Connect with us

Latin America

ပီရူးနိုင်ငံတွင် ဟိုတယ်နံရံပြိုကျမှုဖြစ်ပွား ၊ လူ ၁၅ သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရ


လီမာ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံ တောင်ပိုင်း Apurimacပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုတယ်နံရံပြိုကျမှု ဖြစ်ပွားရာ လူ ၁၅ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပီရူးနိုင်ငံ နိုင်ငံတော် ပြည်သူ့ကာကွယ်ရေးဌာန က ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အချင်းဖြစ်ပွားမှုသည် Apurimac ပြည်နယ် Abancay မြို့ရှိ Alhambraဟိုတယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပီရူးနိုင်ငံ ပြည်သူ့ကာကွယ်ရေးဌာန အကြီးအကဲ Jorge Chavezက ဆိုသည်။ ဇန်နဝါရီ ၂၇ ရက် ဒေသစံတော်ချိန် ၀၀ နာရီ ၃၀ မိနစ်ခန့်က Alhambra ဟိုတယ်တွင် လူ တစ်ရာ နီးပါး တက်ရောက်သည့် မင်္ဂလာဆောင်အခမ်းအနားကျင်းပနေစဉ် မိုးသည်းထန်စွာ ရွာသွန်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အချင်းဖြစ်ပွားရာနေရာတွင် ကူညီကယ်ဆယ်မှုများပြုလုပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

အချင်းဖြစ်ပွားရာနေရာတွင် ကူညီကယ်ဆယ်မှုများပြုလုပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိတွင် ဒေသခံ ပြည်သူကာကွယ်ရေးဌာနက ကူညီကယ်ဆယ်မှုများပြုလုပ်လျက်ရှိပြီး ပျောက်ဆုံးသူများကို ရှာဖွေလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.