Connect with us

Latin America

ကျူးဘား နိုင်ငံ အနောက်ပိုင်း ကောင်းကင်ပြင်တွင် ဥက္ကာပျံဟု ယူဆရသည့် အရာဝတ္ထု ပေါက်ကွဲမှု ဖြစ်ပွား ဟုဆို

ကမ္ဘာမြေ လေထု အတွင်း ၀င်ရောက်လာသည့် ဥက္ကာပျံ တစ်ခုအား ၂၀၁၈ ခုနှစ် အတွင်း တွေ့ ရစဉ်(ဆင်ဟွာ)

ဟာဗာနား ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

ကျူးဘား နိုင်ငံ အနောက်ပိုင်း ကောင်းကင်ပြင်တွင် ဥက္ကာပျံဟု ယူဆရသည့် အရာဝတ္ထု တစ်ခုသည် ဖေဖော် ဝါရီ ၁ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး Pinar del Rio ဒေသရှိ ဒေသခံများက ပြင်းထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ကျောက်တုံးအပိုင်းအစများသည် ခရီးသွားများ လာရောက်ရာ Vinales မြို့အတွင်း ထိမှန်ခဲ့မှုများ ရှိကြောင်း ဒေသခံ မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

ထိုနေရာအား တာဝန်ရှိသူများက ဖြစ်စဉ် အကြောင်းရင်းများအား စုံစမ်း စစ်ဆေးမှု ပြုလုပ်နေကြောင်း နှင့် သေဆုံး ၊ ဒဏ်ရာ ရရှိသူ မရှိကြောင်း ကျူးဘား သတင်း အေဂျင်စီ(ACN) ၏ ဖော်ပြမှု အရ သိရသည်။လူမှုကွန်ရက် သုံးစွဲသူများက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာနားရှိ ကျောက်တုံး အပိုင်းအစများ ထိမှန်ခဲ့သည့် ဧရိယာ မြင်ကွင်းများအား ဓာတ်ပုံရိုက်ကူးကာ လူမှုကွန်ရက် စာမျက်နှာများတွင် တင်ပြခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.