Connect with us

Latin America

ဗင်နီဇွဲလား ဘောလုံး အသင်း နည်းပြသစ် ဖြစ်လာရန် မာရာဒိုနာ ရေပန်းစားနေ 

အာဂျင်တီးနား ဂန္တဝင် ဘောလုံးသမား မာရာဒိုနာအား တွေ့ရစဉ်(ဆင်ဟွာ)

ဗျူနိုအေးရိစ် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) 

အာဂျင်တီးနား ဂန္တဝင် ဘောလုံးသမား မာရာဒိုနာသည် ဗင်နီဇွဲလား နိုင်ငံ အမျိုးသား ဘောလုံး အသင်း နည်းပြ ချုပ် ရာဖေးလ် ဒူဒါမယ်လ် နေရာတွင် အစားထိုးရန် ရေပန်းစားလျက် ရှိကြောင်း သိရသည်။

ရာဖေးလ်သည် ဘရာဇီး နိုင်ငံ Atletico Mineiro ဘောလုံး အသင်းအား တာဝန်ယူရန် ပြီးခဲ့သည့် အပတ်က ရာထူးမှ နုတ်ထွက်သွားခဲ့ပြီးနောက် ဗင်နီဇွဲလား ဘောလုံး အဖွဲ့ချုပ်(FVF) က အသက် ၅၉ နှစ် အရွယ်ရှိ အာဂျင်တီးနား ဂန္တဝင် ဘောလုံးသမား မာရာဒိုနာကို နည်းပြသစ် ခန့်အပ်ရန် ပစ်မှတ် ထားခဲ့ခြင်း ဖြစ်ကြောင်း portal Ole အာဂျင်တီးနား သတင်း မီဒီယာ၏ ဖော်ပြမှု အရ သိရသည်။

၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ အာဂျင်တီးနား အသင်း ဗိုလ်စွဲရန် တစ်ကိုယ်တော် အစွမ်း ပြခဲ့သူ မာရာဒိုနာသည် လက်ရှိတွင် အာဂျင်တီးနား ပထမတန်း ကလပ် အသင်း တစ်ခု ဖြစ်သော Gimnasia အသင်း၏ မန်နေဂျာ အဖြစ် လုပ်ကိုင်နေပြီး ၎င်း၏ စာချုပ် သက်တမ်းမှာ မေလ အထိ ကျန်ရှိနေသေးကြောင်း သိရသည်။

ယခုနှစ် အသင်း လေ့ကျင့်ရေး အစီအစဉ်သို့ လာရောက်ရန် ပျက်ကွက်နေခြင်းမှာ မာရာဒိုနာ အနေဖြင့် Gimnasia အသင်းမှ ထွက်ခွာနိုင်ဖွယ် အလားအလာ တစ်ခု ဖြစ်နေကြောင်း အာဂျင်တီးနား သတင်း မီဒီယာများက ဆိုသည်။မတ်လတွင် စတင်မည့် ၂၀၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၏ တောင်အမေရိကဇုန် ပွဲစဉ်များ မစတင်မီ ဗင်နီဇွဲလား ဘောလုံး အဖွဲ့ချုပ်သည် မာရာဒိုနာအား နည်းပြချုပ်အသစ် အဖြစ် ခန့်အပ်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.