Connect with us

Latin America

ကျူးဘားနိုင်ငံတွင် ရောလ်ကက်စထရို၏ နေရာဆက်ခံမည့်သူအား ရွေးချယ်ရန် အမျိုးသားညီလာခံကျင်းပ

ကျူးဘားနိုင်ငံ အမျိုးသားညီလာခံကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဟာဗာနား၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ သမ္မတ ရောလ်ကက်စထရို (Raul Castro) ၏ နေရာဆက်ခံမည့်သူအား ရွေးချယ်ရန် နှစ်ရက်တာကျင်းပသည့် အမျိုးသားညီလာခံအား ဧပြီလ ၁၈ ရက် နံနက်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အဖွဲ့ဝင် ၆၀၅ ဦးပါဝင်သော ဥပဒေပြုအဖွဲ့က မြို့တော် ဟာဗာနားရှိ Convention Center တွင် မျက်နှာစုံညီ အစည်းအဝေးအား ဖွင့်လှစ်ခဲ့သည်။ရွေးကောက်ပွဲတွင် ကက်စထရိုအား ဆက်ခံမည့်သူ အပါအဝင် နိုင်ငံအား အုပ်ချုပ်မည့် ၃၁ ဦးပါဝင်သော နိုင်ငံတော်ကောင်စီအား ရွေးချယ်မည် ဖြစ်သည်။

ဆန္ဒမဲအား ဧပြီလ ၁၈ ရက်တွင် ပေးပြီး ရလဒ်များအား ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ယခု အသစ်တက်လာမည့် သမ္မတသည် ဆယ်စုနှစ် ခြောက်ခုနီးပါးအတွင်းပထမဆုံး ကက်စထရိုမိသားစု အပြင်ဘက်မှပုဂ္ဂိုလ် ဖြစ်လာမည် ဖြစ်သည်။

၁၉၅၉ ခုနှစ်တွင် ကျူးဘားနိုင်ငံ တော်လှန်ရေးအား အောင်မြင်စွာ ဖော်ဆောင်ခဲ့သည့် ၎င်း၏ အစ်ကိုဖြစ်သူ ဖီဒယ်ကက်စထရိုထံမှ ရောလ်ကက်စထရိုက ၂၀၀၆ ခုနှစ်တွင် အာဏာလွှဲပြောင်းယူခဲ့ခြင်း ဖြစ်သည်။ရောလ်ကက်စထရိုသည် ၎င်းအား ဆက်ခံမည့်သူအား အာဏာလွှဲပြောင်းပေးပြီးနောက် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ်လည်းကောင်း၊ အာဏာရ ကျူးဘား ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပထမအတွင်းရေးမှူးအဖြစ်လည်းကောင်း ဆက်လက်ရှိနေမည် ဖြစ်ကြောင်း သိရသည်။ကျူးဘားနိုင်ငံ၏ ဒုတိယ သမ္မတဖြစ်သူ အသက် ၅၇ နှစ်အရွယ် Miguel Diaz-Canel သည် ရောလ်ကက်စထရိုအား ဆက်ခံမည့်သူအဖြစ် အများဆုံးရှုမြင်ထားကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.