Connect with us

International Organizations

ဩစတြေးလျအိုးပင်း ချန်ပီယံဆုကို ရေဘက်ကီနာ ပထမဆုံးအကြိမ် ဆွတ်ခူး၊ တရုတ်တင်းနစ်မယ် ကျန်းက အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲ

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က ကာဇက်စတန်တင်းနစ်မယ် အယ်လီနာ ရေဘက်ကီနာနှင့် ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာတို့ ယှဉ်ပြိုင်သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနား၌ ဆုဖလားနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်နေသည့် အယ်လီနာ ရေဘက်ကီနာအား တွေ့ရစဉ် (ဆင်ဟွာ)

မဲလ်ဘုန်း၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၃၁ ရက်က ယှဉ်ပြိုင်ခဲ့သည့် စိတ်လှုပ်ရှားဖွယ် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်-၅ တင်းနစ်မယ် အယ်လီနာ ရေဘက်ကီနာက ဆီဒင်အမြင့်ဆုံးဖြစ်သူ အရီနာ ဆာဘလန်ကာကို အနိုင်ယူကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သလို ပြိုင်ပွဲနောက်ဆုံးနေ့မတိုင်မီ တစ်ရက်အလိုတွင် ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲတွင် တရုတ်တင်းနစ်မယ် ကျန်းစွိုက်က ၎င်းအတွက် တတိယမြောက် ဂရင်းစလင်း အမျိုးသမီးနှစ်ယောက်တွဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ရော့ဒ်လေဗာ အားကစားကွင်း၌ အမိုးပိတ်၍ ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲစဉ်၌ ကာဇက်စတန်တင်းနစ်မယ် ရေဘက်ကီနာက ဘီလာရုစ်တင်းနစ်မယ် ဆာဘလန်ကာကို ပွဲကစားချိန် ၂ နာရီနှင့် ၁၈ မိနစ်အကြာတွင် ၆-၄၊ ၄-၆၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။အဆိုပါပွဲစဉ်၌ ရေဘက်ကီနာက ပြိုင်ဘက်မတုံ့ပြန်နိုင်သည့် စပေးဘောရိုက်ချက်ဖြင့် ပွဲသိမ်းနိုင်ခဲ့ကာ ၎င်းအတွက် ဒုတိယမြောက် ဂရင်းစလင်းဆုဖလားကို ရယူနိုင်ခဲ့ပြီးနောက် လက်သီးချင်းထိ၍ ရိုးရိုးရှင်းရှင်းပုံစံဖြင့်သာ အောင်ပွဲခံခဲ့သည်။

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က ကာဇက်စတန်တင်းနစ်မယ် အယ်လီနာ ရေဘက်ကီနာနှင့် ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာတို့ ယှဉ်ပြိုင်သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲအား ကြည့်ရှုအားပေးနေသည့် ပရိသတ်များအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ၂၀၂၂ ခုနှစ် ဝင်ဘယ်ဒန်ချန်ပီယံမှာ အနိုင်ရဗိုလ်စွဲရန် ရေပန်းစားနေသည့် ဆာဘလန်ကာအား အဆုံးအဖြတ်ပွဲတွင် ၀-၃ ဖြင့် အရေးနိမ့်နေသော်လည်း ဖြုံလောက်စရာ ရိုက်ချက်များ၊ ပြင်းထန်သော စပေးဘောရိုက်ချက်များနှင့် အနိုင်မခံအရှုံးမပေးစိတ်ဓာတ်တို့ဖြင့် အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယခုပွဲစဉ်မှာ ၂၀၂၃ ခုနှစ် ဗိုလ်လုပွဲတွင် သုံးပွဲအထိ အကြိတ်အနယ်ယှဉ်ပြိုင်ပြီးမှ နောက်မှလိုက်ကစားသည့် ဆာဘလန်ကာ၏ အနိုင်ယူခြင်းကိုခံခဲ့ရသည့် ရေဘက်ကီနာအဖို့ ချိုမြိန်သည့် လက်စားချေမှုလည်းဖြစ်သည်။
“ဒါက တိုက်ပွဲတစ်ခုလိုပါပဲ။ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ကျွန်မ ဆက်ပြီးတိုက်ပွဲဝင်နိုင်ခဲ့တာပါ” ဟု အသက် ၂၆ နှစ်အရွယ် ရေဘက်ကီနာက ဆိုသည်။ “ဒီကိုလာရတာကို ကျွန်မ အမြဲတမ်းပျော်ပါတယ်။ ဒီနှစ်မှာ ကျွန်မရဲ့လက်စွမ်းကောင်းတွေကို ဆက်ထိန်းထားနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က ကာဇက်စတန်တင်းနစ်မယ် အယ်လီနာ ရေဘက်ကီနာနှင့် ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာတို့ ယှဉ်ပြိုင်သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် စပေးဘောအား ပြန်ရိုက်နေသည့် အရီနာ ဆာဘလန်ကာအား တွေ့ရစဉ် (ဆင်ဟွာ)

