International Organizations
လာလီဂါပွဲစဉ်- ၂၂ တွင် ဘာစီလိုနာက အယ်လ်ချီနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားမည်၊ ဥရောပတွင် ရှုံးပွဲကြုံခဲ့သည့် ရီးရဲလ်မက်ဒရစ်က လာလီဂါတွင် နိုင်ပွဲပြန်လည်ရယူရန် ရည်မှန်း
မက်ဒရစ်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
ယခုသီတင်းပတ်ကုန်၌ ယှဉ်ပြိုင်ကစားမည့် လာလီဂါပွဲစဉ်-၂၂ တွင် ဘာစီလိုနာက အယ်လ်ချီနှင့် အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်ကာ ရီးရဲလ်မက်ဒရစ်ကမူ ဒါဘီပွဲစဉ်အဖြစ် အိမ်ကွင်း၌ ရာယို ဗယ်လက်ကာနိုနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။အယ်လ်ချီ၏ ဘောလုံးအပေးအယူလုပ်သည့် ကစားဟန်မှာ ဘာစီလိုနာနှင့် ဆင်တူပြီး အယ်လ်ချီနည်းပြ အီဒါ ဆာရာဘီယာမှာ ဘာစီလိုနာအသင်းအား ခေတ္တကိုင်တွယ်ခဲ့သည့် Quique Setien ၏ လက်ထောက်နည်းပြအဖြစ် အလုပ်လုပ်ခဲ့ဖူးသူဖြစ်သည်။ သို့သော် ဆာရာဘီယာ၏အသင်းမှာ ပုံစံကောင်းပြနိုင်ရန် ရုန်းကန်နေရကာ လွန်ခဲ့သည့် ပွဲစဉ်လေးပွဲတွင် နှစ်ပွဲသရေကျကာ နှစ်ပွဲရှုံးနိမ့်ထားသည်။

စပိန်နိုင်ငံ ဘာစီလိုနာမြို့ ကော်နယ်လာအရပ်ရှိ RCDE အားကစားကွင်းတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်က အက်စပန်ညိုနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ ဒါနီ အိုလ်မို (အလယ်) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
ရီးရဲလ်မက်ဒရစ်က ရာယို ဗယ်လက်ကာနိုအသင်းကို ဖေဖော်ဝါရီ ၁ ရက်တွင် အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်ပြီး ဗယ်လက်ကာနိုမှာ လွန်ခဲ့သည့် သီတင်းပတ်ကုန်က အိုဆာဆူနာကို ရှုံးနိမ့်ခဲ့ပြီးနောက် တန်းဆင်းဇုန်မှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းနေရသည်။
ရီးရဲလ်မက်ဒရစ်မှာ ဇန်နဝါရီ ၂၈ ရက် ချန်ပီယံလိဂ်ပွဲစဉ်၌ ဘင်ဖီကာကို ၂-၄ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် အိမ်ကွင်းပရိသတ်များရှေ့မှောက်တွင် ယခုပွဲစဉ်ကို ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ အယ်လ်ဗာရို အာဘီလိုအာ၏အသင်းမှာ ချန်ပီယံလိဂ်တွင် နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ရန် play-off ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

လီဗန်တေးအသင်းကလည်း နည်းပြ လူးဝစ်စ် ကက်စထရို ရောက်ရှိလာပြီးနောက် ခြေစွမ်းပိုမိုကောင်းမွန်လာခဲ့ကာ လွန်ခဲ့သည့်သီတင်းပတ်က အယ်လ်ချီကို အိမ်ကွင်း၌ နောက်ကျဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းက အသင်း၏ စိတ်ဓာတ်ခွန်အားသစ်များကို မီးမောင်းထိုးပြလျက်ရှိသည်။
အက်သလက်တီကို မက်ဒရစ်ကမူ ပြီးခဲ့သည့် သီတင်းပတ်ကုန်၌ လာလီဂါတွင် အဆင့်-၃ သို့ တက်လှမ်းနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်တွင် ဘိုဒို/ဂလင့်ထ်ကို အိမ်ကွင်း၌ ရှုံးနိမ့်ခဲ့သဖြင့် နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ရန် ရီးရဲလ်မက်ဒရစ်နည်းတူ play-off ပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။


လာလီဂါပွဲစဉ်-၂၂ ၏ အစောဆုံးပွဲစဉ်အဖြစ် အလာဗက်စ်အသင်းက အဆင့်-၅ နေရာမှ အက်စပန်ညိုအသင်း၏ အိမ်ကွင်း၌ သွားရောက်ကစားရမည်ဖြစ်သည်။ အက်စပန်ညိုမှာ ပြီးခဲ့သည့်ပွဲစဉ် ငါးပွဲတွင် သုံးပွဲရှုံးနိမ့်ကာ တစ်ပွဲသရေကျခဲ့ပြီး ယခုရာသီ၌ ရလဒ်ကောင်းများ အဆုံးသတ်သွားခဲ့သည်။
ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်၌ အူမာ ဆာဒစ်၊ အူနိုင်း နူနက်စ်နှင့် ဂီဒို ရော့ဒရီဂက်ဇ်တို့ကို ခေါ်ယူအားဖြည့်ထားပြီး ခြေစွမ်းပိုင်း တိုးတက်လာသည့် ဗလင်စီယာအသင်းက ဘက်တစ်အသင်း၏ အိမ်ကွင်း၌ သွားရောက်ကစားရမည်ဖြစ်ရာ ရော့ဒရီဂက်ဇ်အနေဖြင့် ၎င်း၏အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)
…………………………………………………………
(English Version)
Barcelona visits Elche as Real Madrid looks to recover from Euro setback in La Liga
MADRID, Jan. 29 (Xinhua) — FC Barcelona visits Elche in the 22nd round of games, while Real Madrid plays a derby at home to Rayo Vallecano at the weekend in La Liga.
Pedri is the only injury for Barcelona that visits Elche on Saturday night after having to work hard to assure a top-eight finish in the Champions League group at home to Copenhagen on Wednesday.
Elche’s passing game is close to the football Barcelona plays and coach Eder Sarabia was assistant to Quique Setien during Setien’s brief spell at the Camp Nou, but his side has struggled for form with two draws and two defeats in the last two games.
Real Madrid entertains Rayo Vallecano on Sunday with Rayo slipping into the struggle to avoid relegation after its defeat to Osasuna last weekend.
Real Madrid plays in front of its fans after Wednesday’s painful 4-2 defeat to Benfica which means Alvaro Arbeloa’s side has to play an extra qualifying round to reach the last-16 of the Champions League.
Levante has improved since Luis Castro arrived as first team coach with its new spirit highlighted by last week’s last-gasp win at home to Elche.
Atletico Madrid is next up, with Diego Simeone’s side moving up to third last weekend, but then slipping to a painful home defeat to Bodo/Glint that means that like Real Madrid it will need a play-off to reach the Champions League last-16.
The weekend kicks off with Alaves away to fifth place Espanyol, whose excellent season has been halted by three defeats and a draw in five games.
