Connect with us

Latin America

ဘရာဇီးတွင် ထောင်ဖောက်မှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၂၀ဦးသေဆုံး

ဘရာဇီးနိုင်ငံ တွင် ယခင်က ဖြစ်ပွားခဲ့သည့် ထောင်ဆူပူမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေရိုး၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ မြောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခု၌ ဧပြီ ၁၁ရက်တွင် အကျဉ်းသားများက ထောင်ဖောက်ရန် ကြိုးပမ်းခဲ့ကြပြီးနောက် အနည်းဆုံး လူ ၂၀ဦး အသတ်ခံရကြောင်း တာဝန်ရှိသူ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံ ပါရာပြည်နယ် မြို့တော် ဘီလန် မြို့ မြောက်ပိုင်း ဆန်တာအစ်ဇဘယ် အကျဉ်းထောင် တစ်ခု၌ ဒေသစံတော်ချိန် နေ့လည် ၁နာရီ တွင် လက်နက်ကိုင်အုပ်စု တစ်စု သည် အကျဉ်းထောင်အား တိုက်ခိုက်ခဲ့ပြီး အကျဉ်းသားတစ်ချို့ လွတ်မြောက်စေရန် ကြိုးပမ်းခဲ့ကြောင်း ပြည်သူ့လုံခြုံရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

သေဆုံးသူ ၁၉ဦးသည် အကျဉ်းသားများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ၎င်းတို့လွတ်မြောက်စေရန် အပြင်ဘက်မှ လက်နက်ကိုင်များက ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း အကျဉ်းထောင်အစောင့်တစ်ဦး သေဆုံးခဲ့ပြီး အခြား အစောင့် ၄ဦး ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ပါရာပြည်နယ် ပြည်သူ့လုံခြုံရေးတာဝန်ရှိသူများကပြောကြားခဲ့သည်။

ပါရာပြည်နယ် ပြည်သူ့လုံခြုံရေး နှင့် လူမှုကာကွယ်ရေး အတွင်းရေးမှူး ၏ ပြောကြားချက်အရ အကျဉ်းသားအုပ်စု တစ်စုသည် လုံခြုံရေးအစောင့် ၆ဦးကို ပြန်ပေးဆွဲပြီး ထောင်ဆူမှုဖြစ်ပွားစေခဲ့ကာ တစ်ချိန်တည်းမှာပင် အပြင်ဘက်ရှိ ၎င်းတို့၏ အပေါင်းအပါများက ဂိတ်ပေါက်တစ်ခုကို ဖောက်ခွဲရေးပစ္စည်းများဖြင့် ဖျက်ဆီးပြီးနောက် အစောင့်များအား ပစ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.