International Organizations
ဘိုင်ယန်မြူးနစ်၏ ဆုဖလားမျှော်လင့်ချက်အတွက် အဆုံးအဖြတ်ကာလကို ဟယ်ရီကိန်း ဖွင့်လှစ်
ဘာလင်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)
ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ဟော့ဖန်ဟိမ်းအသင်းကို ၅-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၏ အဆုံးအဖြတ်ပေးမည့် အဆင့်သို့ ရောက်ရှိစေခဲ့သည်ဟု တိုက်စစ်မှူး ဟယ်ရီကိန်းက ညွှန်းဆိုခဲ့သည်။ကိန်းမှာ ဘွန်ဒက်စ်လီဂါတွင် ၂၁ ပွဲ ကစားခဲ့ရာ ၂၄ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားသူဖြစ်သည်။”အခုကစပြီး အရေးကြီးလာပြီ” ဟု ဖေဖော်ဝါရီ ၈ ရက် ပွဲစဉ်၌ သုံးမှတ်ရရှိပြီးနောက် အသက် ၃၂ နှစ်အရွယ် ကိန်းက ပြောကြားခဲ့ကာ ဘိုင်ယန်အသင်းအနေဖြင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် လိုက်ပ်ဇစ်အသင်းနှင့် ယှဉ်ပြိုင်မည့် ဂျာမန်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်အတွက်လည်းကောင်း၊ မတ်လလယ်တွင် ယှဉ်ပြိုင်ရမည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်အတွက်လည်းကောင်း ပြင်ဆင်လျက်ရှိသည်။

ဘိုင်ယန်အသင်းမှာ ပြည်တွင်းလိဂ်ပြိုင်ပွဲ၌ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးတွင် ၆ မှတ်ဖြတ်၍ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီဖြစ်ရာ ယခုရာသီ၏ အဆုံးအဖြတ်ဖြစ်လာမည့် သီတင်းပတ်များဆီသို့ ရောက်ရှိလာချိန်တွင် အရှိန်အဟုန် မြှင့်တင်ရန် အရေးကြီးလာပြီဖြစ်ကြောင်းကို မီးမောင်းထိုးပြလျက်ရှိသည်။
ဘိုင်ယန်အသင်း နည်းပြချုပ် ဗင်းဆင့် ကွန်ပနီက အသင်းအနေဖြင့် ပြိုင်ပွဲတစ်ခုတည်းအပေါ် ဦးစားပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။”ကျွန်တော်တို့အတွက် ဆုဖလားတစ်လုံးက ကျန်တာတွေအားလုံးထက် ပိုအရေးကြီးတယ်လို့ မထင်ပါဘူး။ ဆုဖလားအားလုံးက အရေးကြီးတာမို့ ရနိုင်သလောက် ဆုဖလားများများ ရယူချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ကိန်း၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ လူးဝစ်စ် ဒီယက်ဇ်က ဟက်ထရစ်သွင်းယူကာ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးနောက် ဘိုင်ယန်အသင်းမှာ ဘွန်ဒက်စ်လီဂါပွဲစဉ်-၂၁ အပြီးတွင် သွင်းဂိုးစုစုပေါင်း ၇၉ ဂိုးအထိ ရရှိထားသည်။

နည်းပြကွန်ပနီကမူ အသင်း၏ကစားပုံမှာ တိုက်စစ်ပိုင်း သွင်းဂိုးများထက် ပို၍အရေးကြီးသည်ဟု ဆိုသည်။”ပွဲပြီးသွားပြီလို့ ထင်ရတဲ့ အခြေအနေမှာ သူတို့တွေ ရပ်တန့်မသွားဘဲ နောက်ဆုံးမိနစ်တွေအထိ တရစပ် ဖိအားပေးကစားခဲ့ကြတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး ပြိုင်ပွဲ၏ ယခုအဆင့်၌ ယင်းစိတ်ဓာတ်မျိုး ထားရှိရန် လိုအပ်သည်ဟု ဆိုသည်။စတုဂတ်နှင့် လေဗာကူဆင်တို့မှာ ဂျာမန်ဖလား ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ရာ လာမည့် နှစ်ရက်အတွင်း လက်ကျန်တစ်နေရာအတွက် ဘိုင်ယန်နှင့် လိုက်ပ်ဇစ်တို့ အဆုံးအဖြတ် ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ပွဲဆက်များနေသည့် အနေအထားတစ်ခု၌ ဖိအားများ ပိုတိုးလာစေခဲ့သည်။ဘိုင်ယန်မြူးနစ်မှာ ကွင်းပြင်ပတွင်လည်း တည်ငြိမ်မှု ပိုမိုအားကောင်းလာအောင် လုပ်ဆောင်လျက်ရှိသည်။ အသင်းအနေဖြင့် မကြာမီက တောင်ပံကစားသမား ဆက်ဂျ် နာဘရီအား ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့သလို ပြင်သစ်နောက်ခံလူ ဒါယော့ အူပါမီကာနိုနှင့် ဆွေးနွေးမှုမှာလည်း အပြီးသတ်လုနီးပါး ရှိနေပြီဖြစ်သည်။
