Connect with us

International Organizations

အက်သလက်တီကိုမက်ဒရစ်အသင်း၏ မက်ထရိုပိုလစ်တာနိုအားကစားကွင်းတွင် ၂၀၂၇ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကျင်းပမည်

Riyadh Air မက်ထရိုပိုလစ်တာနိုအားကစားကွင်းတွင် အက်သလက်တီကိုမက်ဒရစ် ကစားသမားများ လေ့ကျင့်ခန်းဆင်းနေသည်ကို ၂၀၂၅ ခုနှစ် သြဂုတ် ၂၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မက်ဒရစ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

UEFA စီမံခန့်ခွဲရေးကော်မတီက ၂၀၂၇ခုနှစ် ဗိုလ်လုပွဲကျင်းပမည့်နေရာအဖြစ် စက်တင်ဘာ ၁၁ ရက်တွင်ကြေညာခဲ့ပြီးနောက် အက်သလက်တီကိုမက်ဒရစ်အသင်းအိမ်ကွင်းဖြစ်သည့် မက်ထရိုပိုလစ်တာနို အားကစားကွင်းတွင် ချန်ပီယံရှစ် ဗိုလ်လုပွဲကို သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။အယ်ဘေးနီးယားနိုင်ငံမြို့တော် တီယာနာ၌ ကျင်းပသည့် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ဗိုလ်လုပွဲကို ၂၀၂၇ ခုနှစ် ဇွန် ၅ ရက်တွင် ကျင်းပမည်ဟု သတ်မှတ်ခဲ့သည်။ ယင်းသည် မက်ထရိုပေါလစ်တာနို အားကစားကွင်းတွင် ပထမဦးဆုံးဗိုလ်လုပွဲကျင်းပခဲ့သည့်အချိန်မှ ရှစ်ကြိမ်ကျော်ကြာပြီးနောက် ပြန်လည်ကျင်းပခြင်းလည်း ဖြစ်သည်။၂၀၁၉ ခုနှစ် ချန်ပီယံရှစ် ဗိုလ်လုပွဲစဥ်တွင် လီဗာပူးအသင်းနှင့် တော့တင်ဟမ်အသင်းတို့ ယှဥ်ပြိုင်ခဲ့ပြီး မိုဟာမက် ဆာလာက တစ်ဂိုး၊ ဒီဗော့အိုရီဂီက တစ်ဂိုး သွင်းယူခဲ့ပြီး လီဗာပူးအသင်းက ၂-၀ ဖြင့်အနိုင်ရရှိခဲ့သည်။

မက်ထရိုပိုလစ်တာနိုကွင်းသည် ပရိသတ် ၇၀,၆၉၂ ဦးဆံ့နိုင်ပြီး မက်ဒရစ်မြို့လယ်သို့ မြေအောက်ရထားသယ်ယူပို့ဆောင်ရေးဖြင့် ဆက်သွယ်သွားလာနိုင်ပြီး မြို့တော်၏ Barajas-Adolfo Suarez လေဆိပ် အနီးဝန်းကျင်တွင် တည်ရှိသည်။အဆိုပါအားကစားကွင်းကို စပိန်၊ ပေါ်တူဂီနှင့်မော်ရိုကိုနိုင်ငံတို့တွင်ကျင်းပမည့် ၂၀၃၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲများ ကျင်းပမည့်နေရာတစ်ခုအဖြစ် ယခင်ကတည်းက သတ်မှတ်ထားခဲ့ကြောင်း သိရသည်။ (Xinhua)
……….
(English Version)
Atletico Madrid’s Metropolitano Stadium to host 2027 Champions League final
MADRID, Sept. 11 (Xinhua) — Atletico Madrid’s Metropolitano Stadium will host the Champions League final for the second time in its history after the Executive Committee of UEFA announced on Thursday that it will be the venue for the 2027 final.
The Executive Committee meeting, which was held in the Albanian capital of Tirana, scheduled the final to be held on June 5, 2027, just over eight years since the ground hosted the final for the first time in its history.
The 2019 Champions League final was between Liverpool and Tottenham, with Liverpool winning the game 2-0 with goals from Mohamed Salah and Divock Origi.
The Metropolitano has capacity for 70,692 supporters and has a metro connection to the center of Madrid, as well as being situated close to the city’s Barajas-Adolfo Suarez airport.
The ground had previously been named as one of the venues for the 2030 World Cup finals which will be held in Spain, Portugal and Morocco.
Photo : Players of Atletico de Madrid attend a training session at Riyadh Air Metropolitano stadium in Madrid, Spain, on Aug. 21, 2025. (Photo by Gustavo Valiente/Xinhua)