Latin America
မက္ကဆီကို ထောင်တွင်းဆူပူမှု သေဆုံးသူ ၄ဦးရှိလာ

မက္ကဆီကို စီးတီး၊ မတ် ၃၀ (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း Nuevo Leon ပြည်နယ် ရှိ Cadereyta အကျဉ်းထောင်တွင် မတ်လ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့သည့် ထောင်တွင်းဆူပူမှုများကြောင့် သေဆုံးသူဦးရေသည် ၄ဦးအထိမြင့်တက်လာပြီး အခြားလူ ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရ က မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထုတ်ပြန်ချက်၌ Nuevo Leon ပြည်နယ် ရှေ့နေချုပ် က အကျဉ်းသား ၅၆ဦးသည် အကျဉ်းထောင် အဆောက်အအုံအား မီးတင်ရှို့ကာ ဆေးပေးခန်းအား ဝင်လုယက်မှုဖြစ်ပွားပြီးနောက် အဆောက်အအုံ၂ခုအတွင်း ရုပ်အလောင်း ၂လောင်းကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
မီးလောင်နေသည့် အကျဉ်းထောင်အတွင်းသို့ မတ်လ ၂၈ ရက် ညနေ ၆း၀၀နာရီ တွင် အရေးပေါ်ဝန်ထမ်းများဝင်ရောက်လာပြီး အကျဉ်းသား ၂၁ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မက္ကဆီကိုနိုင်ငံလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ Aldo Fasci ၏ ကနဦးပြောကြားချက်အရ အကျဉ်းသား ၂ဦးသေဆုံးပြီး ၁၃ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သို့သော် ထုတ်ပြန်ချက်အသစ်၌ အကျဉ်းသားတစ်ဦးဖြစ်သော Rangel Sarabia သည် ဆေးပေးခန်းမှ ခိုးယူလာသည့် ဆေးပစ္စည်းများကို အလွန်အကျွံသုံးစွဲခဲ့၍ သေဆုံးခဲ့ပုံရပြီး အခြားသူများမှာ မီးလောင်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၂၉ ရက်နေ့သည် အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုဖြစ်ပွားသည့် နှစ်ရက်မြောက်နေ့ဖြစ်ပြီး အကျဉ်းထောင်အတွင်း လုံခြုံရေးအရ တားမြစ်ချက်အသစ်များ ထုတ်ပြန်ခဲ့သည်ကို မကျေနပ်၍ အကျဉ်းသား ၆၀၀ခန့်က မတ်လ ၂၇ရက်နေ့က အဆောက်အအုံများအား မီးရှို့ရာမှ ဆူပူမှုစတင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)