International Organizations
မန်ချက်စတာ ယူနိုက်တက်က လိုက်ပ်ဇစ်တိုက်စစ်မှူး ဘန်ဂျမင် ဆက်စ်ကိုအား ခေါ်ယူ

လန်ဒန်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)
ရာသီသစ်မတိုင်မီ အသင်း၏ တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသည့် မန်ချက်စတာ ယူနိုက်တက်အသင်းက လိုက်ပ်ဇစ်အသင်းမှ ဆလိုဗေးနီးယားလက်ရွေးစင် ဘန်ဂျမင် ဆက်စ်ကိုအား ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူး ဆက်စ်ကိုအနေဖြင့် ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ယူနိုက်တက်က ကြေညာချက်ထုတ်ပြန်ကာ အတည်ပြုခဲ့သည်။
ဆက်စ်ကိုမှာ ပြီးခဲ့သည့် ဘောလုံးရာသီနှစ်ခုအတွင်း ဥရောပ၏ ထိပ်တန်းလိဂ်ပြိုင်ပွဲ ငါးခု၌ ပါဝင်ကစားခဲ့သည့် မည်သည့် အသက် ၂၃ နှစ်အောက် ကစားသမားထက်မဆို သွင်းဂိုး ပိုမိုသွင်းယူထားသူလည်းဖြစ်သည်။ ဆက်စ်ကိုမှာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီတစ်ခုတည်းတွင် လိုက်ပ်ဇစ်အတွက် ၂၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားသူဖြစ်သည်။
ဆက်စ်ကိုမှာ ဆလိုဗေးနီးယား လက်ရွေးစင်အသင်းအတွက် ၂၀၂၁ ခုနှစ်တွင် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး နိုင်ငံအသင်းတွင် ပါဝင်ခွင့်ရခဲ့သည့် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပြီးနောက် အသင်းအတွက် ၄၁ ပွဲ ပါဝင်ကစားခဲ့ရာ ၁၆ ဂိုး သွင်းယူနိုင်ခဲ့သည်။
နယူးကာဆယ် ယူနိုက်တက်အသင်းကလည်း ၎င်းအား ခေါ်ယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံးတွင်မူ ဆက်စ်ကိုက အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
“မန်ချက်စတာ ယူနိုက်တက်ရဲ့ သမိုင်းကြောင်းက သိပ်ကိုကြီးကျယ်ခမ်းနားပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို တကယ်တမ်း စိတ်လှုပ်ရှားစေခဲ့တဲ့ အရာကတော့ အသင်းရဲ့ အနာဂတ်ပါ” ဟု ၎င်းက ဖွင့်ဟပြောဆိုခဲ့သည်။
“ကျွန်တော်တို့ အသင်းရဲ့ စီမံကိန်းနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာ ဒီအသင်းဟာ ဆက်လက်တိုးတက်နေပြီး အခမ်းနားဆုံး ဆုဖလားတွေကို မကြာခင် ပြန်လည်စိန်ခေါ်နိုင်ဖို့ အရာအားလုံး အစီအစဉ်တကျ ရှိနေပြီဆိုတာ ရှင်းလင်းသေချာသွားတယ်” ဟု ၎င်းက ဆိုသည်။
“ကျွန်တော် ဒီကိုရောက်လာတဲ့အချိန်ကစပြီး အသင်းက ဖန်တီးပေးထားတဲ့ အပြုသဘောဆောင်တဲ့ အားအင်တွေနဲ့ မိသားစုသဖွယ် ပတ်ဝန်းကျင်ကို ခံစားမိပါတယ်။ ဒါက ကျွန်တော့်ကို အမြင့်ဆုံးအဆင့်အထိ ဆွဲတင်ပေးနိုင်ပြီး ကျွန်တော့်ရဲ့ မျှော်လင့်ချက်အားလုံး ပြည့်မြောက်စေမယ့် ပြီးပြည့်စုံတဲ့ နေရာဆိုတာ ကျိန်းသေပါတယ်” ဟု ဆက်စ်ကိုက ပြောကြားခဲ့သည်။ (Xinhua)
……………………………………………..
(English Version)
Manchester United signs Sesko from RB Leipzig
LONDON, Aug. 9 (Xinhua) — Manchester United has announced the signing of Slovenia international Benjamin Sesko from RB Leipzig, bolstering their attacking options ahead of the new season.
The 22-year-old forward has signed a contract until June 2030, the club confirmed in a statement.
Over the past two seasons, Sesko has scored more goals than any other player under the age of 23 in Europe’s top five leagues. In the 2024-25 campaign alone, he netted 21 goals and provided six assists for Leipzig.
Since making his debut in 2021 and becoming Slovenia’s youngest-ever senior international, Sesko has earned 41 caps and scored 16 goals for his country.
Newcastle United were also keen to secure his signature, but the striker ultimately opted for a move to Old Trafford.
“The history of Manchester United is obviously very special, but what really excites me is the future,” he said.
“When we discussed the project, it was clear that everything is in place for this team to continue to grow and compete for the biggest trophies again soon.
“From the moment that I arrived, I could feel the positive energy and family environment that the club has created. It is clearly the perfect place to reach my maximum level and fulfil all of my ambitions,” he said. ■
English Caption 1
Benjamin Sesko (C) of Slovenia shoots during the UEFA Nations League B play-offs 2nd leg football match between Slovenia and Slovakia in Ljubljana, Slovenia, on March 23, 2025. (Photo by Zeljko Stevanic/Xinhua)
English Caption 2
Robin Koch (L) of Eintracht Frankfurt vies with Benjamin Sesko of RB Leipzig during the German first division of Bundesliga football match between Eintracht Frankfurt and RB Leipzig in Frankfurt, Germany, April 26, 2025. (Photo by Ulrich Hufnagel/Xinhua)