Connect with us

Latin America

ဘရာဇီးတွင် အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၄၄ဦးပျောက်ဆုံး

ဘရာဇီးတွင် မီးလောင်မှု ကြောင့် ပြိုကျခဲ့သည့် အဆောက်အအုံဟောင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေရို၊ မေ ၃ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း Sao Paulo မြို့လယ်ခေါင် ရှိ စွန့်ပစ်ထားသော ၂၆ထပ် ရုံးအဆောက်အအုံဟောင်း တစ်ခု တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မေ ၂ရက်အထိ လူ ၄၄ဦး ပျောက်ဆုံးနေကြောင်း ဒေသခံ အာဏာပိုင်များကပြောကြားခဲ့သည်။

ယခင် ရဲတပ်ဖွဲ့ရုံးချုပ်ဖြစ်သည့် အဆိုပါ The Wilton Paes de Almeida အဆောက်အအုံ တွင် မေလ ၁ရက် အစောပိုင်း က မီးလောင်မှုဖြစ်ပွားခဲ့ပြီး တစ်နာရီခွဲခန့်အကြာတွင် ရုတ်တရက်ပြိုကျခဲ့ကြောင်း သိရသည်။

ယင်းအဆောက်အအုံအတွင်း အိမ်ခြေမဲ့ မိသားစု ၁၄၀ကျော်ခန့် နေထိုင်နေပြီး ခန့်မှန်းခြေ လူ စုစုပေါင်း ၃၇၂ဦးရှိနိုင်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

မီးသတ်သမား ၁၀၀ကျော် သည် အပျက်အစီးအောက်များ တွင် နစ်မြုပ်နေသာ လူများအား ရှာဖွေရန် အပူအာရုံခံစနစ်များ ပါဝင်သည့် ကင်မရာများ တပ်ဆင်ထားသော ဒရုန်းလေယာဉ်များဖြင့် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေကြောင်း သိရသည်။

အဆောက်အအုံမီးလောင်ရခြင်းအကြောင်းရင်းကို သိရှိခြင်းမရှိသေးဘဲ ၁၉၆၀ပြည့်လွန်နှစ်များ က တည်ဆောက်ခဲ့သည့် ယင်းအဆောက်အအုံတွင် အခြေခံ မီးကာကွယ်ရေးစနစ်များ မရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.