Connect with us

Latin America

ချီလီ နိုင်ငံ တွင် တစ်နိုင်ငံလုံး အနှံ့ တောမီး လောင်ကျွမ်းမှုကြောင့် သေဆုံး သူ ၁၁ ဦးအထိ ရှိလာ


ဆန်ဒီရာကို ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

ချီလီ နိုင်ငံ တွင် တစ်နိုင်ငံလုံး အနှံ့ တောမီး လောင်ကျွမ်းမှု သည် လက်ရှိချိန်တွင် သေဆုံးသူ ၁၁ ဦးရှိကာ တောမီးလောင်ကျွမ်းမှု ဧရိယာ သည် ၃၆၆,၅၀၀ ဟက်တာ (Hectare) ရှိကြောင်း ချီလီ နိုင်ငံ သမ္မတ Michelle Bachelet က ဇန်နဝါရီ ၃၀ ရက်နေ့က ပြောကြား ခဲ့သည်။

Bachelet က ပြည်သူလူထု အားလုံးကို မစိုးရိမ်ကြရန် နှင့် ဘေးဒုက္ခခံရသူများ ပြန်လည် ထူထောင်ရေး လုပ်ငန်း များကို ကူညီသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဇန်နဝါရီ ၃၀ ရက်နေ့ နေ့လယ်ပိုင်း အထိ ချီလီ တစ်နိုင်ငံလုံးတွင် မီးလောင်ကျွမ်းသည့် နေရာ ၅၅ နေရာကို ထိန်းချုပ်နိုင်ခဲ့ပြီး ၁၁ နေရာကို မီးငြိမ်းသတ် နိုင်ခဲ့သည်။ မီးလောင်ကျွမ်းနေဆဲဖြစ်သည့် ၅၈ နေရာကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

ချီလီ နိုင်ငံတွင် တောမီး လောင်ကျွမ်းနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ချီလီ နိုင်ငံတွင် တောမီး လောင်ကျွမ်းနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ချီလီ နိုင်ငံတွင် တောမီး လောင်ကျွမ်းနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိချိန်တွင် လေယာဉ် နှင့် ရဟတ်ယာဉ်ပေါင်း ၃၉ စင်း သည် ဘေးဒုက္ခ ကျရောက်နေသည့် နေရာများ၏ ကောင်းကင်ယံ တွင် လုပ်ငန်းဆောင်ရွက်မှု များ အဆက်မပြတ်ဆောင်ရွက်နေပြီး မြေပြင်တွင်လည်း မီးသတ် အင်အား ၇၀၀၀ နီးပါးမှာ လုပ်ငန်းဆောင်ရွက်မှု များပြုလုပ်နေသည်။မီးငြိမ်းသတ်ရန် ဆောင်ရွက်နေသည့် အဖွဲ့များတွင် မီးသတ်တပ်ဖွဲ့အပြင် စစ်တပ် ၊ မြို့နယ် နှင့် ခရိုင် အစိုးရ ဝန်ထမ်း များနှင့် ပုဂ္ဂလိက လုပ်ငန်း မှလူများလဲ ပါဝင်ဆောင်ရွက် နေကြောင်း သိရသည်။

ချီလီ အစိုးရ သည် တောမီးဘေး အဆိုးရွားဆုံး ခံခဲ့ရသည့် Maule နှင့် Bío Bío ဒေသ များတွင် ကယ်ဆယ်ရေး စခန်း ၄၂ ခုဆောင်ရွက်ခဲ့သည်။ ထို့ပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် ချီလီ အစိုးရ က စာသင်ကျောင်း စသည့် အခြေခံအဆောက်အအုံ များအတွက် လိုအပ်သည့် ငွေကြေးများကို ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။

Bachelet က ” ဘေးဒုက္ခခံခဲ့ရသည့် ဒေသ က ကလေးငယ်တွေ ၃ လအတွင်း ပုံမှန် ကျောင်းပြန်တက်နိုင်မယ် ဆိုဒါကို ကျွနု်ပ် တို့အာမခံမှုပေးရမယ် ” ဟုပြောကြား ခဲ့သည်။

ချီလီ သမ္မတ က လက်ရှိချိန်တွင် နိုင်ငံတော်သည် အရေးပေါ် အခြေအနေ သို့ရောက်ရှိနေသည် ဟု ကြေညာ ခဲ့ပြီး အချို့ ဒေသတွေကို ဘေးဒုက္ခ အခြေအနေ သို့ရောက်ရှိနေသည့် ဒေသဟုကြေညာခဲ့သည်။ထို့ပြင် ယခု အဖြစ်အပျက် သည် ချီလီ သမိုင်းကြောင်း တစ်လျှောက် အဆိုးရွားဆုံးသော မီးဘေးဒုက္ခ ဟုလည်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.