Connect with us

International Organizations

မန်စီးတီးကွင်းလယ်လူ ဂရီးလစ်ရှ် အဲဗာတန်အသင်းထံ အငှားဖြင့်ပြောင်းရွှေ့

လန်ဒန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

မန်ချက်စတာစီးတီးအသင်းမှ ဂျက်ခ် ဂရီးလစ်ရှ်အား အငှားဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အဲဗာတန်အသင်းက ဩဂုတ် ၁၂ ရက်၌ အတည်ပြုကြေညာခဲ့သည်။“အသက် ၂၉ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကို အဲဗာတန်အသင်းနဲ့အတူ ဖြတ်သန်းမှာဖြစ်ပြီး အသင်းမှာ ကျောနံပါတ် ၁၈ ဝတ်ဆင်ကစားမှာပါ” ဟု အဲဗာတန်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဂရီးလစ်ရှ်မှာ ချာလီ အယ်လ်ကာရက်ဇ်၊ သီယာနို ဘယ်ရီ၊ မာ့ခ် ထရက်ဗာစ်၊ အဒမ် အက်ဇ်နူ၊ ကီယာနန် ဒူးစ်ဘရီဟောလ်တို့ပြီးလျှင် ယခုနွေရာသီ၌ အဲဗာတန်အသင်း ခေါ်ယူခဲ့သည့် ဆဋ္ဌမမြောက် ကစားသမား ဖြစ်လာခဲ့သည်။

“အဲဗာတန်အသင်းနဲ့ လက်မှတ်ရေးထိုးရတဲ့အတွက် အတိုင်းမသိ ဝမ်းမြောက်မိပါတယ်။ အမှန်အတိုင်းပြောရရင် ဒါက ကျွန်တော့်အတွက် သိပ်ကိုအရေးပါပါတယ်။ ဒါက သိပ်ကောင်းတဲ့အသင်းဖြစ်သလို သိပ်ကောင်းတဲ့ ပရိသတ်တွေလည်းရှိတယ်” ဟု ဂရီးလစ်ရှ်က ဆိုသည်။

“နည်းပြဖြစ်သူနဲ့ စကားပြောပြီးပြီးချင်းမှာပဲ ကျွန်တော်သွားချင်တဲ့နေရာက တစ်နေရာပဲရှိတယ်ဆိုတာကို နားလည်သွားတယ်။ အဲဗာတန်အသင်း ပရိသတ်တွေကလည်း ဆိုရှယ်မီဒီယာကနေ ကျွန်တော့်ဆီကို လှိုက်လှိုက်လှဲလှဲနဲ့ မက်ဆေ့ဂျ်တွေ ပို့ကြတယ်။ အဲဒါက ကျွန်တော် အဲဗာတန်ကိုရွေးချယ်ဖြစ်ခဲ့တဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုပါပဲ” ဟု ၎င်းက ပြောသည်။
အက်စတွန်ဗီလာနှင့် မန်ချက်စတာစီးတီး ကြယ်ပွင့်ကစားသမားဟောင်း ဂရီးလစ်ရှ်က ၎င်းလေးစားအားကျခဲ့ရသည့် ကစားသမားနှစ်ဦးဖြစ်သော ဝိန်းရွန်နီနှင့် ပေါလ် ဂက်စကွိုင်းတို့၏ လွှမ်းမိုးမှုကြောင့် ယခုကျောနံပါတ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။

“ကျွန်တော် ကျောနံပါတ် ၁၈ ကို ရွေးချယ်ရတဲ့ အကြောင်းရင်းရှိပါတယ်။ တခြားနံပါတ်တွေရှိပေမဲ့ ကျွန်တော်အကြိုက်ဆုံး အင်္ဂလန်ကစားသမားနှစ်ယောက်က ဝိန်းရွန်နီနဲ့ ပေါလ် ဂက်စကွိုင်းဖြစ်ပြီး သူတို့နှစ်ယောက်လုံးက ဒီအသင်းမှာ ကျောနံပါတ် ၁၈ ဝတ်ဆင်ခဲ့မှန်း ကျွန်တော်သိပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

