Connect with us

Latin America

တရုတ် နိုင်ငံသည် ချီလီ နိုင်ငံ၏ ထိပ်ဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်လာ

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (Li Keqiang) နှင့် ချီလီ နိုင်ငံ သမ္မတ Michelle Bachelet တို့နှစ်ဦး ပေကျင်းမြို့ Great Hall ခန်းမတွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ် (ဆင်ဟွာ )

ဆန်တီယေဂို ၊ မတ် ၂၂ ရက် ( ဆင်ဟွာ )

ချီလီနိုင်ငံ၏ ထိပ်ဆုံး ကုန်သွယ်ဖက် နိုင်ငံအဖြစ် တရုတ်နိုင်ငံက ရပ်တည်နေကြောင်းနှင့် ပြီးခဲ့သော ဆယ်စုနှစ် အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု မြင့်တက်လာကြောင်း ဒေသတွင်း မီဒီယာများက မတ်လ ၂၁ ရက်တွင် ထုတ်ဖော် ရေးသားလိုက်သည်။

၂၀၁၅ ခုနှစ် အတွင်း တရုတ်နိုင်ငံသို့ ချီလီ ၏ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆.၆၇၁ ဘီလီယံ ရှိပြီး၊ သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၄.၈ ဘီလီယံ ရှိကြောင်း ချီလီနေ့စဉ် သတင်းစာ El Mercurio ကရေးသားဖော်ပြထားသည်။ နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်ရေး ( FTA ) သဘာတူညီမှု စာချုပ် မချုပ်ဆိုမီ၂၀၀၅ ခုနှစ်က နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၈.၁၂၂ ဘီလီယံသာ ရှိခဲ့ပြီး ဆယ်နှစ်အတွင်း ကုန်သွယ်မှု ပမာဏသည် လေးဆအထိ တိုးတက်လာခဲ့ရာ ၂၀၁၅ ခုနှစ်တွက် ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၃၁.၄၇၁ ဘီလီယံ အထိ ရောက်ရှိသွားကြောင်းနှင့် အဆိုပါ ပမာဏသည် ချီလီနိုင်ငံ ကုန်သွယ်မှု၏ စုစုပေါင်း ၂၅ ရာခိုင်နှုန်းထိ ရှိကြောင်း သတင်းစာက ဆိုသည်။ အဆိုပါ ကာလအတွင်း သွင်းကုန် ၊ ပို့ကုန် ပျမ်းမျှ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄.၂၃၄ ဘီလီယံ ဖြစ်သည်။

ချီလီ – တရုတ် ကုန်သွယ်ရေး ၊ စက်မှု နှင့် ခရီးသွား လုပ်ငန်း အသင်းချုပ် ဥက္ကဋ္ဌ Juan Esteban Musalem က ပြောကြားရာတွင် နှစ်နိုင်ငံ အစိုးရကြား FTA စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းမှာ “ ကြီးမားသော သမိုင်း မှတ်တိုင်များ ” ဖြစ်သည်ဟု ဆိုသည်။

“ FTA ကိုကျေးဇူးတင်တယ်။ တရုတ်နိုင်ငံဟာ ချီလီ နိုင်ငံထုတ် အစားအစာတွေ၊ သစ်သီးဝလံတွေ ၊ ပင်လယ်စာတွေ ၊ ဝိုင်အရက်တွေ အပြင် တခြား အာရှနိုင်ငံတွေမှာ လူကြိုက်များနေတဲ့ လူသုံးကုန် တွေကို တင်ပို့တဲ့ အကြီးဆုံး ဈေးကွက် အဖြစ် ရပ်တည် နေပါတယ် ” ဟု Musalem က ဆိုသည်။
ထို့ပြင် ချီလီ နိုင်ငံ၏ အဓိက ကုန်ကြမ်း ပစ္စည်းဖြစ်သည့် ကြေနီ တင်ပို့မှု ၇၉ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ဖြစ်ပြီး ကြေနီ မဟုတ်သော ပစ္စည်းတင်ပို့မှု ဒုတိယ အများဆုံး နိုင်ငံစာရင်း တွင်လည်း တရုတ်နိုင်ငံက ရပ်တည်နေပါသည်။

၂၀၁၄ ခုနှစ်က ချီလီနိုင်ငံ၏ ကြေးနီ မဟုတ်သော ပို့ကုန် စာရင်းဝင် သစ်သီး ၊ အစားအစာ ၊ ဝိုင် စသည့် စားသောက်ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃.၅၇၉ ဘီလီယံ ရှိပြီး အခြား အာရှနိုင်ငံများသို့ တင်ပို့နေသည့် ပို့ကုန် တန်ဖိုးအားလုံး၏ စုစုပေါင်း ၂၁ ရာခိုင်နှုန်းထိ ရှိသည်။
ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ချီလီနိုင်ငံမှ တရုတ်နိုင်ငံသို့ ပစ္စည်းပို့နေသော ကုမ္ပဏီ အရေအတွက် သည် နှစ်ဆ နီးပါး ( ၂၀၀၆ ခုနှစ်တွင် ၄၇၇ ခုမှ ၂၀၁၅ ခုနှစ်တွင် ၁,၀၈၄ ခု ) အထိ တိုးတက်ခဲ့သည်။
နိုင်ငံတကာ စီးပွားရေး ဆက်ဆံမှု ( DIRECON ) အဖွဲ့၏ ထုတ်ပြန်ချက် အရ ၉၇.၂ ရာခိုင်နှုန်းသော ချီလီ ကုန်သည်များသည် တရုတ်ဈေးကွက်သို့အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် ပစ္စည်းများ တင်ပို့နေကြပြီး၊ ပစ္စည်းအမျိုးအစားပေါင်း ၇,၃၃၆ မျိုးရှိသည်ဟု ဆိုထားသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.