ယခုရလဒ်မှာ ဩစတြေးလျအိုးပင်း ဗိုလ်လုပွဲကို လေးကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့သည့် ဆာဘလန်ကာအတွက် ခါးသီးသော စိတ်ပျက်စရာ ရလဒ်တစ်ခုဖြစ်သော်လည်း ၎င်းအနေဖြင့် လွန်ခဲ့သောတစ်နှစ်က မက်ဒီဆင် ကီးစ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဗိုလ်လုပွဲနှစ်ကြိမ်ဆက်တိုက် ရှုံးပွဲကြုံခဲ့ခြင်းဖြစ်သည်။

ယခုပွဲစဉ်မတိုင်မီအထိ ဆာဘလန်ကာမှာ မဲလ်ဘုန်းပါ့ခ်တွင် ၂၇ ပွဲ ယှဉ်ပြိုင်ခဲ့ရာ ၂၆ ပွဲအထိ အနိုင်ရရှိခဲ့သည်။ပရော်ဖက်ရှင်နယ်အဆင့် ပြိုင်ပွဲတစ်လျှောက်တွင် ယခင်က အက်ဗွန်း ဂူလဂွန် ကောလီနှင့် မာတီနာ ဟင်းဂစ်တို့နှစ်ဦးတည်းသာ ဩစတြေးလျအိုးပင်း ဗိုလ်လုပွဲသို့ လေးကြိမ်ထက်မနည်း တက်ရောက်နိုင်ခဲ့သည်။”ဒီမှာရှိနေရတာကို ကျွန်မသဘောကျပါတယ်။ လာမယ့် ဩစတြေးလျအိုးပင်းပြိုင်ပွဲက ကျွန်မအတွက် ပိုကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်လာဖို့ မျှော်လင့်ထားပါရစေ” ဟု ဂရင်းစလင်းဆုဖလားလေးခု ဆွတ်ခူးနိုင်ရန် စိတ်ပိုင်းဖြတ်ထားဆဲဖြစ်သည့် ဆာဘလန်ကာက ပြောသည်။

အဆိုပါဗိုလ်လုပွဲမှာ ပရိသတ်များ ရင်ခုန်စွာမျှော်လင့်နေသည့်အတိုင်းပင် ထိပ်တန်းအဆင့် ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး ဆာဘလန်ကာရော ရေဘက်ကီနာပါ ပွဲလတ်တစ်ပွဲမှ ရှုံးနိမ့်ခြင်းမရှိဘဲ ဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဗိုလ်လုပွဲတွင် ရေဘက်ကီနာက ပြိုင်ဘက်မတုံ့ပြန်နိုင်သည့် စပေးဘောရိုက်ချက်ကို အချိန်ကိုက်အသုံးပြုကာ ပွဲသိမ်းနိုင်ခဲ့ပြီး မေဂျာပြိုင်ပွဲများတွင် လေးနှစ်ကြာ ဆုဖလားနှင့် ဝေးကွာနေမှုကို အဆုံးသတ်နိုင်ခဲ့သည်။
အစောပိုင်းတွင် ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲ၌ ကျန်းနှင့် ဘယ်လ်ဂျီယမ်တင်းနစ်မယ် အဲလစ်စ် မာတင်စ်တို့အတွဲက အန်နာ ဒါနီလီနာနှင့် အလက်ဇန်ဒရာ ကရူနစ်တို့အတွဲ (ဆီဒင်-၇) ကို ရော့ဒ်လေဗာ အားကစားကွင်း၌ ပွဲချိန် ၁ နာရီနှင့် ၄၈ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ပြီးနောက် ၇-၆ (၄)၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့သည်။

၂၀၂၂ ခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲတွင် ဒုတိယနှင့်သာ ကျေနပ်ခဲ့ရပြီးနောက် အတူတွဲ၍ ယှဉ်ပြိုင်ခြင်းမရှိတော့သည့် မာတင်စ်နှင့် ကျန်းတို့မှာ မေဂျာဆုဖလားကို ပထမဆုံးအကြိမ် နှစ်ယောက်တွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယခင် ကမ္ဘာ့အဆင့်-၂ နှစ်ယောက်တွဲတင်းနစ်မယ်ဖြစ်သူ ကျန်းမှာ ယခင်က ၂၀၁၉ ခုနှစ် ဩစတြေးလျအိုးပင်းနှင့် ၂၀၂၁ ခုနှစ် ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ဩစတြေးလျတင်းနစ်မယ် ဆမန်သာ စတိုဆာနှင့်အတူ ရယူနိုင်ခဲ့သူဖြစ်သည်။

