Connect with us

Latin America

အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်းတွင် ပြင်းအား ၅.၉ အဆင့် ငလျင်လှုပ်ခတ်

အီကွေဒေါနိုင်ငံ ကွီတိုမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် လမ်းမပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ကွီတို၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း Guayasပြည်နယ် ပင်လယ်ကမ်းခြေဒေသတွင် ဖေဖော်ဝါရီ ၄ ရက်က ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ မြို့တော် ကွီတို ၊ Guayaquilမြို့အပါအဝင် အခြားပြည်နယ်များတွင် ငလျင်လှုပ်ခတ်မှုကို ခံစားမိကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းကို မသိရသေးကြောင်းသိရသည်။

အဆိုပါငလျင်မှာ ဖေဖော်ဝါရီ ၄ ရက် ဒေသစံတော်ချိန် ၁၂ နာရီ ၄၅ မိနစ်က Guayasပြည်နယ် Playasမြို့ အရှေ့ဘက် ၃၂ ကီလိုမီတာအကွာ ငလျင်အနက် ၂၂.၇၁ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း အီကွေဒေါနိုင်ငံ ဘူမိရူပသုတေသနဌာန၏ သတင်းများအရ သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဗဟိုချက်အနီးရှိ Guayaquilမြို့ကို သက်ရောက်မှုရှိခဲ့ကြောင်း ၊ ၎င်းမြို့ရှိ နေထိုင်သူအမြောက်အမြားက တိုက်တာအဆောက်အဦများမှ အရေးပေါ် ပြေးထွက်တိမ်းရှောင်မှုများရှိသလို လမ်းပန်းဆက်သွယ်ရေး စီမံခန့်ခွဲမှုဌာနကလည်း အနီးတဝိုက်ရှိ ဥမင်လိုဏ်ယာဉ်ကြောလိုင်းများကို ပိတ်စို့ထားကြောင်း ကြေညာခဲ့သည်။

ယခုလှုပ်ခတ်သည့်ငလျင်ကြောင့် ဆိုနာမီဖြစ်ပွားနိုင်ချေမရှိကြောင်းဟု သက်ဆိုင်ရာဌာနများက ဆိုသည်။

အီကွေဒေါနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာ ငလျင်ကြောတွင်တည်ရှိရာ ငလျင်လှုပ်ခတ်မှု မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.