Connect with us

International Organizations

ချန်ပီယံလိဂ်သို့ ပြန်လည်ရောက်ရှိချိန်၌ ပရာဒို့စ်၏ ရာသီကုန်အထိနားရမည့် ဒူးဒဏ်ရာကြောင့် အက်သလက်တစ်အသင်း ကြီးမားသော ဆုတ်ယုတ်မှုနှင့် ရင်ဆိုင်ရ

စပိန်နိုင်ငံ ဂီရိုနာမြို့တွင် ဂီရိုနာအသင်းနှင့် အက်သလက်တစ် ဘီဘာအိုအသင်းတို့၏ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က လာလီဂါပွဲစဉ်အတွင်း ဘီဘာအိုအသင်းမှ အီနာကီ ဝီလီယံစ်နှင့် ယှဉ်ပြိုင်နေသော ဂီရိုနာအသင်းမှ ဒါလေ ဘလိုင်း (ယာ) ကို တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အက်သလက်တစ် ဘီဘာအိုအသင်းသည် ၁၁ နှစ်ကြာပြီးနောက် ချန်ပီယံလိဂ်သို့ ပြန်လည်ရောက်ရှိမှုအကြို၌ ကွင်းလယ်ကစားသမား ဘီနတ်ပရာဒို့စ်၏ ဒူးခေါင်းအရွတ်စုတ်ပြဲကြောင်း အတည်ပြုချက်ဖြင့် ကြီးမားသောဆုတ်ယုတ်မှုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့သည်။ပရာဒို့စ်မှာ လွန်ခဲ့သည့်သီတင်းပတ်က လေ့ကျင့်ရေးတွင် ၎င်း၏ဘယ်ဘက်ဒူးဒဏ်ရာရရှိသွားကြောင်း ကလပ်အသင်းက စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ကြေညာခဲ့ပြီး “ခွဲစိတ်ရမည့်ရက်ကို လာမည့်ရက်များတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း” ဖြည့်စွက်ဖော်ပြခဲ့သည်။ အသက် ၂၄ နှစ်အရွယ် ကစားသမား ပရာဒို့စ်က ရာသီကုန်အထိ အနားယူရမည်ဖြစ်သည်။
အက်သလက်တစ်လူငယ်အကယ်ဒမီ၏ ထုတ်ကုန်တစ်ခုဖြစ်သည့် ပရာဒို့စ်သည် ဒုတိယတန်းကလပ် Mirandes မှ အငှားဖြင့်ပြန်လာပြီးနောက် လွန်ခဲ့သည့်ရာသီ၌ ၄၅ ပွဲကစားခဲ့ပြီး ယင်းမတိုင်ခင်ရာသီတွင် ၃၃ ပွဲကစားခဲ့သည်။

ပရာဒို့စ်သည် နည်းပြ အာနက်စ်တို ဗယ်လ်ဗာဒီလက်ထက်တွင် ဗဟိုကွင်းလယ်၌ Mikel Jauregizar နှင့် ဒဏ်ရာရရှိထားသော ဝါရင့်ကစားသမား Inigo Ruiz de Galarreta တို့ပြီးလျှင် တတိယရွေးချယ်မှုအဖြစ် သတ်မှတ်ခံရသည်။ ၎င်း၏ ယခုရာသီကုန်အထိ အနားယူရခြင်းက ချန်ပီယံလိဂ်၊ လာလီဂါ၊ ကိုပါဒယ်ရေးနှင့် စပိန်စူပါဖလားတို့ ပါဝင်သော ရာသီတွင် ၎င်းအနေဖြင့် အရေးပါသော အခန်းကဏ္ဍ၌ ကစားရဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

ယခုအခါ ဗယ်လ်ဗာဒီသည် ကွင်းလယ်ကစားသမား ပရာဒို့စ်၏ ဆုံးရှုံးမှုအတွက် ကာမိစေရန် B အသင်း ကစားသမား Alejandro Rego နှင့်အတူ အခြားဝါရင့်ဝါရင့်ကစားသမား Mikel Vesga တို့ကို အားထားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Season ending knee injury for Prados major setback as Athletic Club returns to Champions League
MADRID, Sept. 15 (Xinhua) — Athletic Bilbao received a major setback on the eve of its Champions League return after 11 years, with confirmation that midfielder Benat Prados has suffered a torn anterior cruciate ligament.
The club announced on Monday evening that Prados sustained the injury to his left knee in training last week, adding that “in the coming days we will decide the date for surgery.” The 24-year-old will miss the rest of the season.
A product of Athletic’s youth academy, Prados made 45 appearances last season and 33 the previous campaign after returning from a loan at second-division side Mirandes.
Prados was considered third choice in central midfield under coach Ernesto Valverde, behind Mikel Jauregizar and the injury-prone veteran Inigo Ruiz de Galarreta. His absence means he would have been expected to play an important role in a campaign that includes the Champions League, La Liga, Copa del Rey and Spanish Super Cup.
Valverde will now turn to another veteran, Mikel Vesga, along with B-team product Alejandro Rego to cover for the midfielder’s loss. ■
English Caption
Daley Blind (R) of Girona vies with Inaki Williams of Bilbao during a La Liga football match between Girona FC and Athletic Club Bilbao in Girona, Spain, on Nov. 27, 2023. (Photo by Joan Gosa/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.