ရောမ ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အသစ်ထွက်ရှိခဲ့သည့် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်း လစဉ်အစီရင်ခံစာအရ မတ်လတွင် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများက ၁၀ လမြောက် ဆက်တိုက်မြင့်တက်လာခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်လနောက်ပိုင်းတွင် အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) ကဧပြီ ၈ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အဖွဲ့ဝင်များက နိုင်ဂျီးရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဟောင်း Ngozi Okonjo-Iweala အား ညွှန်ကြားရေးမှူးချုပ်အသစ်အဖြစ် ခန့်အပ်မှုကို ဖေဖော်ဝါရီ ၁၅ ရက်က သဘောတူခဲ့ကြောင်း WTO ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကုလသမဂ္ဂ၊ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွါးနေသော အခြေအနေအပေါ် ” အလွန်နီးကပ်စွာနှင့် စိုးရိမ်ပူပန်မှုဖြင့်” စောင့်ကြည့်လျက်ရှိကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုးနိုင်ငံတကာအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bach က ဇန်နဝါရီ ၂၈ ရက်၌ ဆင်ဟွာသတင်းဌာန၏ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ကပ်ရောဂါ၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ပေကျင်းဆောင်းရာသီအိုလံပစ် ၏ ပြင်ဆင်မှုလုပ်ငန်းများမှာ...
လန်ဒန် ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး လတ်တလောရက်ပိုင်းအတွင်း ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖောင်ဒေးရှင်းစာရင်းဝင် (Hedge fund) ဖြစ်သည့် Bridgewater Associates တည်ထောင်သူ Ray Dalio က တရုတ်နိုင်ငံ သည် ကမ္ဘာ့ငွေကြေးစင်တာ ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် နှစ်သစ်ကူးနေ့တွင် ကမ္ဘာတစ်ဝန်း၌ ခန့်မှန်းခြေ ကလေးငယ် ၃၇၁,၅၀၄ ဦး မွေးဖွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဇန်နဝါရီ ၁ ရက်နေ့က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး Henrietta H. Fore က ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာချက်တစ်ရပ်ပြုလုပ်ခဲ့ပြီး ယင်းကြေညာချက်တွင် COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့ ကလေးသူငယ်များ၏ ပညာရေးအတွက် ဆိုးရွားစွာ...
စတော့ဟုမ်း ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ၂၀၂၀ ပြည့်နှစ် နိုဘယ်လ်ဆုများဖြစ်ကြသည့် ရူပဗေဒဆု ၊ ဓာတုဗေဒဆု ၊ ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးဘက်ဆိုင်ရာဆုများ၏ ဆုပေးပွဲအခမ်းအနား နှင့် စီးပွားရေးဆိုင်ရာဆုများ ပေးအပ်ခြင်း အခမ်းအနားအား COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ဒီဇင်ဘာ...
ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် တိုက်ပင်း က အာဖရိကတိုက် အလယ်ပိုင်းဒေသ နိုင်ငံများ၏ ပြဿနာများနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သော အွန်လိုင်းကွန်ဖရန့် အစည်းအဝေး၌ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်...
ကုလသမဂ္ဂ၊ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ၎င်းအတွက် ကာကွယ်ဆေးရရှိလာမည့်ချိန်တွင် အများပြည်သူရှေ့မှောက်၌ COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ခံယူသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။