Latin America
တိုင်းမ်မဂ္ဂဇင်း က ဒေါ်နယ်ထရမ့်အား “ယခုနှစ်၏ထင်ရှားသောပုဂ္ဂိုလ်” အဖြစ်ရွေးချယ်ဖော်ပြ

ဝါရှင်တန်၊ ဒီဇင်ဘာ ၈ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံသမ္မတအဖြစ် ရွေးကောက်ထားသည့် ဒေါ်နယ်ထရမ့်အား တိုင်းမ်မဂ္ဂဇင်းက “ယခုနှစ်၏ထင်ရှားသောပုဂ္ဂိုလ်” အဖြစ် မဂ္ဂဇင်းမျက်နှာဖုံး၌ ရွေးချယ်ဖော်ပြခဲ့ကြောင်း ဒီဇင်ဘာ ၇ရက်က ကြေညာခဲ့ပြီး ထို့သို့ရွေးချယ်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုများရှိနေကြောင်း သိရသည်။
မဂ္ဂဇင်းက ယခုနှစ်၏ထင်ရှားသောပုဂ္ဂိုလ်ရွေးချယ်မှု သည် အကြိမ် ၉၀မြောက်ဖြစ်ပြီး အကောင်း (သို့) အဆိုး တစ်ခုခုတွင် ကြီးမားသောသြဇာလွှမ်းမိုးမှုရှိသူအား ရွေးချယ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထရမ့်၏ပြောရေးဆိုခွင့်ရှိသူက ထိုသို့ဖော်ပြခံရခြင်းအတွက် ထရမ့်အနေဖြင့် စိတ်လှုပ်ရှားဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့သည်။
တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံး တွင် နယူးယောက်မြို့ ထရမ့်တာဝါ ရှိ penthouse တွင် ရိုက်ကူးထားသည့် ဒေါ်နယ်ထရမ့်၏ ဓာတ်ပုံအား ယခုနှစ်၏ထင်ရှားသောပုဂ္ဂိုလ် နေရာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယင်းဓာတ်ပုံဘေးတွင် “ဒေါ်နယ်ထရမ့်, အမေရိကန်အားကွဲပြားစေသည့် သမ္မတ” ဟုရေးသားထားကြောင်း သိရသည်။
တိုင်းမ်မဂ္ဂဇင်း သည် “ယခုနှစ်၏ထင်ရှားသောပုဂ္ဂိုလ်” အဖြစ် ရွေးချယ်ဖော်ပြမှုအား ၁၉၂၇ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)