“သိပ်ကိုထူးခြားပါတယ်။ ကျွန်မတို့ ဘယ်လောက်လက်စွမ်းကောင်းတယ်ဆိုတာ အသင်းတိုင်းကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်မတို့ အသင်းကောင်းတွေအများကြီးနဲ့ ကစားခဲ့တာပါ” ဟု ကျန်းက ပြောသည်။
ယခုတစ်ကြိမ်မှာ မာတင်စ်အဖို့ မေဂျာဆုဖလားကို ခြောက်ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်သလို မဲလ်ဘုန်းတွင် တတိယအကြိမ် ရရှိခဲ့ခြင်းလည်းဖြစ်ကာ နှစ်ယောက်တွဲ ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ အဆင့်-၁ သို့ တက်လှမ်းနိုင်ခဲ့သည်။ (Xinhua)
………………………………………….
(English Version)
Australian Open: Rybakina wins maiden title, China’s Zhang tastes women’s doubles success
MELBOURNE, Jan. 31 (Xinhua) — World number five Elena Rybakina powered past top seed Aryna Sabalenka to win a nerve-jangling Australian Open women’s singles final on Saturday, while China’s Zhang Shuai won her third Grand Slam women’s doubles title on the penultimate day of the tournament.
Under the closed roof at Rod Laver Arena, Kazakhstan’s Rybakina overcame Belarussian Sabalenka 6-4, 4-6, 6-4 in two hours and 18 minutes.
Rybakina sealed her second Grand Slam title with an ace and celebrated in low-key fashion with a fist pump.
The 2022 Wimbledon champion upset favored Sabalenka with formidable firepower, strong serving and resilience after having been down 0-3 in the deciding set.
It was sweet revenge after Rybakina had been left heartbroken in the 2023 final when Sabalenka came from behind in a three-set classic.
“It was a battle and your support (the crowd) kept me going,” said the 26-year-old Rybakina. “I always enjoy coming here. Hopefully we can keep going strong this year.”
It was a bitter disappointment for Sabalenka, who was contesting her fourth straight final at the Australian Open, but she has now lost two in a row having been stunned 12 months ago by Madison Keys.
Before this match, Sabalenka had won 26 of her last 27 matches at Melbourne Park.
Only Evonne Goolagong Cawley and Martina Hingis had previously reached at least four straight Australian Open finals in the professional era.
“I love being here. Let’s hope that next [Australian Open] is going to be a better year for me,” said Sabalenka, who remains anchored on four Grand Slam titles.
The much-anticipated final lived up to top billing with Sabalenka and Rybakina entering having not dropped a set en route to the final.
Rybakina, fittingly, sealed her triumph with an ace to end her four-year title drought at majors.
Earlier in the women’s doubles final, Zhang combined with Belgium’s Elise Mertens to beat seventh seeds Anna Danilina and Aleksandra Krunic 7-6 (4), 6-4 in one hour and 48 minutes at Rod Laver Arena.
It is the first major title for the pairing of Mertens and Zhang, who shared a successful reunion having not played together since a runners-up finish at Wimbledon 2022.
Zhang, a former No. 2 ranked doubles player, had previously won the 2019 Australian Open and the 2021 US Open alongside Australian Samantha Stosur.
“Very special. We show every team how good we are,” Zhang said. “We played so many great teams.”
It was Mertens’ sixth major title and third in Melbourne as she ascends to the No. 1 doubles ranking.
English Caption 1
Elena Rybakina poses with the trophy during the awarding ceremony after the women’s singles final between Elena Rybakina of Kazakhstan and Aryna Sabalenka of Belarus at the Australian Open tennis tournament in Melbourne, Australia, Jan. 31, 2026. (Xinhua/Ma Ping)
English Caption 2
People watch the women’s singles final between Elena Rybakina of Kazakhstan and Aryna Sabalenka of Belarus at the Australian Open tennis tournament in Melbourne, Australia, Jan. 31, 2026. (Photo by Wang Shen/Xinhua)
English Caption 3
Aryna Sabalenka hits a return during the women’s singles final between Elena Rybakina of Kazakhstan and Aryna Sabalenka of Belarus at the Australian Open tennis tournament in Melbourne, Australia, Jan. 31, 2026. (Xinhua/Ma Ping)