Connect with us

Latin America

မက္ကဆီကို မူးယစ် ရာဇာ အယ်လ် ချာပို ဂတ်ဇ်မန်းကို အမေရိကန်သို့ လွှဲပြောင်းပေးခဲ့

မူးယစ်ခေါင်းဆောင် အယ်ချာပိုအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်က ဖမ်းဆီးခေါ်ဆောင်လာစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

မူးယစ်ရာဇာ အယ်လ်ချာပ်ု ခေါ် Joaquin Guzman Loera ကို အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း မက္ကဆီကို အစိုးရက ဇန်နဝါရီလ ၁၉ ရက်၌ ကြေညာလိုက်သည်။

၂၀၁၆ ခုနှစ် မေလက မက္ကဆီကိုနိုင်ငံရှိ ပြစ်မှုဆိုင်ရာ တရားရုံးတစ်ခုမှ ဂတ်ဇ်မန်း၏ နေထိုင်ခွင့်အား ပယ်ချလိုက်ပြီးနောက် ယခုလို ပြစ်မှု ကျူးလွန်ရာ နိုင်ငံသို့ ပြန်လည် လွှဲပြောင်းရခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ကြေညာချက်တွင် ပြောကြားထားသည်။

ကမ္ဘာ့ အကြီးဆုံး မူးယစ် ဂိုဏ်းခေါင်းဆောင် အယ်လ်ချာပို ဂတ်ဇ်မန်းသည် မက္ကဆီကို နိုင်ငံ၏ လုံခြုံရေး အထူး တင်းကျပ်စွာချထားသည့် “Plateau” ဖယ်ဒရယ် အကျဉ်းထောင်မှ မြေအောက် လိုဏ်ခေါင်းတူးကာ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ဒုတိယအကြိမ် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ထို့နောက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် မက္ကဆီကို ရဲတပ်ဖွဲ့များ ပူးပေါင်းကာ စီးနင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ပြန်လည် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်နိုင်ငံက ၎င်းအား လွှဲပြောင်းပေးရန် မက္ကဆီကို အစိုးရထံ တောင်းဆိုထားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.