Latin America
ဘရာဇီးနိုင်ငံတွင် အတိုင်းအတာ ကြီးမားစွာ COVID-19 ကာကွယ်ဆေးထိုးနှံခဲ့ခြင်းကြောင့် ရောဂါဖြင့် နေ့စဉ် ထပ်မံသေးဆုံးရသူဦးရေ ကျဆင်းလား
ဆော်ပိုလို ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ၏ အဓိက သတင်းမီဒီယာက နိုင်ငံအတွင်းရှိ ပြည်နယ်အသီးသီး မှ ကျန်းမာရေးဌာနများ၏ ထုတ်ပြန်ချက်အရကို ကိုးကား၍ ဇူလိုင် ၃ ရက်အချိန်ထိ တစ်ပတ်အတွင်း ဘရာဇီးနိုင်ငံ၌ နေ့စဉ် ပျှမ်းမျှ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူမှာ လွန်ခဲ့သည့် နှစ်ပတ်အချိန်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းကျဆင်းလာခဲ့ပြီး ယင်းမှာ ကပ်ရောဂါကူးစက်မှု ကျဆင်းလာသည့် အလားအလာကို ဖော်ပြနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ပညာရှင်များက ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေး အတိုင်းအတာကြီးမာစွာ ထိုးနှံမှုဆောင်ရွက်ခြင်းသည် လတ်တလောရက်ပိုင်းအတွင်း ရောဂါကြောင့် ထပ်မံသေဆုံးရသူ ကျဆင်းလာသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း ယူဆကြသည်။
စာရင်းပြုစုချက်အရ ယခုလ ဇူလိုင် ၃ ရက်အထိ လွန်ခဲ့သည့် တစ်ပတ်အတွင်း ဘရာဇီးနိုင်ငံတွင် နေ့စဉ် ပျှမ်းမျှ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူမှာ ၅၀,၉၀၅ ဦးရှိပြီး လွန်ခဲ့သည့် နှစ်ပတ်အချိန်နှင့် နှိုင်းယှဉ်ပါက ၂၉ ရာခိုင်နှုန်းကျဆင်းလာခဲ့ကြောင်း ၊ နေ့စဉ်ပျှမ်းမျှ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၁,၅၅၄ ဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပတ်အချိန်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းကျဆင်းလာခဲ့ကြောင်း သိရှိရသည်။ ဘရာဇီးနိုင်ငံ အဓိကသတင်းမီဒီယာ၏ တွက်ချက်မှုအရ နေ့စဉ်မျှမ်းမျှ ကူးစက်မှုသည် လွန်ခဲ့သော နှစ်ပတ်အချိန်နှင့် နှိုင်းယှဉ်ပါက လျော့ကျမှု ၁၅ ရာခိုင်နှုန်းအထက်ရှိပြီး ကပ်ရောဂါအခြေအနေသည် ပြန်လည်ကောင်းမွန်လာသည်ဟု ယူဆနိုင်ကြောင်း သိရသည်။
ထို့ပြင် စာရင်းပြုစုချက်အရ ဇူလိုင် ၃ ရက် ၂၀ နာရီအထိ ဘရာဇီးနိုင်ငံ တစ်နိုင်ငံလုံးတွင် လူပေါင်း ၇၆,၁၇၅,၃၀၃ ဦးသည် COVID-19 ရောဂါ ကာကွယ်ဆေး ပထမတစ်ကြိမ် ထိုးနှံမှု ခံယူပြီးဖြစ်ကာ စုစုပေါင်း လူဦးရေ၏ ၃၅.၉၇ ရာခိုင်နှုန်းဖြစ်ကြောင်း ၊ လူပေါင်း ၂၇,၀၁၁,၃၉၅ ဦးမှာ ကာကွယ်ဆေးနှစ်ကြိမ် သို့မဟုတ် တစ်ကြိမ်တည်းသာ ထိုးနှံရန် လိုအပ်သည့် ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ရာ စုစုပေါင်း လူဦးရေ၏ ၁၂.၇၆ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။
