Latin America
မက္ကဆီကိုက မူးယစ် ပြန်လည်ထူထောင်ရေးစင်တာ ပစ်ခတ်မှုတွင် လူ ၁၄ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရ
မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ Chihuahua ပြည်နယ် မြောက်ပိုင်းရှိ မူးယစ် ပြန်လည်ထူထောင်ရေးစင်တာ တစ်ခုတွင် စက်တင်ဘာလ ၂၆ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
“Uniting Families” စင်တာသို့ တိုက်ခိုက်သူ အဖွဲ့ တစ်ဖွဲ့ ဝင်ရောက်လာကာ စင်တာအတွင်းရှိ လူများအား တိုက်ခိုက်ကာ သေနတ်ပစ်ခတ်ခဲ့ကြောင်း သတင်းများက ဆိုသည်။
တိုက်ခိုက်မှုဖြစ်ပြီးနောက် အခင်းဖြစ်ရာနေရာသို့ ဒဏ်ရာရသူများအား ကူညီရန် ပထမဆုံး ရောက်လာစဉ် စင်တာအတွင်း၌ ခန့်မှန်းခြေ လူ ၂၅ ဦး ခန့်ရှိနေကြောင်း သိရသည်။
အဆိုပါ စင်တာဝန်းကျင်၌ ရဲကား တစ်ဒါဇင်ကျော် တပ်ဖြန့်ထားကြောင်းနှင့် အနီးဝန်းကျင်တွင် ရဲအရာရှိများက တိုက်ခိုက်သူများအား ရှာဖွေလျက်ရှိသည်။
Chihuahua ပြည်နယ်သည် အမေရိကန်နိုင်ငံနှင့် နယ်စပ်ဖြစ်ပြီး မက္ကဆီကို၏ ဆယ်စုနှစ်ကြာ မူးယစ် စစ်ပွဲအတွင်း အဆိုးဝါးဆုံး အကြမ်းဖက်မှု ဖြစ်ပွားရာနေရာလည်း ဖြစ်သည်။ (Xinhua)