ကုလသမဂ္ဂ ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဇူလိုင်လ ၁၄ ရက် တွင် နယူးယောက်မြို့ ရှိ ကုလသမဂ္ဂ ဌာနချုပ် ၌ မျက်နှာစုံညီ အစည်းအဝေး တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး ယခု အကြိမ် အစည်းအဝေးသည်...
ကုလသမဂ္ဂ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက လာမည့်နှစ် ဇူလိုင်လတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ နုတ်ထွက်သွားမည်ဆိုသည့် တရားဝင်အကြောင်းကြာစာတစ်စောင်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် ထံသို့ ဇူလိုင် ၆ ရက်တွင် ပေးပို့လာသည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarricက ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မြန်မာနိုင်ငံ၌ ဇူလိုင် ၂ ရက်က ကြီးမားသည့် မြေပြိုမှု တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်းများစွာ သေဆုံးခဲ့ရသည့်အတွက် လွန်စွာဝမ်းနည်းမိကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဂျီနီဗာ ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်နိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် အစွန်းရောက်လုပ်ငန်းများ တိုက်ဖျက်ရေး ဆောင်ရွက်ချက်အပေါ် ထောက်ခံကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၄၄ ကြိမ်မြောက် အစည်းအဝေးတွင် ကမ္ဘာ့နိုင်ငံပေါင်း ၄၆ နိုင်ငံကိုယ်စား ဘီလာရုစ်နိုင်ငံက ဇူလိုင် ၁ ရက်တွင် ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံတွင် အားလုံးပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံကြောင်းနှင့် အာဖဂန်နိုင်ငံအတွင်း ဆွေးနွေးမှုများအတွက် ပလက်ဖောင်းတစ်ခု ထောက်ပံ့ပေးရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ သံတမန်က ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)ကုလသမဂ္ဂဆိုင်ရာ အာဖရိကနိုင်ငံများအဖွဲ့၏ တောင်းဆိုချက်အရ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ဇွန် ၁၇ ရက်တွင် အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပ၍ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား ဂျော့ဂျ်ဖလွိုက် သေဆုံးမှုမှတစ်ဆင့် ပေါ်လွင်လာသော လူမျိုးရေးခွဲခြားဆက်ဆံမှု နှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုစသည့် ပြသာနာရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဂျီနီဗာ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ) အာဖရိကနွယ်ဖွား လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်(George Floyd) ဝမ်းနည်းကြေကွဲဖွယ် သေဆုံးရခြင်းနှင့် နှစ်ပေါင်းများစွာ အမေရိကန်နိုင်ငံ၌ဖြစ်ပွားလျက်ရှိသော အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားများကို ဦးတည်သည့် အကြမ်းဖက်မှုများအား အထူးအလေးထား အာရုံစိုက်လျက်ရှိကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကာ လူမျိုးရေးခွဲခြားဆက်ဆံမှုအဆုံးသတ်နိုင်ရန် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲမှုများ...
လော့အိန်ဂျလိစ် ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့၌ ဒေသဆိုင်ရာ အာဏာပိုင်များက ည ၆ နာရီမှ စတင်ကာ ညမထွက်ရ အမိန့်သစ်ထုတ်ပြန်လိုက်စဉ်အတွင်းမှာပင် ရာပေါင်းများစွာသော ပြည်သူများသည် ဇွန် ၂ ရက်က လော့အိန်ဂျလိစ်မြို့အတွင်းရှိ နေရာများစွာ၌ စုရုံးရောက်ရှိကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ ဇွန် ၂ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လူမဲအမျိုးသား George Floyd သေဆုံးမှုအပေါ် အမေရိကန်နိုင်ငံ၌ ငြိမ်းချမ်းစွာဆန္ဒပြခြင်းကို မြင်တွေ့လိုကြောင်း နှင့် အာဏာပိုင်များအနေဖြင့် ဆန္ဒပြသူများအား တုံ့ပြန်ကိုင်တွယ်ရာတွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်ဟု အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ဇွန် ၁ ရက်တွင်...
ဂျီနီဗာ၊ မေ ၁၅ ရက် (ဆင်ဟွာ) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization= WTO) ၏ ညွှန်ကြားရေးမှူးချုပ် Roberto Azevedo က၎င်း၏ ရာထူးသက်တမ်းမကုန်ဆုံးမီ ယခုနှစ် ဩဂုတ်လကုန်တွင် ရာထူးမှနုတ်ထွက်မည်ဟု မေ ၁၄ ရက်က ပြောကြားခဲ့သည်။