Latin America
အမေရိကန် သမ္မတ ရွေးကောက်ပွဲ အနိုင်ရလာသည့် ဒေါ်နယ်ထရမ့်

နယူးယောက်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
ရီပက်ဘလစ်ကန်ပါတီမှ ဒေါ်နယ် ထရမ့်သည် ၎င်း၏ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီမှ ဟီလာရီ ကလင်တန်အား နိုဝင်ဘာလ ၉ ရက် အစောပိုင်းက ၄၅ ကြိမ်မြောက် အမေရိကန် သမ္မတ ရွေးကောက်ပွဲ၌ ပွတ်ကာသီကာ အနိုင်ရရှိလာခဲ့သည်။
ရုပ်သံဋ္ဌာနများမှ တိုက်ရိုက် တင်ဆက်မှုအရ ထရမ့်သည် Electoral Vote ၅၃၈ နယ်ရှိသည့်အနက် သမ္မတဖြစ်ရန် လိုအပ်သည့် မဲ ၂၇၀ ကျော်လွန်ကာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။
၎င်း၏ ပြိုင်ဘက် သမ္မတဟောင်း ကတော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်ကလည်း ထရမ့် ရွေးကောက်ပွဲ အနိုင်ရရှိသည့်အတွက် တယ်လီဖုန်းဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း မီဒီယာများက ဖော်ပြထားသည်။
ဒေါ်နယ်ထရမ့်သည် အရေးပါသည့် ပြည်နယ်များ ဖြစ်သည့် ဖလော်ရီဒါ၊ အိုဟိုင်းအိုးနှင့် မြောက်ကယ်ရိုလိုင်းနား စသည်တို့ အနိုင်ရရှိခဲ့ပြီး ယခင်က ဒီမိုကရက်တစ်များ၏ ပြည်နယ်များ ဖြစ်သည့် Pennsylvania နှင့် Wisconsin ပြည်နယ်များ၌ပင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ (Xinhua)