Connect with us

International Organizations

ပရီးမီးယားလိဂ်တွင် မန်ချက်စတာစီးတီးက နယူးကာဆယ်ကို အနိုင်ယူကာ အာဆင်နယ်ကို ဆက်လက်ဖိအားပေး၊ လိဒ်စ်က အက်စတွန်ဗီလာကို သရေကစားနိုင်ခဲ့

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တော့တင်ဟမ် ဟော့စပါးအသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ တော့တင်ဟမ်အသင်းမှ အာချီ ဂရေး (ဝဲ) နှင့် မန်ချက်စတာစီးတီးအသင်းမှ နစ်ကို အိုရိုင်လီတို့ ယှဉ်ပြိုင်ကစားနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၂၁ ရက်က ပရီးမီးယားလိဂ်ပွဲစဉ်- ၂၇ အဖြစ် မန်ချက်စတာစီးတီးနှင့် နယူးကာဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန်ချက်စတာစီးတီးက ခက်ခက်ခဲခဲ ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် မြောက်လန်ဒန်ဒါဘီပွဲစဉ် ယှဉ်ပြိုင်ကစားမည့် အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်နှင့် နှစ်မှတ်အကွာ အနေအထားသို့ ရောက်ရှိလာခဲ့သည်။ပွဲချိန် ၁၄ မိနစ်တွင် နစ်ကို အိုရိုင်လီက အနိမ့်ကန်ချက်ဖြင့် မန်စီးတီးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ထောင့်ကန်ဘော ကန်တင်ပေးမှုကို လူးဝစ်စ် ဟောလ် ပိတ်သွင်းခဲ့ရာ လမ်းကြောင်းပြောင်း၍ ဂိုးဝင်သွားသဖြင့် နယူးကာဆယ်အသင်း ချေပဂိုးရရှိခဲ့သည်။ ထို့နောက် ပွဲချိန် ၂၇ မိနစ်တွင် အာလင် ဟာလန်း၏ ပေးပို့မှုမှတစ်ဆင့် အိုရိုင်လီက ဒုတိယဂိုးသွင်းယူခဲ့သဖြင့် မန်စီးတီးအသင်း ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တော့တင်ဟမ် ဟော့စပါးအသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ မန်ချက်စတာစီးတီးအသင်းမှ အန်တိုနီ ဆီမန်ညို (ဝဲ) ဂိုးသွင်းပြီးနောက် အသင်းဖော် အာလင် ဟာလန်းနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

အက်စတွန်ဗီလာက အိမ်ကွင်း ဗီလာပတ်ခ်တွင် လိဒ်စ်ယူနိုက်တက်နှင့် ၁ ဂိုးစီ သရေကျခဲ့ပြီး အန်တန် စတက်ချ်က လှပသေသပ်သည့် ဖရီးကစ်သွင်းဂိုးဖြင့် ဧည့်သည်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။သို့သော်လည်း လိဒ်စ်အသင်းမှာ ပွဲချိန် ၈၉ မိနစ်အထိသာ တောင့်ခံထားနိုင်ခဲ့ပြီး ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်၌ ခေါ်ယူခဲ့သည့် တမ်မီ အေဘရာဟမ်က အက်စတွန်ဗီလာအတွက် ချေပဂိုး ပြန်လည်သွင်းယူခဲ့သော်လည်း ဗီလာ၏ ခပ်ရေးရေးသာကျန်ရှိသည့် ချန်ပီယံမျှော်လင့်ချက်များမှာ အဆုံးသတ်သွားဖွယ်ရှိသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တော့တင်ဟမ် ဟော့စပါးအသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ မန်ချက်စတာစီးတီး မန်နေဂျာ ပက်ပ် ဂွါဒီယိုလာ လက်ဟန်ခြေဟန်ဖြင့် ညွှန်ကြားနေစဉ် (ဆင်ဟွာ)

