International Organizations
အမျိုးသားအမြင့်ခုန် ကမ္ဘာ့ချန်ပီယံဆုကို နယူးဇီလန်နိုင်ငံမှ Kerr ဆွတ်ခူး

တိုကျို၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် စက်တင်ဘာ ၁၆ ရက်က အမျိုးသား အမြင့်ခုန် ဖိုင်နယ်ပွဲ၌ နယူးဇီလန်နိုင်ငံမှ အိုလံပစ်ချန်ပီယံ Hamish Kerr က ချန်ပီယံဆု ဆွတ်ခူးခဲ့သည်။
အသက် ၂၉ နှစ်အရွယ် ကစားသမားက ၎င်း၏ ပထမဆုံးကမ္ဘာ့လေဟာပြင်ချန်ပီယံဆုကို ရယူရန် ကမ္ဘာ့ထိပ်တန်းဖြစ်သော အမြင့် ၂.၃၆ မီတာကို ခုန်နိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ် ကမ္ဘာ့မိုးလုံလေလုံချန်ပီယံဆုရှင်ဖြစ်သော တောင်ကိုရီးယားနိုင်ငံမှ Woo Sang-hyeok က အမြင့် ၂.၃၄ မီတာ ခုန်ခဲ့ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း ၎င်း၏ဒုတိယမြောက်ကမ္ဘာ့ချန်ပီယံရှစ် ငွေတံဆိပ်ဆုကို ရရှိခဲ့သည်။
ချက်သမ္မတနိုင်ငံမှ Jan Stefela က ယူကရိန်းနိုင်ငံမှ Oleh Doroshchuk အား countback (အမှတ်တူသူများအား ပြိုင်ပွဲအတွင်း ၎င်းတို့၏ စွမ်းဆောင်ရည်များကို ပြန်လည်နှိုင်းယှဉ်သုံးသပ်၍ အနိုင်ရသူ ရွေးချယ်မှု) ၌ အနိုင်ရပြီး အမြင့် ၂.၃၁ မီတာဖြင့် ကြေးတံဆိပ်ဆုရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………….
(English Version)
New Zealand’s Kerr wins men’s high jump world title
TOKYO, Sept. 16 (Xinhua) — Olympic champion Hamish Kerr of New Zealand claimed victory in the men’s high jump final at the World Athletics Championships on Tuesday.
The 29-year-old cleared a world-leading 2.36 meters to secure his first global outdoor title.
South Korea’s Woo Sang-hyeok, the 2022 world indoor champion, cleared 2.34 meters for his second world championships silver after 2022.
Jan Stefela of the Czech Republic earned bronze after clearing 2.31 meters, edging Ukraine’s Oleh Doroshchuk on countback. ■
English Caption
Gold medalist Hamish Kerr of New Zealand celebrates after the men’s high jump final at the World Athletics Championships in Tokyo, Japan, on Sept. 16, 2025. (Xinhua/Li Gang)