Latin America
ကျူးဘားနိုင်ငံတွင် ခြင်မှတစ်ဆင့် ကူးစက်ပျံ့ပွားသော တုပ်ကွေးရောဂါများ ရပ်တန့်ရေး မဟာဗျူဟာချ ဆောင်ရွက်
ဟာဗာနား၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
ကျူးဘားနိုင်ငံတွင် သိပ္ပံပညာရှင်များက ခြင်မှတစ်ဆင့် ကူးစက်ပျံ့ပွားသော တုပ်ကွေးရောဂါများ ရပ်တန့်ရေး မဟာဗျူဟာချဆောင်ရွက်လျက်ရှိကြောင်း ဒေသခံမီဒီယာများက သြဂုတ် ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေး၊ Chikungunyaနှင့် ဇီကာရောဂါများသည် လက်တင်အမေရိက၏ နေရာများစွာတွင် ပြည်သူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်လာကြောင်း သိရသည်။
ခြင်ပြန်လည် မျိုးပွားနိုင်ခြင်းအရေအတွက်ကို မထိန်းချုပ်နိုင်လျှင် အမေရိကန်၌ နှစ်စဉ်နှစ်တိုင်း လူ ရာချီမှထောင်ချီ ခံစားရမည့် ရောဂါဖြစ်ပွားမှုနှင့် ကပ်ရောဂါအသွင်ကို ပြန်လည်ထိန်းချုပ်ရမည့် အခြေအနေဖြစ်နိုင်ကြောင်း သိရသည်။
ကျူးဘားသိပ္ပံပညာရှင်များက ခြင်ပေါက်ဖွားမှု ထိန်းချုပ်ခြင်းနှင့် ပတ်သက်သော စည်းရုံးလှုံ့ဆော်မှုများကို ပညာရေးအစီစဉ်များတွင် ဆက်လက်လုပ်ဆောင်ရန် အကြံပြုခဲ့ကြောင်း သိရသည်။(Xinhua)