Connect with us

Latin America

ဘရာဇီးနိုင်ငံ၌ နှစ်သစ်ကူးညတွင် ပစ်ခတ်မှုဖြစ်ပွားရာ ၁၂ ဦးသေဆုံး

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့ ၌ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးညကို ပြည်သူများကြိုဆိုနေကြစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း၌ ၂ဝ၁၇ ခုနှစ် နှစ်သစ်ကူးညတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၁၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းအရင်းအမြစ်က ဇန်နဝါရီလ ၁ ရက်တွင်ပြောကြားသည်။

ဆာအိုပေါ်လို မြို့အနီးရှိ Campinas မြို့၌ သေနတ်သမားတစ်ဦးသည် ၎င်း၏ ဇနီးဟောင်းဖြစ်သူ နေအိမ်ခြံဝင်း အုတ်တံတိုင်းကို ကျော်တက်ပြီး အထဲသို့ဝင်ရောက်ကာ ဇနီးဟောင်း အပါအဝင် အသက် ၈ နှစ်အရွယ် သားဖြစ်သူ နှင့် အခြားဆွေမျိုးများစွာတို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းနောက်တွင် သေနတ်သမားသည် ၎င်းကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း နှင့် သေနတ်ကျည်ဆံအများအပြားကို ၎င်းခန္ဓာကိုယ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

O Globo နေ့စဉ်သတင်းစာအရ သေနတ်သမားမှာ အသက် ၄ဝ နှစ်ခန့်အရွယ်ရှိပြီး ၎င်း၏ အမည်ကို ထုတ်ဖော်ရေးသားထားခြင်းမရှိကြောင်း နှင့် ၎င်းသည် လင်မယားကွာရှင်းခြင်းကို လက်မခံခဲ့ကြောင်း သိရသည်။

ကလေးငယ်အုပ်ထိန်းခွင့်ကို မယား(ဟောင်း) ဖြစ်သူက ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီးနောက် သေနတ်သမားသည် ၎င်း၏မယား(ဟောင်း) ကို သတ်ပစ်မည်ဟု ပြောဆိုခဲ့သည်ကို ကြားသိခဲ့ရကြောင်း မျက်မြင်သက်သေတစ်ဦးက O Globo သတင်စားသို့ပြောကြားခဲ့သည်။

ဒဏ်ရာရရှိကြသူများအနက် နေအိမ်မှ ထွက်ပြေးလွတ်မြောက်သွားသူ တစ်ဦးမှာ ကလေးကျောင်းကြိုပေးသူတစ်ဦးဖြစ်ကြောင်း အိမ်နီးနားချင်းများက ပြောသည်။

သေဆုံးသူများ၏ အမည်စာရင်းကို သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း အမျိုးသား ၉ ဦး ၊ အမျိုးသမီး ၂ ဦး နှင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။(XINHUA)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.