ချဲလ်ဆီးအသင်းက အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ဂျ်တွင် ဘန်လေအသင်း၏ နောက်ကျဂိုးကို ခွင့်ပြုခဲ့ရပြီး ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သဖြင့် ရာသီကုန်တွင် ထိပ်ဆုံးလေးသင်းထဲ ဝင်နိုင်ရေးအတွက် ကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေခဲ့သည်။ပွဲစပြီး လေးမိနစ်အကြာတွင် ပက်ဒရို နက်တို၏ အနိမ့်ဘောဖြတ်တင်ပေးမှုကို ဂျာအို ပက်ဒရိုက အလိုက်သင့်ပိတ်သွင်း၍ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ သို့သော် ပွဲချိန် ၇၂ မိနစ်တွင် နောက်ခံလူ ဝက်စလေ ဖိုဖာနာ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရပြီးနောက် ချဲလ်ဆီးအသင်း ခံစစ်ပိတ်ကစားခဲ့ရာ နာကျင်အချိန်ပိုတွင် ဂျိမ်းစ် ဝက်ဒ်ပရောက်စ်၏ တိကျသော ထောင့်ကန်ဘောကန်တင်ပေးမှုကို ဇီယန် ဖလမ်းမင်းက ခေါင်းတိုက်၍ ဘန်လေအတွက် ချေပဂိုးသွင်းယူခဲ့သည်။

ဘရိုက်တန်က ဘရန့်ဖို့ဒ်ကို အဝေးကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ယူကာ အရေးတကြီးလိုအပ်နေသည့် နိုင်ပွဲတစ်ပွဲကို ရှာဖွေနိုင်ခဲ့ပြီး အနိုင်ဂိုးများကို ဒီယေဂို ဂိုးမက်ဇ်နှင့် ဒန်နီ ဝဲလ်ဘက်ခ်တို့က ပထမပိုင်းတွင် သွင်းယူခဲ့ကာ ထိုပွဲစဉ်၌ ဂျိမ်းစ် မီလ်နာမှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၆၅၄ ပွဲမြောက်အဖြစ် ပါဝင်ကစားခဲ့ပြီး သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။

လန်ဒန်စတေဒီယမ်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဝက်စ်ဟမ်းအသင်းနှင့် ဘုန်းမောက်အသင်း၏ ပွဲစဉ်မှာမူ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သဖြင့် ရမှတ်တစ်မှတ်စီသာ ရရှိခဲ့ပြီး ဝက်စ်ဟမ်းမှာ အမှတ်ပေးဇယား အောက်ဆုံးသုံးသင်းထဲမှ ရုန်းထွက်နိုင်ခြင်းမရှိသေးပေ။ (Xinhua)
…………………………………………………………………………………….
(English Version)
Manchester City beats Newcastle to pressure Arsenal as Leeds holds Aston Villa
LONDON, Feb. 22 (Xinhua) — Manchester City closed Arsenal’s lead at the top of the Premier League to just two points ahead of Sunday’s North-London derby with a hard-fought 2-1 win at home to Newcastle United.
Nico O’Reilly put Manchester City ahead in the 14th minute with a fizzing low shot and although Lewis Hall equalized for Newcastle with a deflected shot following a corner, O’Reilly’s second from an Erling Haaland cross in the 27th minute restored Manchester City’s lead.
Aston Villa was frustrated by Leeds United in a 1-1 draw at Villa Park, which saw Anton Stach score an excellent free kick to put the battling visiting side ahead.
Leeds clung on until the 89th minute when January arrival Tammy Abraham netted a goal for Aston Villa, whose slim title chances has probably now gone.
Chelsea’s efforts to finish in the top-four were frustrated by a late goal as Burnley salvaged a 1-1 draw at Stamford Bridge.
Joao Pedro put Chelsea in front after just four minutes after sliding in Pedro Neto’s low cross, but after Wesley Fofana was sent off for seeing the second of his two yellow cards in the 72nd minute, Chelsea was guilty of sitting deep and Zian Flemming punished them with an injury time header from James Ward-Prowse’s pinpoint corner.
James Milner made history with a record 654th Premier League appearance as Brighton claimed a much-needed 2-0 win away to Brentford with first half goals from Diego Gomez and Danny Welbeck.
West Ham and Bournemouth took a point each in a 0-0 draw at the London Stadium which leaves West Ham still in the bottom three.
English Caption 1
Archie Gray (L) of Tottenham Hotspur battles with Nico O’Reilly of Manchester City during the English Premier League match between Tottenham Hotspur and Manchester City in London, Britain, on Feb. 1, 2026. (Xinhua)
English Caption 2
Antoine Semenyo (L) of Manchester City celebrates after scoring with teammate Erling Haaland during the English Premier League match between Tottenham Hotspur and Manchester City in London, Britain, on Feb. 1, 2026. (Xinhua)
English Caption 3
Pep Guardiola, manager of Manchester City, gestures during the English Premier League match between Tottenham Hotspur and Manchester City in London, Britain, on Feb. 1, 2026. (Xinhua)