ပညာရှင်များက COVID-19 ရောဂါ ကာကွယ်ဆေး အတိုင်းအတာကြီးမာစွာ ထိုးနှံပေးခြင်းကြောင့် ဘရာဇီးနိုင်ငံတွင် လတ်တလောရက်ပိုင်းအတွင်း ရောဂါကြောင့် ထပ်မံသေဆုံးသူဦးရေ ကျဆင်းလာသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း ယူဆခဲ့ကြသည်။ ဘရာဇီးနိုင်ငံ Oswaldo Cruz ဖောင်ဒေးရှင်း သုတေသီ၊ ကူးစက်ရောဂါဗေဒပညာရှင် Julio Croda က ရောဂါကြောင့် သေဆုံးမှုကျဆင်းလာရသည့် အဓိကအကြောင်းရင်းမှာ သက်ကြီးရွယ်အိုအများစုသည် ကာကွယ်ဆေးထိုးနှံမှုဆောင်ရွက်ပြီးစီးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၊ ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံသည့် အတိုင်းအတာ ပိုမိုတိုးချဲ့လာသည်နှင့်အမျှ ရောဂါကြောင့် ထပ်မံသေဆုံးသူဦးရေမှာ ပိုမိုကျဆင်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပညာရှင်းများက ရောဂါကြောင့် ထပ်မံသေးဆုံးသူဦးရေကျဆင်းလာခြင်းအား COVID-19 ကပ်ရောဂါ ထိန်းချုပ်နိုင်ပြီဟူ၍ ယူဆ၍ မရနိုင်ကြောင်း ၊ အဘယ်ကြောင့်ဆိုသော အသက်အရွယ်အားလုံးတွင် ရောဂါကြောင့် ထပ်မံသေဆုံးသူဦးရေ ကျဆင်းလာ၍ မဟုတ်သောကြောင့်ဖြစ်ကြောင်း ၊ ထို့ကြောင့် ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းအား တွန်းအားပေးဆောင်ရွက်ရမည့်အပြင် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်မှုကိုလည်း ဆက်လက်၍ ထိန်းသိမ်းသွားသင့်ကြောင်း ထောက်ပြခဲ့ကြသည်။ (Xinhua)
#Brazil #COVID-19 #Vaccine #xinhua #myanmar #xinhuamyanmar #ဘရာဇီး #ကိုဗစ်-၁၉ #ကာကွယ်ဆေး
————————————————
(Chinese Version)
(国际疫情)新冠疫苗大规模接种 巴西平均每日新增死亡数下降
新华社圣保罗7月3日电(记者宫若涵)巴西主流媒体根据各州卫生厅公布的数据联合统计得出,在截至本月3日的一周里,巴西平均每日新增新冠死亡病例数比两周前的数据下降了25%,这意味着疫情呈下降趋势。专家认为,新冠疫苗大规模接种是近来新增死亡病例数下降的主要原因。
数据显示,在截至本月3日的一周里,巴西平均每日新增确诊病例50905例,比两周前的数据下降了29%;平均每日新增死亡病例1554例,比两周前的数据下降了25%。根据巴西主流媒体采取的计算方法,当平均日增指标与两周前数据相比下降超过15%时,意味着疫情出现下降趋势。
数据还显示,截至3日20时,巴西全国已有76175303人接种了第一剂新冠疫苗,占总人口的35.97%;27011395人完成了两剂疫苗的接种,或接种了只需注射一剂的新冠疫苗,这些全面接种者占总人口的12.76%。
专家认为,新冠疫苗大规模接种是近来新增死亡病例数下降的主要原因。巴西奥斯瓦尔多•克鲁斯基金会研究员、传染病学家儒利奥•克罗达说,新增死亡病例数下降的主要原因是大多数老年人都完成了疫苗接种,随着疫苗接种覆盖面的扩大,新增死亡病例数会进一步下降。
专家指出,新增死亡病例数的下降并不意味着新冠疫情得到了控制,因为并非所有年龄段的新增死亡病例数都已开始下降,所以除了推进疫苗接种工作外,还应将社交隔离措施维持下去。(完)
Photo
1. 6月8日,两名女子在巴西圣保罗街头交谈。新华社发(拉赫尔•帕特拉索摄)
2. 1月28日,市民戴口罩在巴西圣保罗乘坐地铁。新华社发(拉赫尔•帕特拉索摄)
3. 1月28日,市民戴口罩走在巴西圣保罗的一个地铁站内。新华社发(拉赫尔•帕特拉索摄)