စာချုပ်၌ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသော်လည်း ဘိုင်ယန်အသင်း ဥက္ကဋ္ဌ ဂျန်-ခရစ်ရှန် ဒရီဆင်ကမူ လအတန်ကြာ ဆွေးနွေးခဲ့ပြီးနောက် အပြည့်အဝ သဘောတူညီမှုရရှိခဲ့ပြီဟု ဆိုသည်။”ယုံကြည်မှုရှိပြီး နှစ်ဖက်စလုံးက ရှင်းရှင်းလင်းလင်း သဘောတူထားပြီးပြီဆိုရင် အပြီးသတ်လက်မှတ်ထိုးမယ့် အချိန်က အဓိကမကျတော့ပါဘူး” ဟု ဒရီဆင်က ပြောသည်။၎င်းအနေဖြင့် တစ်ရာသီလျှင် ယူရိုသန်း ၂၀ ဝန်းကျင် ရရှိနိုင်ဖွယ်ရှိပြီး လက်မှတ်ထိုးကြေးနှင့် ၂၀၂၇ ခုနှစ်တွင် စာချုပ်ဖျက်သိမ်းခွင့်ရှိသည့် အချက်တို့လည်း ပါဝင်ဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြလျက်ရှိသည်။ ကွန်ပနီက ၎င်းအနေဖြင့် အားကစား ကိစ္စရပ်များကိုသာမက စာချုပ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း စိတ်အေးလက်အေးရှိနေကြောင်း၊ ဟယ်ရီကိန်းအနေဖြင့် မြူးနစ်တွင် ၎င်း၏အနာဂတ်ကို ပိုမိုကြာမြင့်စွာ မြှုပ်နှံရေးနှင့် ပတ်သက်၍လည်း ကနဦး ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………………………………..
(English Version)
Kane opens crunch time for Bayern’s title hunt
BERLIN, Feb. 9 (Xinhua) — Bayern Munich’s emphatic 5-1 win over Hoffenheim has taken the Bavarians into what striker Harry Kane described as the decisive phase of the 2025/26 season.
Kane scored twice and has now netted 24 goals in 21 Bundesliga appearances, along with seven assists.
“From now on, it counts,” the 32-year-old said after Sunday’s three points, with Bayern preparing for a German Cup quarterfinal against RB Leipzig on Wednesday and the knockout stage of the UEFA Champions League in mid-March.
After two winless league matches, Bayern restored a six-point lead at the top, underlining the importance of building momentum as the season moves into its decisive weeks.
Head coach Vincent Kompany said the club is not prioritizing one competition over another.
“We don’t see one title above the others,” the former Manchester City defender said. “All are important, and we want as many as possible.”
Alongside Kane’s brace, Luis Diaz scored three goals and added two assists as Bayern lifted their league total to 79 goals after 21 rounds.
For Kompany, the display was about more than attacking output.
“They don’t stop when things seem done; they continue until the final minutes,” he said, describing the mindset required at this stage of the campaign.
With Stuttgart and Leverkusen already through to the German Cup semifinals, Bayern and Leipzig will decide the last remaining spot over the next two days, adding further pressure to an already congested schedule.
Off the pitch, Bayern have also moved to strengthen stability. The club recently extended winger Serge Gnabry’s contract until 2028, while negotiations with French defender Dayot Upamecano are nearing completion.
Although the contract has not yet been signed, chairman Jan-Christian Dreesen said a full agreement has been reached after months of talks.
“If there is trust and a clear yes from both sides, the timing of the final signature doesn’t really matter,” Dreesen said.
Media reports have cited figures of around 20 million euros per season, a signing bonus spread across the contract, and a potential exit clause in 2027.
Kompany said he remains relaxed about both sporting and contractual matters, noting that initial discussions have also taken place regarding Kane’s longer-term future in Munich.
