Connect with us

Latin America

ဗင်နီဇွဲလား နိုင်ငံ သမ္မတ က နိုင်ငံ အား တိုက်ပွဲ ခြိမ်းခြောက်မှု မှ ရုန်းထွက် လိုကြောင်း ပြောကြား

ဗင်နီဇွဲလား နိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကာရာကာ့စ် ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလား နိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) က နိုင်ငံ အား တိုက်ပွဲ ခြိမ်းခြောက်မှု မှ ရုန်းထွက်စေလိုပြီး ငြိမ်းချမ်းသည့် အခြေအနေ အား ထိန်းသိမ်း သွားလိုကြောင်း ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်း အချိန်တွင် နိုင်ငံ မြို့တော် ကာရာကာ့စ် ၌ ပြောကြား ခဲ့သည်။

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို က ဖေဖော်ဝါရီ ၁၂ ရက် တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ဗင်နီဇွဲလား နိုင်ငံ လူငယ် ပွဲတွင် တွင် ထောင်နှင့်ချီသော ထောက်ခံအားပေးသူများ ရှေ့ ၌ အထက်ပါ အကြောင်းရာ အား ပြောကြား ခဲ့ရာ ၌ ၎င်းအနေဖြင့် ဗင်နီဇွဲလား နိုင်ငံ ကို ငြိမ်းချမ်းစေလိုကြောင်း ၊ ဗင်နီဇွဲလား နိုင်ငံ သား အားလုံး ငြိမ်းချမ်းရေး ကို လိုလားပြီး အမိမြေ အား တိုက်ခိုက်မှု နှင့် ကျူးကျော်ဝင်ရန် ခြိမ်းခြောက်မှုများ နှင့် ဝေးကွာစေလိုကြောင်း ၊ အတိုက်အခံ ပါတီ များအနေဖြင့် ငြိမ်းချမ်းသော ဆောင်ရွက်မှုမျိုးဖြင့် နိုင်ငံ ကြုံတွေ့နေရသည့် နိုင်ငံရေး ဘေးဒုက္ခ အား ဖြေရှင်းသွားစေလိုကြောင်း ပြောကြား ခဲ့သည်။

ယခု နှစ် ဇန်နဝါရီ ၂၃ ရက် ၌ ဗင်နီဇွဲလား နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ က မိမိ ကိုယ် မိမိ ယာယီ သမ္မတ အဖြစ် ထုတ်ပြန်ကြေညာ ခဲ့ပြီး ယခုလ ၂၃ ရက် တွင် နိုင်ငံတကာ ကူညီထောက်ပံ့မှုများ ဗင်နီဇွဲလား နိုင်ငံ သို့ ဝင်ရောက်လာနိုင်ရန် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ကြေညာ ခဲ့ကာ သမိုင်းတစ်လျှောက် ပမာဏ အကြီးမားဆုံးသော ဆန္ဒပြပွဲ ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဗင်နီဇွဲလား နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ ၏ ယာယီ သမ္မတ အဖြစ် ကြေညာချက် အပေါ် အမေရိကန် နှင့် လက်တင်အမေရိကန် နိုင်ငံ များ က ထောက်ခံအားပေးမှုများ ပြုလုပ်ခဲ့ကြောင်း ၊ လက်ရှိ ဗင်နီဇွဲလား နိုင်ငံ သမ္မတ ရာထူး မှ နှုတ်ထွက်ပေးရန် အတွက် လတ်တလောရက်ပိုင်းအတွင်း အမေရိကန် နိုင်ငံ က ဖိအားပေး ဆောင်ရွက်မှုများ အဆက်မပြတ် ဆောင်ရွက်ခဲ့ပြီး ကဏ္ဍ အသီးသီး တွင် ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့်လည်း လတ်တလောရက် ပိုင်း တွင် ဗင်နီဇွဲလား နိုင်ငံ အပေါ် စစ်ရေး ဆောင်ရွက်မှု ပြုလုပ်ခြင်း အား ဆောင်ရွက်ရန် နည်းလမ်း တစ်ခု အဖြစ် ထားရှိကြောင်း ထုတ်ပြန်ခဲ့သည် ဟု သိရှိရသည်။

ဗင်နီဇွဲလား နိုင်ငံ သမ္မတ အနေဖြင့် အမေရိကန် နိုင်ငံ ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီများ က ဗင်နီဇွဲလား နိုင်ငံ အပေါ် အရှက်ရစေသော ဆောင်ရွက်မှု တစ်ခု ဖြစ်သည့် အပြင် စစ်ရေး ဆောင်ရွက်မှု ပြုလုပ်ရန် အတွက် ပြင်ဆင်မှု တစ်ခု သာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.