Connect with us

Latin America

ရီယိုတွင် ဒုစရိုက်အဖွဲ့တစ်ခု ဖြိုခွဲရာတွင် လူ ၄ ဦးသေဆုံး၊ ၁၄၂ ဦး ဖမ်းဆီးရမိ

ဘရာဇီးနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေးရိုး၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ဧပြီလ ၇ ရက်က ဒုစရိုက်အဖွဲ့တစ်ခုအား ဖြိုခွင်းခဲ့ရာ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ၁၄၂ ဦး ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးမှုသည် ရီယိုမြို့ အနောက်ပိုင်း ဆန်တာခရုစ်ရပ်ကွက်ရှိ လက်နက်ကိုင်အဖွဲ့နှင့် ဖွဲ့စည်းထားသော ပြစ်မှုကျူးလွန်သူ အဖွဲ့များအား ဖြိုခွှင်းရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယင်းမြို့၏ အကြီးဆုံး လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဖြစ်ဟန်တူသော Wellington da Silva Braga တက်ရောက်သော ပါတီပွဲတွင် ရဲတပ်ဖွဲ့က အလစ်ငိုက်ဝင်ဖမ်းခဲ့ခြင်း ဖြစ်သည်။ Braga က လွတ်မြောက်ရန် ကြိုးစားစဉ် ၎င်း၏ ကိုယ်ရံတော် လေးဦး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က လက်ပစ်ဗုံးများ၊ ကျည်ကာအင်္ကျီများနှင့် ခိုးယူထားသော ကားများအား ဖမ်းဆီမိခဲ့ကြောင်း သိရသည်။အဆိုပါ ပြစ်မှုကျူးလွန်သူအဖွဲ့များသည် ရဲတပ်ဝင်ဟောင်းများ၊ စစ်တပ် တပ်ဖွဲ့ဝင်ဟောင်းများ သို့မဟုတ် ယာယီ လုံခြုံရေးတပ်သားဟောင်းများဖြင့် ဖွဲ့စည်းထားပြီး ပြည်တွင်း စီးပွားရေးသမားများထံမှ ခြောက်လှန့်ငွေတောင်းယူမှုများ ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ (Xinhua)