Connect with us

International Organizations

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်းကောက်နုတ်ချက်

– အင်ဒိုနီးရှားတွင် ခရီးသည် ၁၀ ဦး လိုက်ပါသွားသည့် လေယာဉ်နှင့် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် ယင်းလေယာဉ်၏ အပျက်အစီးများဟု ယူဆရသော အစိတ်အပိုင်းများကို တွေ့ရှိ
– စာသင်ကျောင်းများ ပြန်ဖွင့်တော့မည်ဖြစ်ပြီး အမေရိကန် ‌ကျောထောက်နောက်ခံပေးထားသည့် နိုင်ငံအကြည်ညိုပျက်စေရန် လုပ်ဆောင်မှုကို အောင်နိုင်ခဲ့ပြီဟု အီရန်ထိပ်တန်းခေါင်းဆောင် ပြော
– အမေရိကန်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန်အတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ထည့်ဝင်မည်ဟူသော ကတိကဝတ်ကို ထရမ့် တောင်းခံမည်ဟု ဆို
– အမေရိကန်၏ ဂါဇာစီမံအုပ်ချုပ်ရေးဘုတ်အဖွဲ့ ဖွဲ့စည်းပုံကို အစ္စရေး ကန့်ကွက်
– ရာဇဝတ်မှုများ မြင့်တက်နေသည့် ပီရူးနိုင်ငံတွင် အရေးပေါ်အခြေအနေ သက်တမ်းတိုး
– အမေရိကန်စစ်တပ် ရုပ်သိမ်းသွားပြီးနောက် အီရတ်က လေတပ်အခြေစိုက်စခန်းကို အပြည့်အဝ ပြန်လည်ထိန်းချုပ်
– မန်ချက်စတာဒါဘီ နိုင်ပွဲကြောင့် ကာရစ်အတွက် အဖွင့်လှပခဲ့၊ အာဆင်နယ်နှင့် နော်တင်ဟမ်ဖောရက်စ် သရေကျ
– တရုတ်နိုင်ငံ လဲ့ချန်မြို့က ဆေးဘက်ဆိုင်ရာ ခရီးသွားလုပ်ငန်း ခရီးစဉ်ဒေသနှင့် တီထွင်ဆန်းသစ်မှု ဗဟိုချက်အဖြစ် ပေါ်ထွက်လာ
– တရုတ်နိုင်ငံ၏ esports ကဏ္ဍ ဖွံ့ဖြိုးလာမှုက ငွေကြေးသုံးစွဲမှု မောင်းနှင်အားအသစ်ဖြစ်လာ
– အာဖရိကနိုင်ငံများဖလားတွင် နိုင်ဂျီးရီးယားက အီဂျစ်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ပြီး တတိယရရှိ
– ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနားနိုင်ငံ ဆာရာယေဗိုမြို့တွင် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာသဖြင့် ယာဉ်အသွားအလာများကို ကန့်သတ်ထား
– မာမက်ဒီ ဒွန်ဘူယာက ဂီနီနိုင်ငံသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
– ဂျော်ဂျီယာနိုင်ငံတွင် နာဇီလက်သစ်ဝါဒ အကြမ်းဖက်မှုဟုဆိုသော ဖြစ်စဉ်နှင့်ပတ်သက်၍ လူ ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်း
– ဒါကာ ခရီးကြမ်းဆိုင်ကယ်စီးပြိုင်ပွဲတွင် ဘေနာဗီဒက်စ် အချိန်ကွာဟချက် အနည်းဆုံးဖြင့်ပန်းဝင်ကာ အနိုင်ရဗိုလ်စွဲ
– ကာ့ဒ်တပ်ဖွဲ့များ ရုပ်သိမ်းရေး သဘောတူညီချက် ကြန့်ကြာနေပြီးနောက် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်လာ
– ဂရင်းလန်းကျွန်းနှင့် ပတ်သက်၍ ဥရောပနိုင်ငံ ရှစ်နိုင်ငံအား အမေရိကန်က စည်းကြပ်ခွန် သတ်မှတ်မည်ဟု ထရမ့် ပြော
– ဂရင်းလန်းနှင့်ပတ်သက်၍ အမေရိကန်၏ စည်းကြပ်ခွန် ခြိမ်းခြောက်မှုမှာ လက်ခံနိုင်စရာမရှိဟု မက်ခရွန် ပယ်ချ
– ဂရင်းလန်းနှင့်ပတ်သက်၍ ထရမ့်၏ စည်းကြပ်ခွန် သတ်မှတ်မှုများမှာ အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးကို ထိခိုက်စေမည်ဟု အီးယူခေါင်းဆောင်များ သတိပေး
– မဟာမိတ်များအပေါ် စည်းကြပ်ခွန် သတ်မှတ်မည်ဟူသော အမေရိကန်၏ ခြိမ်းခြောက်မှုမှာ အလုံးစုံမှားယွင်းနေဟု ဗြိတိန်ဝန်ကြီးချုပ် ပြော
– အမေရိကန်၏ စည်းကြပ်ခွန် ခြိမ်းခြောက်မှုကို ဆွီဒင်ဝန်ကြီးချုပ် လက်သင့်မခံ၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းကို ခွင့်ပြုမည်မဟုတ်ဟု ဆို
– ထရမ့်၏ စည်းကြပ်ခွန်အစီအမံများကို သင့်လျော်သလို တုံ့ပြန်ရေးအတွက် စဉ်းစားဆုံးဖြတ်မည်ဟု ဂျာမနီအစိုးရ ပြော (Xinhua)

……………………………………………………………………………….
(English Version)
-Suspected wreckage found after aircraft carrying 10 people lost contact in Indonesia
-Iran’s supreme leader says U.S.-backed “sedition” defeated as schools set to reopen
-Trump seeks 1 bln USD pledge for joining U.S. Peace Board: report
-Israel opposes line-up of U.S.-formed Gaza executive board
-Peru extends state of emergency amid crime surge
-Iraq takes full control of airbase following U.S. withdrawal
-Perfect start for Carrick with derby win, Arsenal held by Nottingham Forest
-China’s Lecheng emerges as medical tourism destination, innovation hub
-China’s esports boom becomes new consumption engine
-Nigeria beats Egypt on penalties to secure Africa Cup of Nations third place
-Sarajevo imposes traffic curbs as air pollution worsens
-Mamady Doumbouya sworn in as president of Guinea
-16 detained in Georgia over alleged neo-Nazi violence
-Benavides wins Dakar Rally by narrowest margin
-Fighting intensifies in N. Syria as Kurdish forces’ withdrawal deal falters
-Trump says U.S. to impose tariffs on 8 European nations over Greenland
-Macron rejects US tariff threats over Greenland as “unacceptable”
-EU leaders warn Trump’s Greenland tariffs to undermine transatlantic ties
-British PM calls US threat to impose tariffs on allies “completely wrong”
-Swedish PM rejects U.S. tariff threat, saying not to be blackmailed
-German gov’t says to decide on appropriate responses to Trump’s tariff measure