Latin America
ဒါဗို့စ်မြို့တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ အမေရိကန်နိုင်ငံ သမ္မတ ထရမ့် တက်ရောက်မည်

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) သို့ တက်ရောက်မည် ဖြစ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ စာရာဆန်ဒါးစ် (Sarah Sanders) က ဒီဇင်ဘာလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ထရမ့်နှင့်အတူ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနူချင် (Steven Mnuchin) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လည်း လိုက်ပါသွားမည် ဖြစ်ကြောင်း ဆန်ဒါးစ်က ဆိုသည်။
ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) ၊ စီးပွားရေးဝန်ကြီး ဝီလ်ဘာရော့စ် (Wilbur Ross) ၊ ကုန်သွယ်ရေးဝန်ကြီး ရောဘတ် လိုက်တိုင်ဇာ (Robert Lighthizer) နှင့် အမိမြေလုံခြုံရေးဝန်ကြီး ခရစ်စ်တန် နီလ်ဆန် (Kirstjen Nielsen) တို့လည်း ပါဝင်ကြောင်း သိရသည်။
ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည် အစည်းအဝေးအား ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း WEF ၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ (Xinhua)