Latin America
ဘရာဇီးနိုင်ငံ၌ ယာဉ်မတော်တဆမှုဖြစ်ပွား ၂ဝ ဦးသေ

ဆာအိုပေါ်လို ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ပါရာနာမြို့အဝေးပြေးလမ်းပေါ်၌ အောက်တိုဘာလ ၃၁ ရက်က ယာဉ်မတော်တဆမှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂ဝ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြသည်။
Cafezal do Sol အဝေးပြေးလမ်း အမှတ် PR-၃၂၃ တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး နှင့် ထရပ်ကားတစ်စီးတို့ခေါင်းချင်းဆိုင် တိုက်မိခဲ့ရာ လူ ၁၉ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
အခင်းဖြစ်နေရာတွင် ဒဏ်ရာရခဲ့သော အမျိုးသမီးငယ်တစ်ဦးအား ဆေးရုံသို့ပို့ဆောင်ပေးစဉ် လမ်းခရီး၌ သေဆုံးသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။
အခင်းဖြစ် ဘတ်စ်ကားတွင် ခရီးသည် ၃ဝ ဦးလိုက်ပါ လာကြောင်း နှင့် ဒဏ်ရာရရှိထားသူအချို့အား ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းများက ဆိုသည်။(Xinhua)