“သဘောတူညီမှုရဖို့ နီးစပ်နေမှန်း သိလိုက်ရချိန်မှာ ကျွန်တော်ကြည့်လိုက်တော့ ကျောနံပါတ် ၁၈ လွတ်နေတာမို့ အတော်ပဲဖြစ်သွားတာပေါ့။ အခုကစပြီး ကျွန်တော် အဲဒီနံပါတ်ကိုပဲယူမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂရီးလစ်ရှ်မှာ အသင်းထံ အချိန်ကိုက်ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုသည်။”ကျွန်တော်တို့ သူ့ကို အချိန်ကိုက်ခေါ်ယူနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အတွေ့အကြုံရင့်ကျက်ပြီး ပရီးမီးယားလိဂ်အကြောင်းကိုလည်း ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့ကလည်း သူဘယ်လောက်အထိ စွမ်းဆောင်နိုင်လဲဆိုတာကို အပြည့်အဝ နားလည်ထားပါတယ်” ဟု ၎င်းက ပြောသည်။

“ဂျက်ခ်က အင်္ဂလန်အသင်းမှာ ပြန်ပြီးရွေးချယ်ခံရဖို့ ရည်မှန်းထားမှန်း ကျွန်တော်သိပါတယ်။ ဒါကြောင့် ဒီရာသီမှာ သူ့ရည်မှန်းချက် ပြည့်ဝသွားအောင် ကျွန်တော်တို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“သူနဲ့အတူ အလုပ်လုပ်ပြီး သူအကောင်းဆုံးခြေစွမ်းပြနိုင်မယ့် အခြေအနေတစ်ခုကို ဖန်တီးပေးဖို့ ကျွန်တော်တို့အားလုံး မျှော်လင့်နေတာပါ” ဟု နည်းပြ ဒေးဗစ်မွိုက်စ်က ဆိုသည်။ (Xinhua)
…………………………………………………………….
(English Version)
Grealish joins Everton on loan
LONDON, Aug. 12 (Xinhua) — Everton confirmed Tuesday that they have completed the loan signing of Jack Grealish from Manchester City.
“The 29-year-old England midfielder will spend the 2025-26 campaign with the Blues and will wear the Club’s number 18 shirt,” Everton said in a statement.
Grealish becomes Everton manager David Moyes’ sixth signing of the summer, following the permanent capture of Charly Alcaraz and the arrivals of Thierno Barry, Mark Travers, Adam Aznou and Kiernan Dewsbury-Hall.
“I’m over the moon to have signed for Everton – It’s massive for me, honestly. This is a great club, with great fans,” Grealish said.
“As soon as I spoke to the manager, I knew there was only one place that I wanted to go. On social media, I’ve been flooded with messages from Everton supporters, so there’s that side of it as well and that’s another reason why I chose Everton,” he said.
The former Aston Villa and Manchester City star revealed his choice of shirt number was inspired by two of his footballing idols, Wayne Rooney and Paul Gascoigne.
“There is a reason for [choosing number 18],” he explained. “There were other numbers but my two favorite English players ever are Wayne Rooney and Paul Gascoigne and I know they both wore number 18 here.
“So, as soon as I knew this deal was close, I had a look and number 18 was free, so that was perfect for me and it was the only number I was going to take from that point,” he said.
Moyes said the timing of Grealish’s move was perfect.
“I think we’re getting him at a good time because he’s experienced, he understands the Premier League, and we’re all fully aware of the levels he’s capable of performing to,” he said.
“I know Jack’s ambition is to get back into the England squad so hopefully we can help him achieve that over the course of the season.
“We’re all looking forward to working with him and providing a platform for him to show the best version of himself,” the Everton manager added. ■
English Caption 1
Manchester City’s Jack Grealish (R) is challenged by Inter Milan’s Nicolo Barella during the UEFA Champions League match between Manchester City and Inter Milan in Manchester, Britain, on Sept. 18, 2024. (Xinhua)
English Caption 2
Manchester City’s Jack Grealish celebrates after scoring the opening goal during the English Premier League match between Manchester City and Crystal Palace in Manchester, Britain, on Dec. 16, 2023. (Xinhua)