ကုလသမဂ္ဂ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယူကရိန်း အကျပ်အတည်းကို အဖြေရှာရေး ငြိမ်းချမ်းသောနည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် တရုတ်နိုင်ငံ အထူးသံတမန်က စက်တင်ဘာ ၈ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။ ယူကရိန်းအကျပ်အတည်းသည် အချိန်ကာလရှည်ကြာလှပြီဖြစ်ကာ မြေပြင်ရှိ တင်းမာမှုများမှာ မြင့်မားနေဆဲဖြစ်သလို ယင်းအခြေအနေကြောင့် သက်ရောက်မှုများမှာလည်း ပိုမိုလျင်မြန်စွာ ပျံ့နှံ့လျက်ရှိသည်။...
ကုလသမဂ္ဂ၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) ယူကရိန်း ပြန်လည် ငြိမ်းချမ်းရေးအတွက် လိုအပ်သည်မှာ တွေ့ဆုံဆွေးနွေးရေးဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ဩဂုတ် ၁၇ ရက်တွင် ပြုလုပ်သော ယူကရိန်းသို့ လက်နက်ထောက်ပံ့မှုအပေါ် လုံခြုံရေးကောင်စီ၏ စိစစ်သုံးသပ်မှု အစည်းအဝေး၌ ပြောကြားခဲ့သည်။...
ဂျီနီဗာ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံရှိ ကြောင်အချို့တွင် ကြက်ငှက်တုပ်ကွေးရောဂါပိုး ကူးစက်ခံရပြီး သေဆုံးမှု ဖြစ်ပွားကြောင်း၊ ၎င်းမှာ နိုင်ငံတစ်နိုင်ငံတည်း၌ ကြောင်အရေအတွက် အများအပြားတွင် ကြက်ငှက်တုပ်ကွေးရောဂါကူးစက်မှုရှိသည်ကို ပထမဆုံးအကြိမ်တင်ပြခြင်း ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇူလိုင် ၁၇ ရက်တွင် အသိပေးပြောကြားခဲ့သည်။ ပိုလန်နိုင်ငံတွင် ကြောင်များ ပုံမှန်မဟုတ်သော...
ဂျီနီဗာ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအနေဖြင့် သမုဒ္ဒရာအတွင်းသို့ နျူကလီးယားညစ်ညမ်းရေစွန့်ထုတ်မည့် အစီအစဉ်ကိုရပ်တန့်ရန် တရုတ်နိုင်ငံက ၅၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေး၌ တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဂျပန်နိုင်ငံဆိုင်ရာ Universal Periodic Review (UPR) ရလဒ်ကို ဇူလိုင် ၁၀...
ကုလသမဂ္ဂ၊ ဇွန် ၇ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ တောင်ပိုင်း Kakhovka ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဆည် ပျက်စီးမှုအပေါ် အလွန်အမင်းစိုးရိမ်မိကြောင်း တရုတ်သံတမန်က ပြောကြားခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများနှင့် အရပ်ဘက် အဆောက်အအုံများ ကာကွယ်ရေးသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေတွင် အရေးပါသောစည်းမျဉ်းတစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ပြောခဲ့သည်။...
ကုလသမဂ္ဂ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ၏ အခြေအနေ သုံးသပ်ရေး အရေးပေါ်အစည်းအဝေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဧပြီ ၂၅ ရက်တွင် ကျင်းပခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွင်းက အခြေအနေတင်းမာမှုများ ထပ်ဆင့်တိုးလာမှု ရှောင်ရှားနိုင်ရေးအတွက် ဆူဒန်ပဋိပက္ခဖြစ်ပွားသူများ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန်...
ကုလသမဂ္ဂ၊ မတ် ၂၉ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ ပျောက်ဆုံးသူများကိစ္စရပ်ဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် မတ် ၂၈ ရက်က ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ သိုက်ပင်းက ပြောကြားခဲ့ရာတွင် ဆီးရီးယား လူ့အခွင့်အရေး ပြဿနာအပေါ် အချို့နိုင်ငံများက ထားရှိသော သူတော်ကောင်းယောင်ဆောင်မှုကို...
ကုလသမဂ္ဂ၊ မတ် ၂၄ ရက် (ဆင်ဟွာ) ကမ္ဘာ့လူဦးရေ၏ ၇၈ ရာခိုင်နှုန်း သို့မဟုတ် လူပေါင်း ၆.၁ ဘီလီယံခန့်သည် လက်ရှိ ရေဖူလုံမှုမရှိသော နိုင်ငံများတွင် နေထိုင်နေရကြောင်း ကုလသမဂ္ဂအစီရင်ခံစာတစ်ခု၏ ဖော်ပြချက်များအရ သိရသည်။ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ ၁၆ နိုင်ငံနှင့် ကျွန်းနိုင်ငံ ၇ နိုင်ငံဖြစ်သော...
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) နှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့(UNICEF)၏ ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ထားသော ထရပ်ကား ၂၂ စီးသည် မတ်လ ၄ ရက်တွင် တူရကီမှ ဆီးရီးယားသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ငလျင်များပြင်းထန်စွာ လှုပ်ခတ်ခဲ့သည့် နောက်ပိုင်း ဖေဖော်ဝါရီ ၉ ရက်မှစ၍ နယ်စပ်ဖြတ်ကျော်လွှဲပြောင်းပေးထားသောကူညီထောက်ပံ့ခဲ့သောပမာဏမှာ စုစုပေါင်း ထရပ်ကား ၅၅၇...
ပါလက်စတိုင်းနှင့်အစ္စရေးတွင် အကြမ်းဖက်မှုများ တိုးလာနေသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက သတိပေးခဲ့သည်။ ပြီးခဲ့သည့်နှစ်သည် ၁၇ နှစ်ကြာကာလအတွင်း ပါလက်စတိုင်း သတ်ဖြတ်ခံရသူ အများဆုံးနှင့် ၂၀၁၆ ခုနှစ်မှစ၍ အစ္စရေး သတ်ဖြတ်ခံသူ အများဆုံးဖြစ်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ပထမအပတ်တွင် သေဆုံးသူအရေအတွက်ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။ (Xinhua) ……………………………….. (English Version)...