Connect with us

Latin America

မက္ကဆီကိုလေဆိပ်တွင် ဖယောင်းတိုင်များအတွင်း ထည့်သွင်း သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ ဖမ်းမိ

မက္ကဆီကိုနိုင်ငံရှိ Guadalajara အပြည်ပြည်ဆိုင်ရာ လေဆိပ်အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကို စီးတီး၊ မတ် ၂၅ ရက် (ဆင်ဟွာ)

မက္ကဆီကို ရဲတပ်ဖွဲ့သည် မက္ကဆီကို လေဆိပ်၌ အမွှေးဖယောင်းတိုင်များအတွင်း ထည့်သွင်းသယ်ဆောင် လာသည့် စိတ်ကြွမူးယစ်ဆေးဝါး ၆ ကီလိုဂရမ် အားတွေ့ရှိခဲ့ပြီး ယင်းစိတ်ကြွဆေးများကိုအမေရိကန်နိုင်ငံသို့ ပို့ဆောင်ရန် သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက မတ်လ ၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

Guadalajara အပြည်ပြည်ဆိုင်ရာ လေဆိပ် ရှိ ရဲတပ်ဖွဲ့ဝင်များသည် အိတ်စ်ရေး စက်ဖြင့် စစ်ဆေး၍ ဖယောင်းတိုင်ဘူး နှစ်ဘူးကိုတွေ့ရှိခဲ့ပြီး အနံ့ခံခွေးဖြင့် ထပ်မံစစ်ဆေးရာ စိတ်ကြွဆေးများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မက္ကဆီကို အမျိုးသားလုံခြုံရေး ကော်မရှင် ကပြောကြားခဲ့ပြီး စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဖယောင်းတိုင် ခြောက်ချောင်းတွင် တစ်ချောင်းချင်းစီ၏အတွင်း၌ တစ်ကီလိုဂရမ် အလေးချိန်ရှိ အမှုန့်များကို တွေ့ရှိခဲ့ပြီး ယင်း အမှုန့်များသည် စိတ်ကြွရူးသွပ်ဆေးများ ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အီစတာပွဲတော် ပိတ်ရက်များ နီးကပ်လာသည်နှင့်အမျှ မက္ကဆီကို အာဏာပိုင်များသည် နိုင်ငံ၏ လေဆိပ်များ နှင့် နယ်စပ်များတွင် မူးယစ်ဆေးဝါးအမှုများ မဖြစ်ပေါ်စေရန် လုံခြုံရေးအင်အားကို တိုးမြှင့်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.