Connect with us

Latin America

ပျောက်ဆုံးနေသည့် ဘရာဇီးဆိုင်ရာ ဂရိသံအမတ်ကြီး၏ ကားအား လူသေအလောင်းတစ်လောင်း နှင့် အတူ ရီယိုမြို့ ၌တွေ့ရှိ

ပျောက်ဆုံးနေသည့် ဘရာဇီးဆိုင်ရာ ဂရိသံအမတ်ကြီး Kyriakos Amiridis အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယို ဒီ ဂျနေးရိုး၊ ဒီဇင်ဘာ ၃၀ရက် (ဆင်ဟွာ)

ပျောက်ဆုံးနေသည့် ဘရာဇီးနိုင်ငံ ဆိုင်ရာ ဂရိသံအမတ်ကြီး Kyriakos Amiridis သည် အသတ်ခံရနိုင်ခြေ အလွန်များပြားနေကြောင်း ဘရာဇီးနိုင်ငံ အာဏာပိုင်များက ဒီဇင်ဘာ ၂၉ရက်တွင်ပြောကြားခဲ့သည်။

သံအမတ်ကြီးသည် ရီယိုမြို့သို့ သွားရောက်စဉ် လမ်းခရီး၌ပျောက်ဆုံးသွားခြင်းဖြစ်ပြီး Amiridis တစ်ယောက်သာ မောင်းနှင်သည့် ကားနှင့် ပုံစံတူ၊ လိုင်စင်နံပါတ်တူ ကားတစ်စီးအား ရီယိုမြို့ ဧရိယာ အတွင်းရှိ Nova Iguacu တွင် နံနက်အစောပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။မီးလောင်ကျွမ်းနေသည့် အဆိုပါ ကားအတွင်း၌ လူသေအလောင်းတစ်လောင်းအား တွေ့ရှိခဲ့ကာ ကျန်ခန္ဓာကိုယ်အပိုင်းအစများအား အတည်ပြုစစ်ဆေးရန် ဓါတ်ခွဲခန်းသို့ပို့ဆောင်ထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သံအမတ်ကြီးပျောက်ဆုံးသွားမှုနှင့်ပတ်သက်၍ နီးစပ်ရာ အခြေအနေအရပ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ Amiridis၏ မိသားစုဝင်များက လွန်ခဲ့သည့် ရက်ပိုင်းတွင် ပြန်ရွေးငွေတောင်းခံသော ဖုန်းဆက်သွယ်မှုမရှိခဲ့ကြောင်း ပြောကြားခဲ့သော်လည်း ရဲတပ်ဖွဲ့က ပြန်ပေးဆွဲမှု ဖြစ်နိုင်ခြေအား ထည့်သွင်းစဉ်းစားလျက်ရှိကြောင်းသိရသည်။

Amiridis၏ဇနီးဖြစ်သူက Amiridisအား Nova Iguacu တွင် နောက်ဆုံးတွေ့မြင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာ ၂၆ရက်နေ့က ၎င်းနှင့် ဖုန်းအဆက်အသွယ်ရရှိခဲ့ပြီး Nova Iguacu တွင်ရှိနေသည်ဟု ပြောကြားခဲ့ကြောင်း ၎င်းပျောက်ဆုံးသွားသည့် ဒီဇင်ဘာ ၂၈ရက်တွင် ရီယိုရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။

Amiridis သည် ငှားရမ်းထားသော မော်တော်ယာဉ်ဖြင့် ရီယိုမြို့သို့ ဦးတည်မောင်းနှင်ခဲ့သည်ဟု ယူဆရကြောင်း သိရသည်။
Amiridis သည် ဘရာဇီးနိုင်ငံဆိုင်ရာ ဂရိသံအမတ်အဖြစ် ၂၀၁၆ခုနှစ်အစောပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၁ မှ ၂၀၀၄ခုနှစ် အထိ ရီယို ဒီ ဂျနေးရိုး တွင် ဂရိနိုင်ငံ ကောင်စစ်ဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.