Connect with us

Latin America

အမေရိကန် သမ္မတက ရွေးကောက်ပွဲ ဆိုက်ဘာ တိုက်ခိုက်မှုများအား အပြည့်အဝ ပြန်လည် ဆန်းစစ်ရန် ညွှန်ကြား

Montenegro ၏ လမ်းမဘေးတွင် ရုရှား သမ္မတ ဗလာဒီမာ ပူတင်နှင့် ရွေးကောက်ခံ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်တို့ ပါဝင်သည့် ဘေလ်ဘုတ်အား တွေ့ရစဉ် (ဆင်ဟွာ/ရိုက်တာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ် အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲအတွင်း ဆိုက်ဘာ တိုက်ခိုက်မှုများ ရှိမရှိ အပြည့်အဝ ပြန်လည် ဆန်းစစ်ရန်အတွက် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက ညွှန်ကြားခဲ့ကြောင်း အိမ်ဖြူတော် အရာရှိ တစ်ဦးက ဒီဇင်ဘာလ ၉ ရက်က ပြောကြားလိုက်သည်။

သို့သော်လည်း ရှာဖွေတွေ့ရှိချက်ကို လူထုအား ချပြမည် မဟုတ်ကြောင်း၊ ထောက်လှမ်းရေး၏ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အိမ်ဖြူတော် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပြည်တွင်း လုံခြုံရေး အဆင့်မြင့် အကြံပေး တစ်ဦး ဖြစ်သူ လီဆာ မိုနာကို (Lisa Monaco) က ပြောကြားခဲ့သည်။

“ကျွန်မတို့ လုပ်ဆောင်နေတဲ့ သတင်းရင်းမြစ်တွေနဲ့ နည်းလမ်းတွေကို မထုတ်ဖော်မိရေးအတွက် ကျွန်မတို့ အလွန် အရေးထား လုပ်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ အနေဖြင့် ဒီမိုကရက်တစ် အမျိုးသား ကော်မတီနှင့် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန် စည်းရုံးရေး လှုံ့ဆော်ပွဲများ၌ နောက်ကွယ်က ဟက်ကာများဖြင့် ဝင်ရောက် ထိုးဖောက်နှောင့်ယှက်မှုများ ရှိခဲ့ပြီး အမေရိကန် ရွေးကောက်ပွဲအား နှောင့်ယှက်ရန် ကြိုးပမ်းခဲ့ကြောင်း အိမ်ဖြူတော်က အောက်တိုဘာလက စွပ်စွဲခဲ့သည်။

ယင်းသို့ စွပ်စွဲချက်များအား ရုရှား အစိုးရကသာ ငြင်းပယ်ထားခြင်းမဟုတ်ဘဲ လက်ရှိ ရွေးကောက်ခံထားရသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကပါ ငြင်းပယ်ထားကြောင်း၊ ယခုလို စွပ်စွဲချက်များ၏ နောက်ကွယ်၌ နိုင်ငံရေး စေ့ဆော်မှုများ ပါဝင်နေကြောင်း ပြန်လည် စောဒက တက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.