International Organizations
ဘာစီလိုနာအသင်းထံ ပြန်လည်ပြောင်းရွှေ့ရန် ချဲလ်ဆီးနောက်ခံလူ ကူကူရယ်လာ လမ်းဖွင့်ထား
မက်ဒရစ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
ချဲလ်ဆီးအသင်း နောက်ခံလူ မာ့ခ် ကူကူရယ်လာက ၎င်းအနေဖြင့် ဘာစီလိုနာအသင်းထံ ပြန်လည်ပြောင်းရွှေ့ရန် အခွင့်အရေးရရှိလာပါက ငြင်းဆန်ရန် ခက်ခဲလိမ့်မည်ဟု ပြောကြားခဲ့ပြီး ယခုရာသီတွင် ချဲလ်ဆီးအသင်း၏ ဦးတည်ရာ လမ်းကြောင်းနှင့် ပတ်သက်၍လည်း စိတ်ပျက်မိသည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။
အဆိုပါ အသက် ၂၇ နှစ်အရွယ် စပိန်လက်ရွေးစင်ကစားသမားအနေဖြင့် ဘာစီလိုနာအသင်း၏ လူငယ်စီမံကိန်းမှ ထွက်ပေါ်လာသူဖြစ်သော်လည်း စပိန်ဘုရင့်ဖလား ပွဲစဉ်တစ်ပွဲတွင်သာ အသင်းကြီးအတွက် ပွဲထွက်ကစားခွင့်ရခဲ့ပြီးနောက် အီဘာနှင့် ဂီတာဖေးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။ ထို့နောက် ကူကူရယ်လာမှာ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ခဲ့ကာ ဘရိုက်တန်အသင်းတွင် တစ်ရာသီကစားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဇွန်လတွင် ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
မတ် ၃၁ ရက်က အီဂျစ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်အသင်း၏ နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ ကူကူရယ်လာက ၎င်းအနေဖြင့် နူးကမ့်သို့ ပြန်လည်ပြောင်းရွှေ့နိုင်မည့် အခွင့်အရေးကို ငြင်းဆန်ရန် ခက်ခဲလိမ့်မည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တင် မကပါဘူး။ ကျွန်တော့်မိသားစုကလည်း အဲဒီလိုပါပဲ။ အခွင့်အရေးရလာပြီဆိုရင် ကျွန်တော်တို့ ဆုံးဖြတ်ချက်ချရမှာပါ” ဟု ကူကူရယ်လာက ဆိုသည်။
ယခုရာသီအစောပိုင်းက နည်းပြ အန်ဇို မာရက်စကာကို ထုတ်ပယ်ခဲ့သည့် ချဲလ်ဆီးအသင်း၏ ဆုံးဖြတ်ချက်ကိုလည်း ကူကူရယ်လာက ဝေဖန်ခဲ့ပြီး အသင်းအနေဖြင့် အဓိကပြိုင်ပွဲကြီးများတွင် ယှဉ်ပြိုင်ရန် လိုအပ်သည့် အဆင့်အတန်းမျိုးနှင့် ကွာဟနေဆဲဖြစ်သည်ဟု ပြောကြားခဲ့ကာ ပိုမိုငယ်ရွယ်သည့် ကစားသမားများကို ခေါ်ယူအားဖြည့်သည့် အသင်း၏ မူဝါဒကိုလည်း ထောက်ပြပြောဆိုခဲ့သည်။
“နေ့တိုင်း ကြိုးစားပမ်းစား လေ့ကျင့်နေပေမဲ့ အရေးကြီးပြိုင်ပွဲတွေမှာ ကျွန်တော်တို့ ထိပ်တန်းအဆင့်ကိုရောက်ဖို့ လိုအပ်နေသေးတယ်ဆိုတာကို သိလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။
“အဲဒါက အသင်းရဲ့မူဝါဒတစ်ခုဆိုတာရယ်၊ အသင်းအနေနဲ့ အဲဒီလမ်းကြောင်းအတိုင်း သွားချင်တယ် ဆိုတာရယ်ကို ကျွန်တော် နားလည်သဘောပေါက်ပေမဲ့ ဒီမှာရှိနေသေးတဲ့ ကျွန်တော်တို့အားလုံးက ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ရယူချင်ကြတယ်လေ။ အဲဒီလို အခိုက်အတန့်တွေက စိတ်ပျက်အားလျော့စေတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ရှားလော့မြို့ရှိ Bank of America အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဇွန် ၂၈ ရက်က ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းနှင့် အင်္ဂလန်ကလပ် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်မတိုင်မီ ချဲလ်ဆီးအသင်းမှ မာ့ခ် ကူကူရယ်လာ ရောက်ရှိလာပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်က ချဲလ်ဆီးအသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ ချဲလ်ဆီးအသင်းမှ မာ့ခ် ကူကူရယ်လာ (ဝဲ) နှင့် လီဗာပူးလ်အသင်းမှ မိုဟာမက် ဆာလာတို့ ရင်ဆိုင်တွေ့နေစဉ် (ဆင်ဟွာ)
………………
(English Version)
Chelsea defender Cucurella open to Barcelona return
MADRID, March 31 (Xinhua) — Chelsea defender Marc Cucurella said that it would be difficult to turn down a return to Barcelona if the opportunity arose, while also voicing frustration over his club’s direction this season.
The 27-year-old Spain international came through Barcelona’s youth system but made just one first-team appearance in the Copa del Rey before spells with Eibar and Getafe. He later moved to the Premier League, spending a season at Brighton before joining Chelsea in June 2022.
Speaking ahead of Spain’s international friendly against Egypt on Tuesday, Cucurella said a return to Camp Nou would be hard to refuse.
“It’s not just me, it’s also my family,” he said. “If the chance comes then we’ll have to make a decision.”
The left-back also criticized Chelsea’s decision earlier this season to sack coach Enzo Maresca and suggested the club remains short of the level required to compete for major honors, pointing in part to its policy of recruiting younger players.
“You are fighting and training every day only to realize, at the very end, that when games matter, we are still a bit away from the top level,” he said.
“I understand this is part of the club’s policy, and that they want to take this direction, but for all of us who are still here and want to win big things, moments like this make you feel discouraged.”
English Caption 1
Marc Cucurella (L) of Chelsea battles with Matty Cash of Aston Villa during the English Premier League match between Chelsea and Aston Villa in London, Britain, Dec. 27, 2025. (Xinhua)
English Caption 2
Marc Cucurella of Chelsea FC arrives before the round of 16 match between Portugal’s SL Benfica and England’s Chelsea FC at the FIFA Club World Cup 2025 at the Bank of America Stadium, Charlotte, the United States, June 28, 2025. (Xinhua/Huang Zongzhi)
English Caption 3
Chelsea’s Marc Cucurella (L) challenges Liverpool’s Mohamed Salah during the English Premier League match between Chelsea FC and Liverpool FC in London, Britain, on Oct. 4, 2025. (Xinhua)
