Connect with us

Latin America

ဟွန်ဒူးရပ်စ်အကျဉ်းထောင်၌ ဖြစ်ပွားသော ရန်ပွဲအတွင်း ၁၈ ဦးသေဆုံး

ပဋိပက္ခဖြစ်ပွားသော ဟွန်ဒူးရပ်စ်နိုင်ငံ အကျဉ်းထောင်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ်(ဓာတ်ပုံ-အင်တာနက်)

တက်ဂူစီဂလ်ပါ ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ)

ဟွန်ဒူးရပ်စ်နိုင်ငံ အလယ်ပိုင်းရှိ အကျဉ်းထောင်တစ်ခု၌ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သော ထောင်သားများအကြား ရန်ပွဲတစ်ခုအတွင်း အကျဉ်းသား ၁၈ ဦး အသတ်ခံရကြောင်း အာဏာပိုင်များက ဆိုသည်။

အဆိုပါ ရန်ပွဲသည် ပြီးခဲ့သော နှစ်ရက်လောက်ကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ပဋိပက္ခအတွင်း အနည်းဆုံး ထောင်သား ၁၈ ဦးသေဆုံးပြီး အခြား ၁၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)