင်းလိဂ်ပြိုင်ပွဲတွင် တရုတ်အသင်းက ပြင်သစ်အသင်းကို ပြတ်ပြတ်သားသားအနိုင်ရရှိ၊ တူကီယဲအသင်းကလည်း ပိုလန်အသင်းကို အနိုင်ယူ
ပေကျင်းမြို့တွင် ဇွန် ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် FIVB ဘော်လီဘော နေးရှင်းလိဂ် (VNL) ပြိုင်ပွဲတွင် အိမ်ရှင် တရုတ်အသင်းက ပြင်သစ်အသင်းကို ပြတ်ပြတ်သားသား အနိုင်ရရှိကာ အိမ်ရှင်ပရိသတ်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရသများကို ပေးစွမ်းနိုင်ခဲ့သည်။ ထို့အတူ တူကီယဲအသင်းကလည်း ပိုလန်ကို ငါးပွဲအထိ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကာ အနိုင်ရရှိခဲ့သဖြင့် နောက်ဆုံးနေ့တွင် တရုတ်အသင်းနှင့် တူကီယဲအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ညနေခင်း ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်တွင် တရုတ်အသင်းက ပြင်သစ်အသင်းကို ၂၅-၁၇၊ ၂၅-၁၈၊ ၂၅-၁၁ မှတ်ဖြင့် သုံးပွဲပြတ်အနိုင်ယူကာ အမျိုးသား မိုးလုံလေလုံ အားကစားကွင်း၌ ရုံပြည့်ရုံလျှံ လာရောက်အားပေးခဲ့သည့် အိမ်ရှင်ပရိသတ်များ ရှေ့မှောက်တွင် အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်။ ကစားသမား ထက်ဝက်ကျော်မှာ နိုင်ငံတကာအဆင့်တွင် ပွဲဦးထွက် ပါဝင်သူများဖြစ်ကာ ငယ်ရွယ်ပျိုမျစ်သော တရုတ်အသင်းမှာ အဖွင့်ပွဲစဉ်၌ ဘယ်လ်ဂျီယမ်ကို အနိုင်ရရှိခဲ့ပြီး ဇွန် ၅ ရက်ကမူ ပိုလန်အသင်းကို ရှုံးနိမ့်ခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ပွဲစဉ်အပြီးမှာ အရေးပါတဲ့ ချိန်ညှိပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ငယ်ရွယ်ပျိုမျစ်တဲ့ ဒီအသင်းဟာ တစ်ပွဲထက်တစ်ပွဲ ပိုပြီးတိုးတက်လာခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ကြိုတင်ပြင်ဆင်မှု၊ အခွင့်အရေးကို အသုံးချနိုင်မှုနဲ့ အသင်းအဖွဲ့စိတ်ဓာတ်တို့က မြင့်မားတဲ့အဆင့်မှာ ရှိနေခဲ့ပါတယ်” ဟု တရုတ်ဘော်လီဘောအသင်း နည်းပြချုပ် ကျောက်ရုံက ဆိုသည်။ (Xinhua)

………………………………………………
(English Version)
Alisson backs Ancelotti, says changes will take time
Brazil goalkeeper Alisson Becker said Saturday that the influence of new manager Carlo Ancelotti may not be fully apparent until the FIFA World Cup next year.
Ancelotti, who was appointed last month, took charge of his first match on Thursday as Brazil was held to a goalless draw by Ecuador in a World Cup qualifier in Guayaquil.
Alisson said Ancelotti was already making his mark within the squad but cautioned that the long-term effects of the Italian’s management would take time to materialize.
“We know that football is a process and we can’t expect all the problems to be resolved overnight,” the Liverpool player told a news conference in Sao Paulo, where the team is training ahead of next Tuesday’s World Cup qualifier against Paraguay at Corinthians Arena.
Alisson said the former Real Madrid boss had already brought greater defensive cohesion and a relaxed atmosphere in the dressing room.
…..
Tottenham sacks coach Postecoglou just two weeks after Europa League win
Tottenham Hotspur sacked coach Ange Postecoglou on Friday, just 16 days after he led the team to its first trophy in 17 years with a 1-0 victory over Manchester United in the Europa League final.
The club’s decision came amid a dire Premier League season, which saw 59-year-old Postecoglou’s side finish 17th in the table after losing 22 out of 38 matches.
“Following a review of performances and after significant reflection, the club can announce that Ange Postecoglou has been relieved of his duties,” the club stated in a release.
The statement expressed “extreme gratitude” to the Australian for becoming only the third coach to win a European title with Tottenham, but clarified that “our decision is not based on emotions tied to this achievement.”
Brentford coach Thomas Frank is widely considered the frontrunner to succeed Postecoglou, with Bournemouth’s Andoni Iraola also a potential candidate.
…..
Gauff beats Sabalenka to triumph in French Open for her 2nd Grand Slam title
Second-seeded Coco Gauff of the United States beat world No. 1 Aryna Sabalenka of Belarus 6-7 (5), 6-2, 6-4 in the women’s singles final of the French Open on Saturday to clinch her second Grand Slam title.
Three-time Grand Slam winner Sabalenka had a great chance to win the first set on her serve after a 5-4 lead, but Gauff forced to a tie-breaker with perseverance. Although Gauff took an upper hand early in the tie-breaker, Sabalenka managed to come back for the first-set victory 7-6 (5).
After the 2023 US Open champion Gauff bounced back quickly to win the second set 6-2, the 21-year-old American powered into the final set and sealed the victory 6-4.
Sabalenka congratulated Gauff after the match, saying, “Congrats on the second Grand Slam, which is well-deserved. You are a fighter and hard worker.”
…..
China dominates France, Türkiye outlasts Poland in VNL Beijing leg
Host China thrilled the home crowd with a dominant straight-set victory over France, while Türkiye battled past Poland in a five-set showdown on Saturday at the FIVB Volleyball Nations League (VNL) in Beijing, setting the stage for a high-stakes final day.
China swept France 3-0 (25-17, 25-18, 25-11) in the evening session, delivering a commanding performance in front of a packed home audience at the National Indoor Stadium. This young Chinese squad, with more than half the players making their international debuts, opened its campaign with a win over Belgium before falling to Poland on Thursday.
“We made important adjustments after the last match,” said China’s head coach Zhao Yong. “This young team continues to improve match by match. Today, our preparation, execution, and team spirit were all at a high level.”